ဘူဖေးလ်ကို တန်အောင်ဘယ်လိုစားမလဲ? - Bees Media Myanmar

ဘူဖေးလို့ကြားလိုက်တာနဲ့ ကိုယ့်အတွက်တော့ မတန်ဘူး။ ဘာလို့လည်းဆိုတော့ ကိုယ်က အရမ်းမစားနိုင်ဘူးလေ။ အစားအသောက်နည်းတဲ့သူအတွက်တော့ ဘူဖေးဟာ မစားသင့်ဘူးလို့ ထင်ကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုဘဲထင်ခဲ့မိတယ် ဘူဖေးသွားစားမယ်ဆို အတင်းကိုငြင်းပြီပဲ။

ဘူဖေးကလည်း အရမ်းစားနိုင်တဲ့သူတောင် ရောက်သွားရင်ထင်သလောက် မစားနိုင်ကြဘူးလေနော်။ ဒါကြောင့် ဘယ်ဘူဖေးမဆို တန်အောင်စားရမယ့် နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။
တန်အောင်စားမယ့် နည်းလမ်းလေးတွေကတော့….ဘူဖေးစားတော့မယ်ဆိုရင် မစားခင်တစ်နာရီအလိုလောက်ထဲက ဘာမှမစားဘဲနေပါ။ ဘူဖေးစားဖို့ ရောက်ပြီဆိုတာနဲ့ ဘယ်နေရာဘာရှိလဲ Check လုပ်ပါ။

ဝင်ထွက်လွယ်မယ့် နေရာကို သေချာရွေးပြီးထိုင်ပါ။ စားချင်စရာကြိုက်တာတွေ မကြိုက်တာတွေရော ရွေးချယ်စရာတွေ အများကြီး ခင်းကျင်းထားတာကို တွေ့ရမှာပါ။ အကုန်လုံးကိုလည်း အရသာသိချင်တယ် ကိုယ်ကြိုက်တာတွေ မစားလိုက်ရမှာလည်းကြောက်တယ်ဆိုတော့ ကိုယ်စားချင်တာလေးတွေကို နည်းနည်းစီ စားပါ အရသာသိပြီဆိုယုံလောက်ပေါ့။

Food Buffet Catering Dining Eating Party Sharing Concept

ထမင်းတွေ ဟင်းအမယ်တွေလည်း အများကြီးရှိနေမှာပါ…ကိုယ်ကထမင်းကြိုက်တယ်ဆိုရင်တောင် ထမင်းတွေအများကြီးထည့်မစားပါနဲ့ (ထမင်းနဲ့တင် ဗိုက်ပြည့်သွားနိုင်ပါတယ်)။ အရသာအစမ်းလေးတွေ မြည်းကြည့်ပြီးပြီဆိုရင်တော့ ကိုယ့်ကြိုက်တဲ့ အရာတွေစားပါ အရမ်းတော့မများစေနဲ့ပေါ့။ အချိုပွဲအတွက် ဗိုက်ချန်ထားရဦးမယ်လေ။

အချိန်ကန့်သတ်မထားဘူးဆိုရင်တော့ ဖြည်းဖြည်းခြင်းစားပါ (တတ်နိုင်သမျှနှဲ့သွင်းပါ)။ ကိုယ်တော့အစာကြေဆေးလေးစားလိုက် နားလိုက်စားပါတယ်။ ဆီကြော်ထားတဲ့အစားအစာနှင့် အသင့်ချက်ပြုတ်ပြီးသား အစားအစာတွေ ဂျုံနဲ့လုပ်ထားတဲ့အစားအစာတွေ အရမ်းမစားပါနဲ့ (ဗိုက်ပြည့်လွယ်လို့ပါ)။ ရေအရမ်းမသောက်မိပါစေနဲ့။ ရေသောက်လိုက်ရင်အစာချေဖျက်ရခက်လို့ပါနော်။

Hotel NH Diagonal Center

အချိုပွဲတွေစားတော့မယ်ဆိုရင်တော့ အရမ်းချိုတာတွေမစားမိပါစေနဲ့ အသီးတွေကို ဦးစားပေးစားပေးပါ အသီးတွေက အစာချေဖျက်တာလည်း မြန်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ဘူဖေးစားရင် တခါထဲ ယူမထားပါနဲ့ ခဏခဏထယူပါ။ (ကုန်နိုင်သလောက်ဘဲယူပါ) လမ်းလျှောက်တော့ ဗိုက်ချောင်တာပေါ့နော်။ စားချင်တာတွေစားပြီးရင်တော့ အစာကြေဆေးလေးသောက်ပေါ့။

tasty appetizer

ဒီလောက်ဆိုရင်တော့ ဘယ်လိုဘူဖေးမျိုးမဆိုတန်အောင်စားလို့ရပါပြီ။

Nwe Thazin

Leave a Comment