“ကြည့်ရှုသူ သိန်းချီသွားပြီဖြစ်တဲ့ ဝိုင်းဆုကိုရည်ရွယ်ပြီး ရေးသားထားတဲ့ အလွမ်းသည် သီချင်းကို သီဆိုနေတဲ့ အောင်လရဲ့ ဗီဒီယိုဖိုင်” - Bees Media Myanmar

အဆိုတော် အောင်လ ဟာဆိုရင် သူ့ရဲ့ကောင်းလွန်း လှတဲ့အသံပါဝါနဲ့ သီဆိုထားတဲ့ သီချင်းလေးတွေကြောင့် ပရိသတ်တွေအားပေးချစ်ခင်ရတဲ့ အဆိုတော် တစ်ဦးပဲ ဖြစ်ပါတယ်။ အောင်လ က ချစ်သူ ဝိုင်းစုခိုင်သိန်းနဲ့အတူ အနုပညာအလုပ်တွေကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။လက်ရှိမှတော့ ချစ်သူဝိုင်းစုကိုရည်ရွယ်ပြီး ရေးသားထားတဲ့ အလွမ်းသည် သီချင်းကို သီဆိုနေတဲ့ အောင်လရဲ့ ဗီဒီယိုဖိုင်လေးကတော့ ကြည့်ရှုသူ သိန်းချီသွားပြီလည်းဖြစ်ပါတယ်။

ကိုယ်ပိုင်ခံစားချက်အပြည့်နဲ့ သီချင်းတွေကို ရေးသားပြီး ကိုယ်တိုင်သီဆိုလေ့ရှိသူတစ်ယောက်ဖြစ်သလို ချစ်သူဖြစ်သူ ဝိုင်းစုခိုင်သိန်းအတွက်လည်း ပရိသတ်ရင်ကို ထိစေမယ့် သီချင်းတွေကို ရေးပေးလေ့ရှိသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဝိုင်းစုခိုင်သိန်းရဲ့ မကြာခင်ထွက်ရှိတော့မယ့် “နွားကျောင်းသူ”ဆိုတဲ့ သီချင်းအခွေလေးမှာလည်း အောင်လက “နွားကျောင်းသူ”ဆိုတဲ့ သီချင်းလေးကို ခံစားချက်အပြည့်နဲ့ ရေးပေးထားတာဖြစ်ပါတယ်။

အောင်လတို့ ချစ်သူနှစ်ဦးကတော့ ရှေ့သွားနောက်လိုက်ညီညီနဲ့ ပရိသတ်တွေအတွက် သီချင်းတွေကို ဖန်တီးပေးနေတာဖြစ်ပါတယ်။ပရိသတ်ကြီးအတွက် အောင်လရဲ့ ချစ်သူဝိုင်းစုကိုရည်ရွယ်ပြီး ရေးသားထားတဲ့ အလွမ်းသည် သီချင်းကို သီဆိုနေတဲ့ ဗီဒီယိုဖိုင်ကို မျှဝေပေးလိုက်ပါတယ်။

Leave a Comment