"စိတ်ဖိစည်းမှုကို အမြန်ဆုံးသက်သာစေမယ့် လှုပ်ရှားမှုများ" - Bees Media Myanmar

ကုန်ဈေးနှုန်းတွေ၊ မီတာခတွေမြင့်တက်လာမှုတွေနဲ့အတူ လူဦးရေတိုးပွားမှုတွေ အလုပ်အကိုင်ကြပ်တည်းမှုတွေကနေ မြစ်ဖျားခံလာတာကတော့ စိတ်ဖိစည်းမှုတွေပါပဲ။ ဒါတွေဟာ လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းရဲ့ ယဉ်ကျေးမှုဒဏ်ရာဒဏ်ချက်လို့ပြောလို့ရပေမယ့် စိတ်ကျန်းမာမှ လူကျန်းမာမှာပါ။ ဒါကြောင့် ဒီဖိအားဒဏ်တွေ ခံစားနေရရှာတဲ့ စိတ်လေးကို ကျန်းမာအောင်ထားနိုင်မယ့် နည်းလမ်းလေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

ပြေးကြမယ်ဟေ့

စိတ်ဖိစီးမှုအရမ်းများလာတဲ့အချိန်မျိုးမှာ အမြန်ဆုံးစိတ်ဖိစီးမှုလျော့ကျစေမယ့်နည်းလမ်းကတော့ ပြင်းပြင်းထန်ထန်ပြေးလွားလိုက်ခြင်းပါပဲ။ ပြေးစရာနေရာကောင်းကောင်းမရှိရင်တောင်မှ လှေကားထစ်တွေကို ခပ်မြန်မြန်ပြေးတက်ပြေးဆင်းတာမျိုး လုပ်ပေးနိုင်ပါတယ်။ အကောင်းဆုံးကတော့ မနက်စောစောမှာ လေကောင်းလေသန့်ရရှိပြီး ယာဉ်သွားလာမှုနည်းပါးတဲ့ ပန်းခြံလိုနေရာတွေ ကန်ဘောင်လိုနေရာတွေမှာ အပြေးလေ့ကျင့်ခန်းလုပ်တာပိုသင့်တော်ပါတယ်။ ဒါကြောင့် စိတ်ဖိစည်းမှုရှိလာတိုင်း ပြေးပါ။

လက်ဝှေ့ပလေးကြမယ်

လက်ဝှေ့ဆိုတာ ကျန်းမာကြံ့ခိုင်မှုဆိုတာထက် ပိုတယ်ဆိုတာ သင်သိရဲ့လား။ မြန်မာ့ရိုးရာလက်ဝှေ့တွေဟာ စိတ်ဖိစီးမှုလျော့ကျစေတဲ့ အားကစားနည်းတွေထဲမှာ ပါဝင်လို့ မြန်မာလူမျိုးမှန်ရင် ရိုးရာလက်ဝှေ့တွေကို ထိန်းသိမ်းပြန့်ပွားအောင် ကြိုးစားအားထုတ်သင့်ပါတယ်။ ဟုတ်ပါတယ် လက်ဝှေ့ ကစားတဲ့အခါ ခန္ဓကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန်လှုပ်ရှားရတာဖြစ်ပြီး ချွေးထွက်များစေတာကြောင့် ခန္ဓာကိုယ်ကအဆီပိုတွေကိုပါ လောင်ကျွမ်းစေမှာဖြစ်ပါတယ်။ တစ်နေ့ကို တစ်နာရီခန့်လက်ဝှေ့ကစားမယ်ဆိုရင် သိသိသာသာ တစ်နေ့တာ စိတ်ဖိစီးမှုတွေလျော့ကျလာတာကိုခံစားရမှာပါ။

တင်းနစ်လည်းကစားပေး

နိုင်ငံတစ်ကာနဲ့ယှဉ်တဲ့ အားကစားနည်းတွေထဲမှာ တင်းနစ်ကစားနည်းလည်း တစ်ခုအပါအဝင်ဆိုတာ အားလုံးသိကြမှာပါ။ ဒါပေမယ့် ဒီအားကစားနည်းက လူသိများရုံသာမက စိတ်ပင်ပန်းမှုတွေ၊ ညစ်ညူးမှုတွေကို ဖြေလျော့ပေးနိုင်တဲ့ အားကစားနည်းတစ်ခုလည်းဖြစ်တယ်ဆိုတာတော့ လူသိနည်းနေသေးပါတယ်။

တင်းနစ်ကစားတဲ့အခါ တင်းနစ်ဘောလုံးကို လက်မောင်းအားတွေကိုအသုံးပြုပြီး အားကုန်ရိုက်ထုတ်ရပါတယ်။ ဒါကြောင့်လက်မောင်းကြွက်သားတွေကို အဓိကအထောက်အကူဖြစ်စေပြီး တင်းနစ်ကွင်းထဲမှာရှေ့နောက်ဘယ်ညာ လိုအပ်လိုအပ်သလိုပြေးလွားပြီး ရိုက်ရတဲ့အတွက် သက်လုံကောင်းစေကာ အမောလည်းခံနိုင်လာမှာဖြစ်ပါတယ်။

ရေလေးလည်းကူး

ရေကူးအားကစားနည်းဟာ စိတ်ဖိစီးမှုကိုလျော့ကျစေတဲ့ လှုပ်ရှားမှုတွေထဲမှာ တစ်ခုအပါအဝင်ပါ။ ရေကူးခြင်းဟာ ခန္ဓာကိုယ်ကအကျောအချဉ်တွေကိုပြေလျော့စေတာကြောင့် စိတ်ဖိစီးမှုအရမ်းများနေတဲ့အချိန်ရေကူးလိုက်မယ်ဆိုရင် သိသိသာသာ စိတ်ဖိစီးမှုလျော့ကျသွားစေမှာဖြစ်ပြီး စိတ်လက်ပေါ့ပါးလန်းဆန်းသွားစေမှာဖြစ်ပါတယ်။

ဒါ့အပြင် ဝိတ်လည်းကျစေနိုင်တာကြောင့် ချွေးသံချွဲချွဲ အားကစားနည်းတွေနဲ့ ဝိတ်မချချင်သူတွေအတွက်တော့ အကြိုက်တွေ့စေမယ့် အားကစားနည်းတစ်မျိုးပါပဲ။ နောက်ထပ်လူသိများတဲ့ အကျိုးရလာဒ်ကတော့ ရေပုံမှန်ကူးပေးရင် အရပ်ရှည်လာစေပါတယ်နော်။ ကဲ ပုပုလေးတို့ ရေကူးစို့နော်။

Admin N

Leave a Comment