မန္တလေးက ချစ်တီးထမင်းဆိုင်မှာ ဝင်စားအပြီးငွေရှင်းမယ်အလုပ်မှာ အံ့သြစရာအဖြစ်အပျက်တစ်ခုနဲ့ ကြုံလိုက်ရတဲ့ လင်းလင်း - Bees Media Myanmar

အဆိုတော်လင်းလင်းတစ်ယောက် မန္တလေးက ချစ်တီးထမင်းဆိုင်မှာ တစ်ယောက်တည်း ထမင်းဝင်စားနေတုန်း သူ့ကို ချစ်တဲ့ပရိသတ်တွေက သူမသိအောင် တိတ်တိတ်လေး ငွေရှင်းပေးသွားလို့ ကြည်နူးဝမ်းသာနေရပါတယ်တဲ့။

ဒီငွေပမာဏက မပြောပလောက်ပေမယ့် သူ့ကို ချစ်တဲ့ ပရိသတ်တွေကချစ်လို့ ငွေရှင်းပေးတာ ဖြစ်တဲ့အတွက် လင်းလင်း က “ဒီနေ့သူတို့က ကိုယ်စားတဲ့ထမင်းကို ပိုက်ဆံနဲ့ရှင်းတာမဟုတ် ချစ်ခြင်းနဲ့ရှင်းတာ,ကိုယ်က ထမင်းကိုစားတာမဟုတ် ပီတိကိုစားတာ ဆိုပြီး သူ့ရဲ့ ဖေ့ဘုတ်မှာ တင်ထားတာ ဖြစ်ပါတယ်။

လင်းလင်းက ၈၁ လမ်း ပန်းချယ်ရီ မှာ ချစ်တီးထမင်းဆွဲချင်လို့ ဝင်ဆွဲတယ်, ကိုယ်မသိအောင် ကိုယ်စားတဲ့ ထမင်းဖိုးသူတို့ကရှင်းတယ်, လူကောင်ကြီးတွေက အကြီးကြီး ၊ တက်တူးအရုပ်တွေလဲ အများကြီး၊ အသက်ကျတော့ ကိုယ့်ထက်ဆယ်နှစ်ကျော် ငယ်တယ် ၊ သူတို့နာမည်မသိဘူး, ရာဇဝင်မသိဘူး, သိဖို့လဲမလိုဘူး၊ အနှောက်အယှက်လဲမပေး၊ ပြီးတော့ လာနှုတ်ဆက်တယ်၊ ယဉ်ယဉ်ကျေးကျေးဘဲ ကလေးတွေနဲ့ မိသားစုကျန်းမာရဲ့လား မေးတယ်၊ ဒီကနေခံစားမိတယ် ၊ ကိုယ့်ဝါသနာနဲ့ လုပ်နေတဲ့ ဂီတအလုပ်ပေါ်မှာ သက်ဝင်ယုံကြည်မှု လိပ်ပြာသန့်သန့်လုပ်တယ် ၊ သူတို့က(သူတို့လို ရောင်းရင်းတွေက) ချစ်ခြင်းနဲ့အားပေးတယ် ၊ ကျေနပ်တယ် ၊ စောက်ရမ်းကျေနပ်တယ် လို့ ပြောထားတာဖြစ်ပါတယ်

ကျနော်လိုချင်တာလဲ ဒါဘဲ၊ ကျနော့်ဂီတဟာ အရက်ဝိုင်းတွေနဲ့ ဖော်လံဖား အောက်တန်းစားတွေ အတွက်မဟုတ်၊ ဆိုချင်တဲ့ပွဲဆိုမယ် မဆိုချင်မဆိုဘူး၊ ကိုယ်ဆိုတဲ့ပွဲဟာ ကိုယ်ဆိုချင်တဲ့ပွဲဖြစ်ဖို့ပဲ လိုတယ်လို့လည်း ပြတ်ပြတ်သားသားပြောထားပါသေးတယ်။

အဆိုတော်လင်းလင်းဟာ ဇနီးဖြစ်သူ ချစ်သုဝေ ချစ်ရတဲ့ အမွှာသမီးလေးတွေဖြစ်တဲ့ ခေတ်သစ်တို့နဲ့အတူ ပရိသတ်ချစ်ခင်ရတဲ့ မိသားစုလေးတစ်ခု ပိုင်ဆိုင်ထားသူလည်းဖြစ်ပါတယ်။

Leave a Comment