မြန်မာငွေ ၄၃ သိန်းဝန်းကျင်ရှိမယ့် Xiaomi Mi Mix Alpha - Bees Media Myanmar

2019 ရဲ့ September လ ကတော့ နည်းပညာကို စိတ်ဝင်စားသူတို့အဖို့ တကယ့်ကို ရင်ခုန်စိတ်အလှုပ်ရှားရဆုံး အချိန်ကာလ ဖြစ်ပါတယ် ဖုန်းတွေရဲ့ ဘုရင်ဖြစ်တဲ့ iPhone 11, 11 Pro, 11 Pro Max, Samsung Note 10 Plus, Huawei Mate 30 Pro, တို့ ထွက်ခဲ့ပြီးနောက် အခု Xiamoiu က Mi Mix Alpha ထွက်ပေါ်လာပါတယ်။

Xiaomi Mi MIX Alpha အကြောင်း သိရသလောက်လေ့လာ ကြည့်ရအောင်

Display ကစပြီး ပြောရရင် Xiaomi က သူ့ရဲ့ ပထမဆုံး Mi Mix ဖုန်းကနေ စပြီး နောက်ဆုံးထွက် Mi Mix 3 အထိ ဘေးဘောင်(Bezels) တွေကို ကျဉ်းနိုင်သမျှကျဉ်းအောင် ပြုလုပ်နေခဲ့တာပါ။
Mi Mix Alpha မှာတော့ ဖုန်းရဲ့ အရှေ့ဘက် မျက်နှာပြင်နဲ့ အနောက်ဘက် မျက်နှာပြင် နှစ်ခုလုံးကို ဖုံးအုပ်ထားတဲ့ Display ပါဝင်ပြီး Xiaomi ကတော့ အဲဒါကို Surround Display လို့ နာမည်ပေးထားပါတယ်။
သူ့မှာပါဝင်တဲ့ Display ဟာ ဖုန်းရဲ့ ရှေ့ဘက်ကနေ နောက်ဘက်အထိ တစ်ဆက်တည်း ဖြစ်ပြီး Screen-to-body ratio 180.6% အထိ ရှိတယ်လို့ သိရပါတယ်။

Camera
Mi Mix Alpha ဟာ Triple Camera Setup နဲ့ဖြစ်ပြီး
108 MP Primary Camera (ဘာတဲ့လဲ 108MPနော်)
20 MP Ultra wide-angle Camera
12 MP Telephoto Camera
ဆိုပြီး ကင်မရာ သုံးလုံး အသီးသီး ပါရှိပါတယ်။

ဒီ Mi Mix Alpha ရဲ့ Frame ဟာ Titanium Alloy နဲ့ ပြုလုပ်ထားတာဖြစ်ပြီး Stainless Steel ထက် သုံးဆတောင် ပိုမို မာကြောပါတယ်…
Performances ကလည်း Snapdragon 855 Plus ဆိုတော့ ဂိမ်းမာများအတွက် အဆင်ပြေပါတယ်…
5G Dual Sim Support, 12GB + 512 GB, Ultra Fast UFS 3.0 Storage,
4050 mAh Battery, 40W MI CHARGE TURBO Fast Charging အားအမြန်သွင်းစနစ် တွေပါပါတယ်။ Xiaomi တို့ကလုပ်ချပလိုက်တာ အားရစရာကြီး။

#A

Leave a Comment