ဒိတ်ဒိတ်ကြဲစူပါမော်ဒယ်လ်အောန်ဆိုင်းရဲ့ရင်ထဲက WINNERအဖြစ်သတ်မှတ်ခံလိုက်ရတဲ့ ဒီးဒီး - Bees Media Myanmar

ပရိသတ်တွေဝက်ဝက်ကွဲအားပေးတဲ့ မော်ဒယ်လ်ပြိုင်ပွဲကတော့ ပြီးဆုံးသွားခဲ့ပါပြီ။အဲ့ဒါကတော့ The Model Academy ပြိုင်ပွဲကြီးဖစ်ပြီး တကယ့်ကို ခမ်းခမ်းနားနားကျင်းပခဲ့တာပါ။Grand Fianl ဟာ ဒိတ်ဒိတ်ကြဲ နှစ်ယောက်ရဲ့အားပြိုင်မှုဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားမှုကို အရှိန်မြင့်စေခဲ့ပါတယ်။

Challenge winnerအဖြစ်နဲ့ဆုတွေရထားတဲ့ ဒီးကိုပရိသတ်တာ်တော်များများက အနိုင်ရစေချင်ပေမဲ့ ဆုနဲ့လွဲချော်ပြီး 1st Runner up နဲ့သာကျေနပ်ခဲ့ရတာပါ။မော်ဒယ်လ်လောကမှာနာမည်ရနေတဲ့ ဒိတ်ဒိတ်ကြဲစူပါမော်ဒယ်လ်တစ်ယောက်ဖြစ်တဲ့ အောန်ဆိုင်းကတော့ ပြိုင်ပွဲကျင်းပပြီးသိပ်မကြာခင်မှာပဲ ဒီးကို အားပေးတဲ့ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ “You are the winner too Dee” လို့ရေးပြီး ဒီးကိုနမ်းနေတဲ့ပုံလေးကိုတင်ထားခဲ့ပါတယ်။ဆုမရပေမဲ့လည်း ဒီးကတော့ ပရိသတ်တွေရင်ထဲက winner ဖြစ်ခဲ့ပါပြီ။မော်ဒယ်လ်လောကမှာတောက်ပလာမဲ့ ကြယ်ပွင့်လေးတစ်ပွင့်ဖြစ်ပါစေ ဒီးရေ…

Leave a Comment