
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံခြားကုမ္ပဏီတွေကို သပိတ်မှောက်ဖို့ဆိုပြီး Boycott Myanmar Campaign လို့ အမည်ပေးထားတဲ့ လှုပ်ရှားမှုတခုကို ဗြိတိန်အခြေစိုက် Free Rohingya Coalition ရိုဟင်ဂျာ လွတ်မြောက်ရေး ညွန့်ပေါင်းအဖွဲ့ က ဦဆောင်ပြီး လာမယ့် ဒီဇင်္ဘာလ ၉ ရက်နေ့မှာ စတင်မယ်လို့သတင်းရရှိထားပါတယ်။

ဒီအဖွဲ့ကခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုနေဆန်းလွင်က မြန်မာအစိုးရနဲ့ တပ်မတော်ဟာ နိုင်ငံခြားမြှုပ်နှံမှုတွေ ရရှိနေတဲ့အတွက် ရိုဟင်ဂျာအရေးကို ဥပက္ခပြုထားတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီသတင်းကို RFA သတင်းဌာနက တင်ပြထားတာဖြစ်ပါတယ်။