မိုးရာသီမှာ ခရီးသွားလို့အကောင်းဆုံးနေရာ (၄)မျိုး - Bees Media Myanmar

လူတိုင်းက နွေရာသီ၊ဆောင်းရာသီများတွင်သာ ခရီးသွားများကြပြီး မိုးရာသီတွင်ခရီးသွားလာမှုနည်းပါးကြပါတယ်။ ဒါပေမယ့် မိုးရာသီမှာလည်း ခရီးသွားလို့ကောင်းတဲ့ ကောင်းကျိုးလေးတွေ အများကြီးရှိပါတယ်။ မိုးရာသီတွင် ခရီးသွားတဲ့အခါမှာ လူအများကြီးတိုးဝှေ့စရာမလိုဘဲ အေးအေးဆေးဆေးသွားလာနိုင်ခြင်း၊ လမ်းခရီးမှာလဲ အေးအေးချမ်းချမ်းနဲ့ စိမ်းစိုနေတဲ့ရှုခင်းများကို တွေ့မြင်နိုင်ခြင်း၊ ခရီးသွားနည်းလို့ ဝင်ငွေနည်းပါးနေတဲ့ ဒေသခံတွေကိုလည်း ကူညီရာရောက်ခြင်းတို့ကြောင့် မိုးရာသီတွင် ခရီးသွားလို့ကောင်းတဲ့နေရာ (၅)နေရာကို ဖော်ပြပေးလိုက်ပါတယ်။

ဆံတော်ရှင်ကျိုက်ထီးရိုးဘုရား

Yangon: Full-Day Trip To Golden Rock Pagoda | experitour.com

မျောလွင့်နေတဲ့တိမ်တွေကြားမှာ ဘုရားဖူးချင်ရင်တော့ ကျိုက်ထီးရိုးကို လက်ညိုးညွှန်ပြပါရစေ။ ကင်မွန်းစခန်းမှာ စားတာသောက်တာတော့ ဈေးနည်းနည်းကြီးပါတယ်။ လမ်းတွေတော့ ရှင်းလင်းနေလို့ ဘုရားဖူးပြီး အခြားနေရာတွေလည်း ကောင်းကောင်းလည်ပတ်လို့ ရပါသေးတယ်။ အသည်းယားစရာတောင်တက်လမ်းတွေနဲ့ မနီးမဝေးက တိမ်စိုင်တွေကိုငေးရတာ အရသာတစ်ခုပါ။ မိုးလည်းအရမ်းမရွာလို့ လည်လို့ကောင်းတယ်။ သည်အချိန် ကားတွေပိတ်ထားတယ်ဆိုပေမယ့် ဆိုင်ကယ်ကယ်ရီနဲ့တောင်ပေါ်တက်လို့ရပါတယ်။ လမ်းလျှောက်တက်မယ်ဆိုရင်တော့ ၇မိုင်ခွဲအကွာအဝေးကို ဇွဲသတ္တိရှိရှိတက်ရောက်ရပါလိမ့်မယ်။ ပြီးရင်တော့ သဘာဝအလှအပတွေနဲ့ တိမ်စိုင်တွေကြားက ဆံတော်ရှင်ကျိုက်ထီးရိုးဘုရားကို အမောပြေဖူးမျှော်နိုင်ပါပြီ။

စိမ်းလန်းတဲ့ရှုခင်းတွေနဲ့ ဘားအံမြေ

မိုးရာသီမှာ ဆွဲဆောင်မှုအားပိုကောင်းနေတဲ့ ဘားအံမြို့က အထင်ကရ ...

အေးချမ်းလှတဲ့တောင်တန်းကြီးတွေ ဇွဲကပင်တောင်၊ တောင်ဝိုင်းတောင် ၊ ရှေးဟောင်းဂူတွေဖြစ်တဲ့ ဘုရင့်ညီဂူ ၊လှေစီးရတဲ့ ဆန္ဒန်ဂူ ၊ ရသေ့ပျံဂူ၊ ဘာစားစားအကုန်ကောင်းတဲ့ ဘားအံညစျေး စသည့်ဖြင့် လည်ပတ်စရာတွေအများကြီးရှိပါတယ်။ အစားအသောက်လဲ စျေးမကြီးဘဲ ဖောရွေလှတဲ့ကရင်ပြည်နယ်မို့ လည်ပတ်သူတွေ စိတ်ချမ်းသာဖို့ကောင်းပါလိမ့်မယ်။

