"တန်ဖိုးကြီး Brands တွေ မဝတ်လည်း စတိုင်ကျလန်းနေစေဖို့" - Bees Media Myanmar

ဖက်ရှင်ဆိုတာကတော့ လူတစ်ယောက်ရဲ့ အမှတ်အသားပဲ ဖြစ်ပါတယ်။အလန်းစား ဖက်ရှင်တွေ ဖြစ်အောင်ဆိုပြီး နာမည်ကြီး တံဆိပ်တွေ၊ တန်ဖိုးကြီး အဝတ်တွေဝတ်မှ မဟုတ်ပါဘူး။ကိုယ်နဲ့ လိုက်ဖက်တဲ့ဒီဇိုင်းမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ပဲ အရေးကြီးတာပါ။

ကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်ရွေးချယ်ပါ

ကိုယ်နဲ့ ဘယ်အရောင်တွေက လိုက်တယ်။ ကိုယ့်အသားအရေက ညိုတာလား။ ဖြူတာလား။ ဝါတာလား ဆိုတာကို သေချာသိထားပါ။အသားဖြူတဲ့သူတွေအတွက်ကတော့ အရောင်တောက်တာမျိုးက လိုက်ဖက်မှုရှိပြီး အသားညိုတဲ့သူတွေ အတွက်ကတော့ အရာင်လွင်လွင်လေးတွေက လိုက်ဖက်ပါတယ်။ ကိုယ်နဲ့ လိုက်ဖက်တဲ့အရောင်မျိုး ဝတ်ဆင်တာကတော့ ဘာပဲဝတ်ဝတ် ကြည့်ကောင်းနေစေမှာ ဖြစ်ပါတယ်။

ကြေမွနေတဲ့ အဝတ်အစားမျိုးကိုရှောင်ပါ

အကျီက ကိုယ်နဲ့ ဘယ်လောက်ပဲ ကွက်တိကျပြီး လိုက်ဖက်နေပါစေ။မီးပူမထိုးထားဘဲ ကြေမွ နေမယ်ဆိုရင်တော့ ဘယ်လိုမှအလန်းစား ဖက်ရှင်ကို ဖြစ်ပေါ်စေနိုင်မှာ မဟုတ်ပါဘူး။ဒီတော့ မီးပူတိုက်ရမှာ ပျင်းတဲ့ကွီးတို့ လန်းချင်တယ် ဆိုရင်တော့ မီပူမတိုက်လည်း မကြေတဲ့ အသားမျိုးကိုဝယ်တည်းက ရွေးဝယ်လိုက်ပါ။ ဒါဆိုအပြင်သွားခါနီးက ကောက်ဝတ်လိုက်မယ်ဆိုရင်တောင် စတိုင်တွေက မိုက်နေမှာပါ။

အပေါ်နဲ့ အောက် လိုက်ဖက်နေပါစေ

မိန်းမတွေ အဖို့ကတော့ အပေါ်အောက် ဆင်တူဖြစ်အောင် တမင်အရောင်ရွေးချယ် ဝတ်စားတတ်ပေမယ့် ကွီးတို့ အဖို့ တစ်ခုသတိပြုရမှာကတော့ အပေါ်နဲ့အောက် လုံးဝဆင်တူလို့ မဖြစ်ဘူး ဆိုတာကိုပါ။ အပေါ်က အပြာရောင်ဝတ်တယ် ဆိုရင်တော့ အောက်က ဘောင်းဘီကို အပြာရောင် ဝတ်တာမျိုးရှောင်ပါ။

ပြီးတော့ ဒီဇိုင်း။ အပေါ်က ပြောင်ဆို အောက်က အကွက် အကြား၊ အပေါ်လည်းပြောင် အောက်လည်းပြောင် ဆိုပြီးဝတ်လို့ရပေမယ့် သေချာပေါက် သတိပြုရမှာက အပေါ်ရော အောက်ရော အကွက်အကြား၊ အစက်အပြောက်ပါတာမျိုး မဖြစ်အောင်ပါပဲ။အလိုက်ဖက်ဆုံး ဖြစ်ဖို့ အတွက်ဆိုရင် အပေါ်နဲ့ အောက်ကို ပြောင်နဲ့ အကွက်၊ အကြား၊ အစင်း ဆိုတာမျိုး ရွေးချယ် ဝတ်ဆင်ပါ။

အလန်းစား ဖက်ရှင်တွေ ဖြစ်အောင် ဆိုပြီး နာမည်ကြီး တံဆိပ်တွေ၊ တန်ဖိုးကြီး အဝတ်တွေ ဝတ်မှ မဟုတ်ပါဘူး။ ကိုယ်နဲ့ လိုက်ဖက်တဲ့ဒီဇိုင်းမျိုးကို ရွေးချယ် ဝတ်ဆင်တတ်ဖို့ပဲ အရေးကြီးတာပါခင်ဗျာ။

Admin N

Leave a Comment