ဘဝတစ်ပါးသို့ ကူးပြောင်းသွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ် - Bees Media Myanmar

ပရိသတ်တွေကိုပျော်ရွှင်စရာတွေ ဖန်တီးပေးခဲ့သူတစ်ဦးဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ကတော့ ဆိုးဝါးလှတဲ့ ကျန်းမာရေးအခြေအနေကြောင့် နှစ်နဲ့ချီပြီး ဆေးကုသမှု ခံယူနေရတာပဲ ဖြစ်ပါတယ်။ စက္ကန့်နဲ့အမျှ ရောဂာတွေကို ခံစားနေရတဲ့ ကစ်ကစ်ကတော့ ဒီနေ့မနက်မှာပဲ ဝေဒနာတွေ ကင်းဝေးရာ ဘဝတစ်ပါးသို့ ပြောင်းရွှေ့ကွယ်လွန်သွားခဲ့ပါပြီ။ အဆိုပါသတင်းကိုတော့ ကစ်ကစ်ကို အနီးကပ်စောင့်ရှောက်နေတဲ့ သရုပ်ဆောင် ခင်သဇင်က ကစ်ကစ်ရဲ့ ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။

ချစ်ပရိသတ်တွေအတွက် ဝေဒနာတွေ ထာဝရ ကင်းဝေးသွားပြီဖြစ်တဲ့ ဟာသသရုပ်ဆောင် ကစ်ကစ်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။


ကစ်ကစ်ကို မိသားစုလို စောင့်ရှောက်ပေးနေသူတစ်ဦးဖြစ်တဲ့ ခင်သဇင်ကတော့ “ဒီမနက် ၁၀:၄၀ မှာ မကစ် ဘဝတပါးသို့ ကူးပြောင်းသွားပါပြီ” ဆိုပြီး စိတ်မကောင်းစွာနဲ့ လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။ ကစ်ကစ်ရဲ့ပရိသတ်တွေကလည်း ချစ်စရာကောင်းတဲ့ အနုပညာရှင်မို့ နှမျောတသနဲ့ အရမ်းကို စိတ်မကောင်းဖြစ်နေကြတာပါ။

ချစ်ပရိသတ်တွေလည်း ပရိသတ်တွေကို အနုပညာနဲ့ တာဝန်ကျေခဲ့သူကြီး ကစ်ကစ်တစ်ယောက် ကောင်းရာဘုံဘဝသို့ ရောက်ရှိပါစေလို့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Leave a Comment