ပုရိသတို့ ရွေးချယ်သင့်တဲ့ အလန်းစား T-Shirt ဒီဇိုင်းများ - Bees Media Myanmar

အမျိုးသားတို့ရဲ့ အဝတ်ဘီဒိုတွေမှာ အများဆုံးနေရာယူထားတာက ဘာဖြစ်မလဲ။သေချာတာပေါ့ ဘယ်သွားသွားကောက်စွပ်လိုက်လို့ရတဲ့ T-Shirt တွေပါပဲ။ ထသွားထလာကနေ လုပ်ငန်းခွင်ထိ ပေါ့ပေါ့ပါးပါး ဝတ်လို့ရတဲ့ T-Shirt တွေကတော့ အမျိုးသားတွေရဲ့ လက်စွဲဖြစ်နေတာမဆန်းပါဘူး။ ဒါပေမယ့် ဒီ T-Shirt တွေကိုမှ ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်အောင် ဖက်ရှင်ကျအောင် ရွေးချယ်တတ်ဖို့လဲ လိုသေးတာပေါ့။

Fitting ကျတဲ့ T-Shirt

ပေါ့ပေါ့ပါးပါးနေချင်လို့ T-Shirt ဝတ်ပါတယ်ဆိုမှ ကျပ်တာဝတ်စရာလိုလို့လားဆိုရင် လိုပါတယ်။ T-shirt ဝတ်ဆင်ရာမှာ အရမ်းမကျပ်ရင်တောင် အရမ်းပွတာမျိုးကတော့ သင့်ရဲ့ခန္ဓာကိုယ်အလှကို ဖုံးကွယ်စေနိုင်ပါတယ်။ ကိုယ်နဲ့အနေတော်ဖြစ်ပြီး တင်ပါးအပေါ်နားထိရှည်တဲ့ t-shirt မျိုးက အကောင်းဆုံးပါပဲ။

အသားရောင်အလိုက် ရွေးချယ်မှု

T- Shirt အရောင်ပါတာ ဝတ်တော့မယ်ဆို မိမိအသားရေနဲ့ လိုက်ဖက်မှုရှိမရှိအရင်ဆန်းစစ်သင့်ပါတယ်။ သင့်အသားရေနဲ့လိုက်အောင်သာ ရွေးချယ်တတ်မယ်ဆိုစမတ်ကျပြီး ဆန်းသစ်တဲ့အသွင်ဆောင်စေမှာပါ။ အသားဖြူသူတွေအတွက် မှောင်ပြီးစိုတာ၊ညိုသူတွေအတွက် တောက်တဲ့ကာလာနဲ့ အလယ်လတ်အသားရေအတွက်ဆိုရင်တော့ အညိုနဲ့လိမ္မော်ကလွဲပြီးကြိုက်ရာ ရွေးချယ်နိုင်ပါတယ်။

လည်ပင်းပေါက်ပုံစံ

သင့်ရဲ့ခန္ဓာကိုယ်အချိုးစားကိုသာမက မျက်နှာကျကိုပါ ပိုပြီးသိသာပြေပြစ်စေဖို့ အဓိကထားရွေးချယ်သင့်တာကတော့ လည်ပင်းပေါက်ပုံစံပါ။ ခပ်ပြည့်ပြည့်မျက်နှာနဲ့ အရပ်ပုတဲ့ပုရိသတို့အတွက်ဆို V ပုံစံရွေးချယ်ရင် လည်တိုင်ပိုရှည်စေပြီး မျက်နှာကိုသွယ်သယောင်ဖြစ်စေပါတယ်။ ရင်အုပ်သေးပြီး ပုခုံးလျောတဲ့သူတွေအတွက်ဆိုရင်တော့ လည်ပင်းအဝိုင်းကအထူးသင့်တော်ပါတယ်။

ကြားရောင်များရွေးချယ်မှု

ကြားရောင်ဆိုတာကတော့ အောက်ကဘယ်လိုဘောင်းဘီမျိုးနဲ့မဆို တွဲဝတ်နိုင်တဲ့ အရောင်တွေကိုပြောတာပါ။ အသားရေအမျိုးမျိုးနဲ့လိုက်ဖက်တဲ့ အနက်၊အဖြူ ၊မီးခိုးနဲ့ နက်ပြာတွေလိုဖြစ်ပါတယ်။ ဒီအရောင်ပြောင် t-shirtတွေကတော့ timeless fashion လိုပါပဲ။ နေရာဒေသမရွေး အချိန်ကာလမရွေးဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

Admin N

Leave a Comment