တန်ခွန်ကျော် နဲ့ မမီးတို့ ကြားက ကောလဟာလကို ဖြေရှင်းလိုက်တဲ့ မိုင်းမိုင်ဆန် - Bees Media Myanmar

ပရိသတ်ကြီးရေ ၊ အခုတစ်ခေါက် အိုင်ဒေါမန်နေဂျာ နဲ့ ပတ်သက်ပြီး ပြဿ နာရှိခဲ့တာကြောင့် နှုတ်ဆက်ထွက်ခွာခဲ့ရတယ်ဆိုတဲ့ ကောလဟာလ ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာလည်း ဖြစ်ပါတယ် ။

မိုင်းမိုင်ဆန် ရဲ့ လူမှုကွန်ရက်မှာ “အဓိပ္ပါယ်မရှိ ပရမ်းပတာတေပါဟယ် ဟောက်ဖို့နေနေသာသာ မမီးက အစဟိုး သန့်ရှင်းရေးအထိ ဖူးဖူးမှုတ်ထားလို့ အနေရပါ ကြပ်ပါတယ်..ဗိုလ် လို သူဌေးလိုနေခဲ့ရတာပါ…
ပြိုင်ပွဲဝင်တိုင်း မိသားစုအိမ်မှာနေရသလိုကိုနေရတာပါ..တချို့ဆို မိသားစုတောင်မပေးနိုင်တဲ့ ဖြည့်ဆည်းမှုတွေ ဂရုစိုက်မှုတွေနဲ့နေခဲ့ရတာပါ…ကျနော်တို့လိုမျိုးပေါ့မန်နေဂျာ တွေဟုတ်လား??
ဟောက်ဖို့ဟိုးးဝေးးတစ်နှစ်ထက်တစ်အချစ်တွေပို ချစ်ပြလို့တောင် အဟောင်းတွေက စိတ်ကောက်ရတဲ့အထိပါ…ထမင်းမခွံ့ကျွေးရုံတစ်မယ်..ချီးမကုံးပေးရုံတစ်မယ်ဘဲကျန်ပါတော့တယ်…
လိုက်ဖာပြီးပြောတယ် မထင်နဲ့လိုက်ဖာရအောင်လည်း ဘာရစားစရာ ဘာမက်စရာမှ မရှိဘူး… ကိုယ့်လမ်းကိုယ်လျှောက်နေ ရုန်းကန်နေကြရတာဘဲ…ကိုယ်တွေ ကြုံခဲ့တာကို ကြုံခဲ့တဲ့အတိုင်းပြောပြတာ…ပြိုင်ပွဲမှ ထွက်ရခြင်းမထွက်ရခြင်း က Voting ကလွဲပြီး ဘာ ပုဂ္ဂိုလ်ရေး ;ဘာရေးညာရေးနဲ့မှမဆိုင်ပါဘူး…” ဆိုပြီးရေးသားထားတာကိုတွေ့ရပါတယ်။

အခုလို ဖြေရှင်းလိုက်တဲ့အတွက် ၊ ပရိသတ်တွေကလည်း စိတ်သက်သာရာရနေကြတာပါ ။ ကဲ မိုင်းမိုင်းဆိုင် ရဲ့ ဖြေရှင်းမှုလေးတွေအတွက် မှတ်ချက်လေးတွေ ပေးခဲ့ကြပါဦး ။
Source – Mai Mai Seng

Leave a Comment