ဘားအံကို မိုးတွင်းသွားကြတာပိုများပါတယ်။ မိုးကတော့ အုံ့တုံ့တုံ့လေးပေါ့။ ဇွဲကပင်တောင်တက်မယ်ဆိုလည်း ချွေးလေးစို့စို့လေးထွက်ရုံပဲမို့ နေလို့ကောင်းချက်ပဲ။ မိုးလေးနည်းနည်းရွာတာမို့ တိမ်တွေထူချက်ပဲ။ ဒါပေမယ့် လှတယ်။ ရှုခင်းတွေလည်း စိမ်းစိမ်းစိုစိုနဲ့ တော်တော်ကြီးကိုမှလှတယ်။ မိုးကအုံ့၊ တောင်တန်းကြီးတွေက စိမ်းစို၊ တိမ်လွှာတွေက တောင်အောက်ကိုရောက်။ အစားအသောက်လဲပေါတယ်။ ဟိုတယ် ဘာညာတွေလည်း ဈေးသက်သာတယ်။ ဆိုတော့ မိုးတွင်းမှာ ဘားအံသွားလည်ဖို့ recommend ပေးပါတယ်။

ပုဂံဘုရားတွေဖူးမယ်

The Ultimate Travel Guide to Bagan Temples - And 10 Most Beautiful Bagan  Temples to Visit

အညာပိုင်းဒေသဖြစ်တဲ့ ပုဂံဟာမိုးတွင်းဘက်မှာတော့ စိမ်းစိမ်းစိုစိုနဲ့ နေလို့ကောင်း စားလို့ကောင်း ဘုရားတွေဖူးလို့အလွန်ကောင်းပါတယ်။ ခရီးသွားရာသီမဟုတ်လို့ နာမည်ကြီးဟိုတယ်တွေ ဈေးချထားတဲ့အချိန်ဆိုတော့ အကောင်းစားအခန်းတွေမှာ ဇိမ်နဲ့နှပ်နေရုံပဲ။ ပြီးရင် မိုးရွာထားလို့ မြေသင်းနံ့သင်းနေတဲ့ လေကိုရှုရင်း ရှေးလက်ရာနီညိုညိုဘုရားတွေကိုဖူးရတာလည်း ဘဝရဲ့အနှစ်သာရတစ်ခုပါပဲ။ အခုဆို လူလည်းသိပ်မရှိလို့ နေရာအတော်များများကို နှံ့စပ်အောင်လည်ပတ်နိုင်မှာပါ။

ပုဂံက အပူပိုင်းဒေသဖြစ်လို့ မိုးသိပ်မရွာဘဲ သစ်ပင်တွေနဲ့ စိမ်းစိမ်းစိုစိုလေးဖြစ်နေတဲ့အပြင် ခရီးသွားနည်းတဲ့အချိန်ဖြစ်တာကြောင့် အေးအေးဆေးဆေး ဘုရားဖူးနိုင်မှာပဲဖြစ်ပါတယ်။ ရှေးဟောင်းလက်ရာများ၊ သမိုင်းကြောင်းများကိုလဲ လေ့လာနိုင်အောင် မြန်မာတို့ရဲ့ ပုဂံမြေကိုမိုးရာသီမှာ သွားရောက်လည်ပတ်ဖို့ အကြုံပြုပါတယ်။

Bago Yoma Eco Resort

A Journey into the forest (2 Days/ 1 Night) | Royal Active Travels

Bago ကတော့ အချိန်အများကြီး မပေးနိုင်တဲ့သူတွေအတွက် သဘာဝတရားရဲ့အရိပ်အောက်မှာ စာအုပ်လေးတွေနဲ့ အနားယူနိုင်တဲ့နေရာလေးပါ။ ရန်ကုန်နဲ့လဲနီးလို့ Road Tripလေးသွားပြီး အေးအေးချမ်းချမ်း အနားယူနိုင်ပါတယ်။ ယုန်လေး သမင်လေးတွေကိုလဲ အစာကျွေးပြီး စိတ်အပန်းဖြေနိုင်မယ့်အပြင် ပဲခူးရိုးမရဲ့ စိုက်ခင်းလေးတွေကိုလဲ Trekking လုပ်လို့ရပါတယ်။ အေးချမ်းလှတဲ့ ပဲခူးရိုးမကြီးနဲ့အတူ ဇိမ်ကျကျအနားယူနိုင်အောင် Eco Resort လေးကိုပါ ပေါ့ပေါ့ပါးပါးသွားလို့ရအောင်လို့ မိုးရာသီမှာသွားလည်သင့်တဲ့စာရင်းထဲ ထည့်ပေးလိုက်ပါတယ်။

Leave a Comment