ဗိုလ်ချုပ်ပုံပါ ၅၀၀ကျပ်တန်တွေ ထုတ်ဝေပြီဗိုလ်ချုပ်အောင်ဆန်းပုံပါ ၅၀၀ ကျပ်တန်ငွေစက္ကူအသစ်ကို ယနေ့နံနက်က စတင်ထုတ်ဝေရာ ရန်ကုန်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ် ငွေစုဘဏ်ခွဲ(၃)၌ လူတစ်ဦးလျှင် နှစ်ရွက်နှုန်းဖြင့် ဇူလိုင်၂၁ရက်နေ့မှစတင်ကာလဲလှယ်ပေးနေကြောင်းသိရသည်။

ဗိုလ်ချုပ်ရုပ်ပုံပါ ၅၀၀ ကျပ်တန် ငွေစက္ကူအရွယ်မှာ အလျား ၁၅၀ မီလီမီတာ၊ အနံ ၇၀ မီလီမီ တာရှိသည်။ ငွေစက္ကူသည် ပေါ် လွင်သော နီညိုရောင်ရှိပြီး အပေါ် ဘက်တွင် မြန်မာနိုင်ငံတော်ဗဟို ဘဏ်စာတန်းကို ရိုက်နှိပ်ထားသည်။ ၅၀၀ ကျပ်တန်၏ မျက်နှာ ပြင်တွင် ဗိုလ်ချုပ်ပုံရိုက်နှိပ်ထားမည်ဖြစ်သည်။