ရန်ကုန်ရှိ နာမည်ကြီးပုဂ္ဂလိကဆေးရုံးတွင် Covid-19ရောဂါသည်တစ်ဦးတွေ့ - Bees Media Myanmar

၂၀.၃.၂၀၂၀ ခုနှစ်မနက် ၈နာရီ ၃၀မိနစ်အချိန်တွင် Covid-19 ရောဂါသည်ဟု ယူဆရသူတစ်ဦးအား
နာမည်ကြီး ဆေးရုံတစ်ခုတွင် တွေ့ရှိရသည်ဟု ရောဂါရှာဖွေရေးဋ္ဌာနမှ ဆရာမတစ်ဦးက ပြောကြားပေးခဲ့ပါတယ်။ဆေးရုံနှင့်ဆရာမကိုတော့ နာမည်ထိခိုက်မှာဆိုး၍ ဖော်ပြခြင်းမပြုတော့ပါ။
လူနာနဲ့ထိတွေ့ထားတဲ့ ဆရာမတွေကိုတော့ နေအိမ်ကို ပြန်လည် ပို့ဆောင်ထားကြောင်းလည်း ကြားသိရပါတယ်။

နောက်တစ်ခုကတော့ မတ်လ(၁၉) ရက်နေ့က စင်္ကာပူကပြန်လာတဲ့ လူ ၁၂ ဦးရှိခဲ့ပါတယ်။
အဲဒီအထဲက အမျိုးသမီးတစ်ယောက်ကိုတော့ Covid19 လကက္ခဏာပုံစံနဲ့ တူနေတဲ့အတွက်ဝေဘာဂီဆေးရုံကိုပို့ဆောင်ထားပါတယ်။ကျန်တဲ့ (၁၁) ယောက်ကိုတော့ လိုက်ရှာနေပါတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာမိုးက O Media ကို ပြောပါတယ်။ဒီသတင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ထိတ်လန့်မှုဖြစ်စေရန် ရည်ရွယ်ပြီးတော့ ရေးထားခြင်းမဟုတ်ပါ။
မဖြစ်ခင်က ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားရအောင် ရည်ရွယ်ပြီးတော့ ရေးထားခြင်းဖြစ်ပါတယ်။

နောက်ဆုံးရရှိထားတဲ့ သတင်းအချက်အလက်တွေအရ ရောဂါပိုးက ကိုယ်ခံအားကောင်းသူဆိုရင်တော့ ကူးစက်ဖို့အားနည်းပါတယ်။ အာဟာရရှိပြီး လတ်ဆတ်တဲ့ အသီးအရွက်နဲ့ အသားတွေကို များများစားပေးပါ။ရေနွေး (ရေကျက်အေး) သောက်ပေးပါ။အတတ်နိုင်ဆုံး လူစည်ကားရာ အရပ်သို့ သွားခြင်းမှ ရှောင်ကျဉ်ပေးပါ။မကြာခန လက်ကို လက်သန့်ဆေးနဲ့ ဆေးကြောပေးပါ။အတတ်နိုင်ဆုံး လက်မဆေးခင် မျက်နှာကို ပွတ်ကိုင်ခြင်းကို ရှောင်ကျဉ်ပေးပါ။အားလုံးပဲ ကြိုတင်ပြင်ဆင်မှုရှိကြပြီး ကံကောင်းကြပါစေလို့။ မှတ်ချက် Bees Media သည် မည်သည့်အချိန်မျှ သတင်းအမှားတင်ခြင်းမရှိပါ။

Leave a Comment