ရုပ်ရှင်ရိုက်ရမယ်လို့ ရန်ကုန်ကိုခေါ်ပြီးမှ အလိမ်ခံလိုက်ရတဲ့ Tik Tok ဆယ်လီမိန်းမကြီးနှစ်ဦး - Bees Media Myanmar

သူငယ်ချင်းဒွေက Tik Tok ပေါ်တယ်ပြောလို့ စမ်းဆော့ကြည့်တာ ဆော့ရင်းနဲ့မှ သူငယ်ချင်းနှစ်ယောက် နာမည်ကြီးလာပြီး

Cele ဖြစ်မှန်းတောင် မသိပါဘူး စာဒွေလည်း မဖတ်ဘူးဆိုတော့ အနုပညာရှင်ဒွေ အားပေးမှန်းလည်း မသိခဲ့ဖူး

ကျနော်က ဈေးမှာ ငါးရောင်းတယ် သူငယ်ချင်းက ကုန်စိမ်းဒွေ စည်းပေးရတာ ။ အဲ့ကနေ အလုပ်က အပြန် အပန်းဖြေတဲ့အနေနဲ့ Tik Tok ဆော့ပီး တင်လိုက်တာ အခုလို နာမည်ကြီးမှန်းလည်း မသိခဲ့ပါဘူး

ဟိုရက်ကမှ ရုပ်ရှင်မန်နေဂျာတစ်ဦးက နာမည်ကြီး မင်းသမီးနဲ့ ရုပ်ရှင် တစ်ခန်းတွဲရိုက်ဖို့ခေါ်တယ် ။ မင်းသမီးက မုန့်ဖိုးသက်သက်ပေးမယ် ၊

မန်နေဂျာက သရုပ်ဆောင်ခ သက်သက်ပေးမယ်ဆိုလို့ ရန်ကုန်ကို တစ်ယောက်က နားကပ်ရောင်းပီး တစ်ယောက်က အမေ့ဈေးအရင်းလေး ယူလာပြီး အရဲစွန့် တက်လာကြတာပါ ။

ဒီရောက်တော့ မန်နေဂျာဆိုတာက အလုပ်ထွက်သွားပြီး နောက်ထပ် မန်နေဂျာတစ်ယောက်က သူ ပေးမယ် ဇာတ်ကားထဲ သရုပ်ဆောင်ဆိုပီး ဇာတ်ကားလည်း ပြီးရော

သူတို့ပေးတဲ့ငွေက ၅၀၀၀၀ ပဲပေးတာ လမ်းစားရိတ်တင် ၄၉၀၀၀ ကျတာ လမ်းမှာ ၁၀၀၀ က ရေသန့်ဗူးတောင် ဝယ်သောက်လို့ မရဘူး..

Tik Tok ဆော့တုန်းက အမ တစ်ယောက် အိမ်မှာ ခေါ်ထားလို့ ရွှေပြည်သာမှာ နေလို့ရတာပါဆိုပီး ရင်ဖွင့်လာတဲ့

Tik Tok cele ၂ ဦးရဲ့ ရင်နာစရာ အဖြစ်အပျက်တွေကို ပရိတ်သတ်တွေသိအောင် ဖော်ပြပေးလိုက်ပါတယ်။

Leave a Comment