ငရုပ်သီးမှရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများ - Bees Media Myanmar

မြန်မာတွေရဲ့ မိသားစုထမင်းဝိုင်းမှာ မပါမဖြစ်က ငရုပ်သီးစပ်စပ်နဲ့ ဖျော်ထားတဲ့ ငါးပိရည်ချက်လေးပါပဲ။ ရခိုင်ချက်ဆို မျက်ရည်မျက်ခွက်နဲ့ကို ဆွဲလို့ကောင်းတာ။ ဒါပေမယ့် တစ်ချို့လူတွေအတွက်တော့
ငရုတ်သီးစိမ်းဆိုတာနဲ့ တစ်ရှူးရှူး မျက်ရည်တရွှဲရွှဲ ဖြစ်စေမယ့်အစားအစာလို့သာ မြင်ကြပါလိမ့်မယ်။ ဒါပေမယ့်လည်းကြိုက်နှစ်သက်သူ အဖို့တော့ ခံတွင်းမြိန်စေတာပေါ့။ အမှန်တကယ်ဆို ငရုတ်သီးစိမ်းဟာ ရေဓာတ်ပါဝင်ပြီး Cholesterol ကင်းတဲ့ အတွက် ကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။

ဗီတာမင်ဓာတ်တွေကြွယ်ဝစွာပါဝင်တယ်

ငရုတ်သီးစိမ်းထဲမှာ ဗီတာမင် C ၊ ဗီတာမင် B6 ၊ ဗီတာမင် A ၊ ပိုတက်စီယမ်၊ သံဓာတ်၊ ကော့ပါး တို့အပြင် ပရိုတင်းနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ် အနည်းငယ်ပါဝင်ပါတယ်။ လူအများ ငရုပ်သီးစားကြတဲ့အခါ ပူစပ်ရခြင်းမှာလည်း Capsaicin လို့ခေါ်တဲ့ အပူ၊အစပ် အရသာဖြစ်ပေါ်စေတဲ့ ဓာတ်တစ်မျိုး ပါဝင်တာကြောင့်ပါ။ ဒါပေမယ့်လည်း စပ်တာလေးကိုမှ စွဲလန်းမိသူများအတွက်တော့ ထမင်းစားချိန်တိုင်း မပါမဖြစ် သူပါမှ ထမင်းမြိန်နေဆဲပါပဲ။

အသားအရေ ကိုပိုလှစေတယ်

ငရုတ်သီးစိမ်းဟာ Vitamin C ကြွယ်ဝတဲ့အတွက် ဟင်းလျာထဲမှာဖြစ်စေ အစိမ်းလိုက်ဖြစ်စေ ထည့်ပြီးစားသုံးခြင်းအားဖြင့် အသားအရေကို ကျန်းမာစေပြီး ဝင်းပစေပါတယ်။ ငရုတ်သီးစိမ်းစားသုံးခြင်းက အစာချေအဖွဲ့အစည်းအတွက် အထောက်အကူပြုတယ်ဆိုတာကိုလည်း လူသိနည်းပါတယ်။ ငရုပ်သီးအစပ်မစားတဲ့သူတွေအနေနဲ့လည်း အသုပ်တွေထဲမှာဖြစ်ဖြစ်၊ ငါးပိချက်လေးကောင်းကောင်းလေးထဲမှာဖြစ်ဖြစ် နှစ်သက်သလိုလေး ထည့်သွင်းစားသုံးပေးနိုင်ပါတယ်နော်။

အစာခြေစနစ်ကို အထောက်ကူပြုနိုင်တယ်

အစာလည်းဆေး ဆေးလည်းအစာဆိုတာ တစ်ကယ်မှန်ပါတယ်။ ဈေးကွက်မှာ အလွယ်ရနေတဲ့ ထုပ်ပိုးမှုလှလှလေးမြင်ရင် သွားရေယိုတတ်တဲ့ မြန်မာလူမျိုးတစ်ချို့အတွက်တော့ သဘာဝရဲ့ ကျန်းမာရေးလက်ဆောင်တွေနဲ့ ဝေးကွာနေဆဲပါပဲ။ ငရုပ်သီးမှာ ဗီတာမင် C ကြွယ်ဝနေခြင်းအတွက် အစာခြေစနစ်ရဲ့ လုပ်ဆောင်ချက်ကို ကူညီပံပိုးပေးတယ်။ နေ့စဉ်ဟင်းထဲမှာ ပုံမှန်ထည့်ချက်ပေးခြင်းဖြင့် ဝါးစားတဲ့အခါ တံတွေးထုတ်လုပ်နိုင်စေတဲ့ မည့်သည့်အစားအစာမဆို အစာချေစနစ်ကို ပံ့ပိုးပေးပါတယ်။

ကိုယ်အလေးချိန် လျော့ချစေတယ်

ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ ပိုလျှံတဲ့ အဆီတွေကို ဖယ်ရှာပေးတဲ့နေရာမှာ ကောင်းကောင်းကြီးအသုံးတည့်တယ်ဆိုတာ သင်သိပါသလား။ နေ့စဉ်ငရုပ်သီးစိမ်းပုံမှန်စားသုံးပေးခြင်းကြောင့် ခန္ဓာကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင်းပေးနိုင်ပြီး ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အပံပေးပါတယ်။ ဒါကလည်း သိသူကျော်သွား မသိသူဖော်စားဆိုသလို တစ်ချို့တွေက ငရုပ်သီးစားခြင်းအပေါ် ကျန်းမာရေးဆိုးကျိုးတစ်ခုအနေနဲ့ ရမ်းသန်းမှတ်ယူထားကြလို့ပါပဲ။

ဆီးချိုရောဂါအတွက် ဆေးတစ်လက်

ဆီးချိုရောဂါရှင်တွေရဲ့ နေ့စဉ်စားသုံးမှုစနစ်မှာ ငရုတ်သီးစိမ်းဖြည့်စားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငရုတ်သီးစိမ်းဟာ ခန္ဓာကိုယ်ရှိ အချိုဓာတ်ကို ထိန်းညှိပေးတာကြောင့်ပါပဲ။ ဒါကြောင့် ငရုပ်သီးစိမ်းစားကျေမဟုတ်လို့ မကြိုက်ခဲ့ရင်တောင် နေ့စဉ်နည်းနည်း နည်းနည်းစီ ဟင်းလျာတွေနဲ့ အသုပ်စုံတွေထဲမှာ ထည့်သွင်းစားသုံးပေးသွားသင့်ပါကြောင်း လေ့လာမိသမျှ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Admin N

Leave a Comment