မြန်မာအိုင်ဒေါကို ဘုန်းကြီးဧယဉ်ကျူး ပွဲနဲ့ တင်စားပြီး ဖောင်းထုလိုက်ပြီဖြစ်တဲ့ ပန်ဆယ်လို - Bees Media Myanmar

ပရိသတ်ကြီးရေ ၊ အွန်လိုင်းဆယ်လီတစ်ယောက် ပန်ဆယ်လို တစ်ယောက် ကတော့ အိုင်ဒေါပြိုင်ပွဲကြီးကို ဖောင်းထုလိုက်ပြီဖြစ်ပါတယ် ။ အခုတစ်ခေါက်မှာတော့ မမပန်တစ်ယောက် ပြိုင်ပွဲဝင်တွေကို ဖောင်းထုတာမဟုတ်ဘဲ အစီအစဉ်ကိုသာ သီးသန့်ဖောင်းထုထားတာဖြစ်ပါတယ် ။

မမပန် က “Myanmar Idol လား ဧယဉ်ကျူးနေကြတာလား မသဲကွဲဘူးကလေးသာသာ အရွယ်လေးတွေဆိုတော့ အိမ်လွမ်းတာ နားလည်ပါတယ်။ ဒါပေမယ့် တစ်ခါလာလည်း အိမ်လွမ်းလို့ အဟင့်၊ တစ်ခါလာလည်း အိမ်က ဘယ်လို အဟင့် ဆိုတာကြီးကျ ဖီးလ်အောက်လာပြီ။မလေးရှားတို့၊ ထိုင်းတို့မှာ အတင်းအဓမ္မ စေခိုင်းခံရပြီး လူကုန်ကူးခံနေရတာလည်း မဟုတ်။ မြန်မာပြည်တွင်းလေး။ တွေ့ချင်ရင်လည်း ပြေးတွေ့လို့ရနေတဲ့ အနေအထား။ အိမ်က ဘယ်လို… အိမ်အတွက် ဆုရချင်တာ … အဲ့အကွက်ကြီးကို ထပ်ပြန်တလဲလဲ သုံးလာတာ နားကလောလာပြီ။
မြန်မာလူမျိုးတွေ သနားတတ် ကရုဏာ လွယ်တာ အမှန်ပါ။ တစ်ခါနှစ်ခါက ခံစားလို့ရပေမယ့် ထပ်ပြန်တလဲ ဒါကြီးပဲကျ စိတ်ကုန်တယ်။ပြိုင်ပွဲဝင်လေးတွေကို မပြောဘူးနော်…ဒီအကွက်ကြီး ထပ်ပြန်တလဲလဲခင်းနေတဲ့ Script Writer တွေကို ပြောတာရယ်….စွတ်ဗုတ်ခိုင်းမနေနဲ့
အသစ်လေးတော့ လုပ်ကြဦး.” ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်.

ပန်ဆယ်လိုတစ်ယောက် ဖောင်းထုရလောက်အောင် အိုင်ဒေါပြိုင်ပွဲကြီးဟာ မျက်ရည်လည်ရွဲဖြစ်အောင် ဇာတ်နာပေးနေတာ အခုအချိန်အထိပါပဲ ။ ပရိသတ်ကြီးရေ မမပန်ရဲ့ စကားတွေအတွက် မှတ်ချက်ပေးခဲ့ကြပါဦး ။
Source – အိ ပန် ဆယ် လို

Leave a Comment