ကိုယ်ပိုင်လုပ်ငန်းလေးတွေ တိုးတတ်အောင်မြင်လာစေမယ့် နည်းလမ်းများ - Bees Media Myanmar

Startup တဲ့ဗျာ။ လုပ်ငန်းစတင်လုပ်ကိုင်သူများပေါ့။ အသေးစားလုပ်ငန်းလုပ်ကိုင်သူများပေါ့။ ဘာပဲဖြစ်ဖြစ် လုပ်ငန်းတစ်ခုစတင်တဲ့အချိန်မှာ ရုန်းကန်ကြိုးစားနိုင်မှ တန်ရုံကျတာပါ။ လုပ်ငန်းသစ်စတင်ခြင်းဆိုတဲ့ စကားလုံးဟာ တစ်ချို့သူတွေ နားထဲမှာ အသစ်ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ အိုင်ဒီယာတစ်ခု အရင်းပြုပြီး စွန့်ဦးတီထွင်မှု အပြည့်နဲ့မောင်းနှင်ရတဲ့ စီးပွားရေး မော်ဒယ်ဖြစ်ပြီး Startup တွေကနေမှ ဒေါ်လာဘီလျံတန်တဲ့ Unicorn တွေ ဖြစ်လာတာပါ။

Startup စီးပွားရေးမော်ဒယ်ဟာ သမရိုးကျ စီးပွားရေးပုံစံတွေနဲ့ကွာခြားသလို ကနဦး ရပ်တည်အောင်မြင်ဖို့လည်း ခက်ပါတယ်။ လေ့လာမှုတစ်ခုအရ Startups အားလုံးရဲ့ ၅၀% ဟာ ၅ နှစ်အတွင်း ယိုင်လဲသွားတတ်ကြတယ်လို့ဆိုပါတယ်။ Startup တစ်ခု ကျဆုံးရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိသလို အောင်မြင်စေမယ့် နည်းလမ်းကောင်းတွေလည်း ရှိနေပါသေးတယ်။

တိုင်ပင်ဖော် တိုင်ပင်ဖက်ရှိပါစေ

တိုင်ပတ်တဲ့အချိန်မှာ တိုင်ပင်ဖော် တိုင်ပင်ဖက်ရှိနေဖို့ အရေးကြီးပါတယ်။ ဒါမှလည်း တစ်ခုခုဆို နှစ်ယောက်အားနဲ့ အခက်ခဲတွေကို ရုန်းကန်ဖြေရှင်းရင်း အောင်မြင်မှုတွေဆီ အတူလျှောက်လှမ်းနိုင်မှာပါ။ လေ့လာမှုတွေအရလည်း Founder နှစ်ယောက်နဲ့လည်ပတ်တဲ့ Startup တစ်ခုဟာ သိသိသာသာ အောင်မြင်မှု ရကြတယ်လို့ဆိုပါတယ်။

Co-founder ထားရှိခြင်းကြောင့် startup တစ်ခု ဟန်ချက်ညီ လည်ပတ်နိုင်သလို အပြည့်အဝ ရင်းနှီးမြှပ်နှံဖို့အတွက်လည်း အခြေအနေပိုကောင်းလာစေပါတယ်။ အခက်အခဲတွေကို အတူဖြေရှင်းနိုင်သလို တစ်ယောက်ကို တစ်ယောက်လည်း Motivate လုပ်နိုင်တာကြောင့် လုပ်ငန်းအောင်မြင်ဖို့အခြေအနေ ပိုများလာပါတယ်။

ကိုယ့် brand ကိုလူသိအောင် လုပ်ပါ

လုပ်ငန်းတစ်ခုမှာ Branding လုပ်ခြင်းနဲ့ Marketing ဆင်းခြင်းဟာ အသက်သွေးကြောပါ။ Startup တစ်ခု Survive ဖြစ်ဖို့အတွက်ဆိုရင် Branding နဲ့ Marketing မဖြစ်မနေ လုပ်ပေးဖို့လိုပါတယ်။ မိမိ brand ကို လူသိအောင် မကြာခဏ ကြော်ငြာပေးတာမျိုး၊ ပိုက်ဆံနည်းနည်းနဲ့ လူများများသိအောင် အွန်လိုင်းနဲ့ လူသုံးများတဲ့ Social Media တွေမှာ Branding လုပ်ရသလို အပြင်မှာလည်း ပွဲတွေ ၊ ကမ်ပိန်းတွေလုပ်ပြီး လူသတိထားမိအောင် ပြုလုပ်ပေးရမှာပါ။

အရေးပါလာတဲ့ Website ၊ app များ

ဖုန်းတွေက ရွေ့ပြောင်းနိုင်တဲ့ စီးပွားရေးရုံးခန်းတစ်ခုဖြစ်နေတယ်ဆိုတာ သိပြီးပြီလား။ ဒါကတစ်ကယ်ကို လက်တွေ့ကျကျသုံးသပ်ထားခြင်းပါ။ ဟုတ်ပါတယ်။ တစ်နေ့ကို ဖုန်းသုံးတဲ့အချိန်တွေက မမများပြားပြီး နေ့စဉ်လူနေမှုဘဝကို လွှမ်းမိုးလာတာကို တွေ့မြင်ကြမှာပါ။ လူတိုင်း ဖုန်းကိုင်တဲ့ ခေတ်မှာ ကိုယ့်ရဲ့ စီးပွားရေးကို ဖုန်းတွေထဲ ရုံးပြောင်းထားလိုက်တဲ့အခါ သင့်လုပ်ငန်းကို လူတွေပိုပြီးသတိထားမိလာစေတယ်။

ဒီအတွက် ကိုယ့်လုပ်ငန်းရဲ့ ဝက်ဘ်ဆိုက်နဲ့ အက်ပလီကေးရှင်း ကောင်းကောင်းတည်ဆောက်ထားဖို့လည်းလိုပါတယ်။ ဒီ app / website ကနေတဆင့် ကိုယ့်ရဲ့ ဖောက်သည်ဖြစ်လာမယ့် clients တွေနဲ့ရင်းနှီးမြှပ်နှံသူတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။

Image မကျအောင် ကြိုးစားပါ

စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ဟာ နည်းနည်းအောင်မြင်လာတာနဲ့ အောက်ခြေလွတ်ပြီး ကျေးဇူးများခဲ့တဲ့ client တွေကို ညစ်ပတ်ချင်တတ်ပါတယ်။ ဒါဟာ သင့်ကိုယ်သင်ပြန်လည်ကျရှုံးဖို့ ပြုလုပ်နေမိတယ်ဆိုတာ သတိထားရမှာပါ။ ကတိအတိုင်း ဝန်ဆောင်မှုပေးတာ ၊ ဖောက်သည်တွေကို ညစ်ပတ်ခြင်း မရှိဘဲ Client တွေ စိတ်ကျေနပ်စေတဲ့ Services တွေ ပေးတာမျိုးသာ အမြဲတမ်းကြိုးစားလုပ်ရမှာပါ။ startup တစ်ခုဟာ အိုင်ဒီယာမှာစတင်ပြီး တကယ့်ပုံရိပ်ကောင်းတွေ ဆန်းသစ်တဲ့ ဝန်ဆောင်မှုတွေနဲ့သွားနေမှ ရေရှည်အောင်မြင်ဖို့ အခွင့်အလမ်းတွေဖြစ်လာပါလိမ့်မယ်။

Admin N

Leave a Comment