နိုင်ငံခြားမင်းသားအလား သန့်ပြန့်နေတဲ့ ပိုင်တံခွန် - Bees Media Myanmar

နိုင်ငံကျော်မင်းသားချော ပိုင်တံခွန်က ယောကျာ်းပီသတဲ့ ခန္ဒာကိုယ်နဲ့ ညိုမောင်းတဲ့ အသားအရည်ကြောင့် မိန်းကလေးတွေရဲ့ စိတ်ကူးထဲက မင်းသားလေး တစ်ပါး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က ပြည်တွင်းမှာသာမက အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာပါ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိနေပြီး အောင်မြင်မှုတွေများစွာ ဆွတ်ခူးရရှိနေတာ ဖြစ်ပါတယ်။ ပိုင်တံခွန်က လက်ရှိမှာလည်း ပရိသတ်တွေအတွက် အနုပညာလုပ်ငန်းတွေကို လုပ်ဆောင်နေလျက် ရှိပါတယ်။

ပိုင်တံခွန်က ပြီးခဲ့တဲ့ နိုဝင်ဘာလ (၁၈) ရက်နေ့က မန္တလေးမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ STYLIST Jiejie Showmei ဆိုင်ဖွင့်ပွဲ အခမ်းအနားကို အရမ်းလန်းတဲ့ အနက်ရောင်ဖက်ရှင်လေးနဲ့ တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

ပိုင်တံခွန်ကတော့ မိန်းကလေးတွေ မကြွေပဲမနေနိုင်အောင်ကို အရမ်းလန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ပိုင်တံခွန်ရဲ့ အမိုက်စား ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်နော်။

#A

Leave a Comment