ထီပေါက်ခဲ့ရင် သိန်း ၅ ထောင်လောက်ကို လှူဒါန်းချင်တယ်ဆိုတဲ့ ဖြိုးမြတ်အောင် - Bees Media Myanmar

မြန်မာအိုင်ဒေါလ်ပြိုင်ပွဲကနေတဆင့် အောင်မြင်လာပြီး ပရိသတ်အခိုင်အမာ ရရှိလာတဲ့အဆိုတော် ဖြိုးမြတ်အောင်ကတော့ လက်ရှိချိန်မှာဆိုရင် အောင်မြင်တဲ့ အဆိုတော်တယောက် ဖြစ်နေပြီး သူ့အနေနဲ့ အလှူအတန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဧရာဝတီတိုင်းမှာ ထီတွေ လတိုင်းပေါက်နေတာကြောင့် ဟင်္သာတမှာ ထီပြန်ထိုးမယ်လို့ ပြောကြားခဲ့ပြီး ရလာတဲ့ ငွေတွေကိုလည်း ဘယ်လိုနေရာတွေမှာ လှူဒါန်းချင်တယ်ဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

ဧရာဝတီတိုင်းတွေကပဲ ထီတွေပေါက်နေတော့ ပြန်ပြီးထီမထိုးချင်ဘူးလားဆိုတဲ့ မေးခွန်းကိုတော့ ဖြိုးမြတ်အောင်က “ကျနော်ကတော့ ထီထိုးတာကို ဝါသနာပါလှတယ်တော့ မဟုတ်ပါဘူး။ ကိုယ့်စိတ်ထဲမှာ စိတ်ကူးရရင်တော့ သွားထိုးဖြစ်တယ်။ ဒီလတော့ ဟင်္သာတမှာ ထီထိုးမယ်ဗျာ။ ပျော်တာပေါ့။ ကျနော်တို့ ဒေသမှာ ထီဆုကြီးတွေမလာတာ နှစ်ပေါင်းမှ မနည်းတော့တာ။ ငယ်ငယ်တုန်းကဆို အမေက ပြောတယ်။ ထီထိုးရင် ရန်ကုန်တို့ဘာတို့မှာ သွားထိုးကြမယ်။ ငါတို့ ဧရာဝတီတိုင်းက ထီဆုကြီးတွေ မလာဘူးပေါ့။ အခုလိုကျတော့လည်း ဝမ်းသာတာပေါ့။ လတိုင်းအဲ့လိုပေါက်နေတော့လည်း ဝမ်းသာတယ်။ ပြီးတော့ ပေါက်သွားတဲ့သူတွေကလည်း တကယ်လိုအပ်တဲ့သူတွေပဲဆိုတော့ အတိုင်းမသိဝမ်းသာပါတယ်”

“ဟင်္သာတကိုတော့ ထီကို ပြန်ထိုးမှာပါ။ ပေါက်ရင်တော့ စိတ်ကူးထားတာတွေ ရှိပါတယ်။ ကျနော် ဆရာတော့ဆီမှာ ကျောင်းတွေ အကြီးကြီးဆောက်မယ်။ ဆရာတော့်အတွက် ဘဏ်ထဲကို သိန်း ၅ ထောင်လောက်ထည့်ထားပေးချင်တယ်။ ဒါဆို ဆရာတော်လည်း စိတ်မပူရတော့ဘူးပေါ့နော်။ အဲ့လိုလှူချင်တာတော့ ရှိပါတယ်။ တခြားဘာလုပ်ချင်တာရှိလဲဆိုတော့ ကျတော် ဘုရားတဆူတည်ဖို့ ရှိပါတယ်။ လောလောဆယ်တော့ ပေါ်မလာသေးဘူးပေါ့။ အဟောင်းတွေကို ပြင်ဖို့သဘောကျတယ်။ လောလောဆယ်တော့ လာမပြောကြသေးပါဘူး။ ဒါပေမယ့်လည်း ကိုယ့်ဘာကိုယ် အိမ်မက်ရတဲ့အခါမှာ သွားတာများပါတယ်။

ရန်ကုန်မှာနေရတာကတော့ အသားကျလာပါပြီ။ ဘာအခက်ခဲရှိလည်းဆိုတော့ ကျနော်တို့ နယ်မှာ နေသလို သွားချင်တိုင်းသွားလို့မရဘူး။ ကျနော်တို့ဆီမှာတော့ စက်ဘီးနဲ့ပဲဖြစ်ဖြစ် ဆိုင်ကယ်နဲ့ပဲ ဖြစ်ဖြစ်သွားလိုက်လို့ရတာပေါ့။ ပြီးတော့ အချိန်တွေ နောက်ကျတာပေါ့နော်။ ၉ နာရီသွားရမယ့်အချိန်ဆို ရ နာရီလောက်ကတည်းက သွားရတာမျိုးတွေ ရှိတာပေါ့နော်။ အရင်တုန်းကဆို ရန်ကုန်လာတုန်းက တိုက်အောက်ကို မဆင်းရဲဲဘူး။ စက်လှေကားတွေ စီးတဲ့အချိန်မှာလည်း ရယ်စရာအကောင်းဆုံးပဲ။ အဲ့အသံကြီးကြားလိုက်တော့ ခုန်လိုက်တာ။ အဲ့လိုရယ်စရာလေးတွေတော့ ရှိတယ်” ဆိုပြီးတော့ ပြောကြားသွား ခဲ့ပါတယ်။

#A

Leave a Comment