ဘယ်တော့မှရိုးမသွားတဲ့ မြန်မာ့ရိုးရာ သွားရည်စာများ - Bees Media Myanmar

မြန်မာတို့အဖို့ ထမင်းဟင်းကဲ့သို့ မူလထား၍ စားသောက်ကြသော အစားအစာမျိုး မဟုတ်ဘဲ၊ အဆာပြေ အငြီးပြေ စားကြသော သွားရည်စာဟု ခေါ်သည့် မုန့်အမျိုး အမည်တို့ကား များပြားလှသည်။ မြန်မာတို့သည် မုန့်ပဲသွားရည်စာတို့ကို အငြီးပြေ၊ အဆာပြေသာမက သြင်္ကန်၊ ဝါဝင် ဝါထွက် စသော အခါကြီးရက်ကြီးများ၌လည်း ကောင်းနိုးရာရာ မုန့်တို့ကို လုပ်ကိုင်ပြီးလျှင် ရဟန်းသံဃာတို့နှင့် ဆွေမျိုးမိတ် သင်္ဂဟတို့အား ဖိတ်၍ ကျွေးမွေးခြင်း၊ အိမ်များသို့ ဝေငှခြင်းစသော အစဉ်အလာတရပ်ကိုလည်း ဆောင်ရွက်ကြလေ့ရှိပါတယ်။

ကောက်ညှင်းပေါင်း

ကောက်ညှင်းပေါင်းဆိုတာက ဘယ်တော့မှရိုးအီမသွားတဲ့ မြန်မာတို့ရဲ့ ရိုးရာ မနက်စာတစ်မျိုးပါ။ မနက်စာကို လက်ဖက်ရည်နံ့သင်းသင်းလေးနဲ့ မြည်းစမ်းဖို့အကောင်းဆုံးကတော့ ကောက်ညှင်းပေါင်းပါပဲ။ ပဲပြုတ်၊ နှမ်းလှော်ထောင်း တို့နဲ့တွဲစားတဲ့အခါ လောကပေါ်မှာ အချိုမြိန်ဆုံးမနက်ခင်းတွေ ပိုင်ဆိုင်ရသလို ခံစားရနိုင်ပါလိမ့်မယ်။ ကိုယ်ကလည်း ကောင်းညှင်းပေါင်းခရေဇီတစ်ယောက်ပါ။

နှမ်းမနှဲ(ထမင်းနှဲ)

မုန့်ဟင်းခါး

မုန့်ဟင်းခါးဆိုတာ မြန်မာလူမျိုးအများစုရဲ့ အသည်းထဲစွဲတဲ့ မုန့်တမျိုးဖြစ်ပါတယ်။ မုန့်ဟင်းခါးကို ယနေ့ချိန်ထိ မနက်စာစားတိုင်း မပါမဖြစ် နှစ်ခြိုက်စွာစားသုံးနေကြတာပါ။ နံနံပင်နံ့သင်းသင်းလေးရယ်၊ ငြုပ်သီးမှုန့်စပ်စပ်လေးရယ်၊ သံပုရာသီစိပ်ခပ်ပါးပါးလေးနဲ့ဆို ဘာနဲ့မှမလဲနိုင်တဲ့အရသာကြောင့် လောကနိဗ္ဗာန်ဘုံငယ်လေးကို တစ်ခဏအလည်ရောက်သွားသလိုပါပဲ။

အညာသားကျောကုန်း(မုန့်ဖက်ထုပ်)

မုန့်ဟင်းခါးက မရှိမဖြစ်မနက်စာဆိုရင် မုန့်ဖက်ထုပ်ကတော့ မြန်မာပြည်သားတွေရဲ့အသည်းကျော်တဲ့ သွားရည်စာမုန့်တစ်မျိုးလို့သတ်မှတ်နိုင်ပါတယ်။ မြန်မာ့အထာကတော့ ညအချိန်ကျမှ မုန့်ဖက်ထုပ်ပူပူလေးဆို အော်ပြီး တစ်အိမ်တက်ဆင်း ရောင်းတတ်ကြတာပါ။ မုန့်ဖက်ထုပ်က ဖက်နံ့သင်းသင်းတာလေးကိုက စွဲမက်စရာပါ။ သွားရည်စာဆို အသေကြိုက်တဲ့ မင်မင်တို့မြန်မာလူမျိုးတွေအတွက် မုန့်ဖက်ထုပ်ဆိုတာ အမှတ်တရနွေညများလို အရေးပါနေဆဲပါပဲ။

ခေါပြင်

မြန်မာမုန့်တွေထဲမှာ ခေါပြင်ဟာလည်း နာမည်ကြီးပါတယ်။ အရသာကိုက ဘယ်တော့မှရိုးမသွားအောင် စိမ့်စိမ့်လေးနဲ့ လျှာထိစွဲညိစေပါတယ်။ လူကြီးများအကြိုက် ရေနွေးကြမ်းနဲ့ လှပတဲ့မနက်စာတစ်ခုပါပဲ။ များသောအားဖြင့် ကိုယ်တိုင်လုပ်စားလေ့ရှိပြီး အုန်းသီးဖြူး၊ နှမ်းလေးဖြူးထားတဲ့ ခေါပြင်မုန့်ကို ဆီသုတ်ထားတဲ့ ကတ်ကြေးနှင့် မိမိစိတ်ကြိုက်ညှပ်ပြီး သုံးဆောင်နိုင်ပါတယ်။

Admin N

Leave a Comment