ကိုးနှစ်တာကြာပြီးမှ အမေရိကန်ရဲ့ အာကာသအတွင်းသို့ ပြန်လည်လွှတ်တင်နိုင်တဲ့ Falcon 9 ရဲ့ စိတ်ဝင်စားဖွယ်ရာအကြောင်းများ - Bees Media Myanmar

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း အင်အားကြီးနိုင်ငံကြီးတစ်နိုင်ငံ ဖြစ်ယုံသာမက အာကာသလေ့လာရာမှာလည်း လကမ္ဘာမှာ ပထမဆုံးလူသားတွေခြေချနိုင်ခဲ့တဲဲ့ နိုင်ငံဖြစ်ပါတယ်။ သို့သော်လည်း အမေရိကန် အနေနဲ့ အာကာသကို ကိုယ်ပိုင် အာကာသယာဉ် မလွှတ်နိုင်တာ ကိုးနှစ် ကြာခဲ့ပြီ။

ယခင်က ရုရှားကို တယောက်ကို ၉၀ မီလီယံ ပေးပြီး အာကာသထဲ ပို့ခဲ့ရပါတယ် ဒါပေမယ့် ယခုအခါမှာတော့ falcon 9 နဲ့ အမေရိကန် အာကာသယာဉ်မှူး ၂ ဉီးကို အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ အမေရိကန်ရဲ့ အောင်မြင်မှု ဖြစ်သလို ဒီ ခရီးစဉ်မှာ ထူးခြားမှုတွေ များစွာရှိပါတယ်။

ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ် လည်း ဖြစ်တယ်။ နည်းပညာ အသစ်များစွာကို အသုံးပြုထားပါတယ် ယာဉ်မောင်းခန်းမှာဆိုရင် Touch Pad တွေနဲ့ ထိန်းချုပ်နိုင်ပြီး အထူးခြားဆုံးကတော့ ဒီfalcon 9ဟာ အခါခါပြန်သုံးနိုင်မယ့် ဒုံးပျံ ဖြစ်ပါတယ်။

လွှတ်တင်ချိန်မှာ ရာသီဥတုကြောင့် ခေတ္တ‌ရွှေ့ဆိုင်းခဲ့ရပေမယ့် အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပါတယ်။ ယခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ အာကာသယာဉ်စခန်းကိုရော၊ ကမ္ဘာကိုရောသာမက အာကာသတစ်ခွင်ကို သွားလာနေပြီး စူးဆန်းလေ့လာနေပါပြီ။ တကယ်ဆိုရင် ဒီအောင်မြင်မှုဟာ အမေရိကန်များအတွက်သာမက လူသားများအတွက်ပါ ဂုဏ်ယူရမယ့်အရာ ဖြစ်ပါတယ်။

Leave a Comment