ရဲရင့်အောင်နဲ့ လမ်းခွဲ ပြတ်စဲလိုက်ပြီဆိုတဲ့ ဧငြိမ်းဖြူ - Bees Media Myanmar

ဧငြိမ်းဖြူလေးကတော့ ဘာဘီရုပ်လေးနဲ့ တူတဲ့ မင်းသမီးလေးလို့ ပရိသတ်တွေက ပြောလေ့ရှိကြပြီး မြန်မာရုပ်သံနောက်ခံဇာတ်လမ်းတွဲမှာလည်း ပါဝင်ခဲ့တာကြောင့်လည်း ပရိသတ်တွေ သတိထားမိလာတာလို့ဆိုရမှာပါ။ Cover Dance တွေလည်းကလေ့ရှိတဲ့သူလေး ဖြစ်ပြီး အခုနောက်ပိုင်းမှာအနုပညာအလုပ်တွေဆက်တိုက်လုပ်လာပြီလို့ဆိုရမှာပါ။ရုပ်ရှင်ကားတွေလည်း ရိုက်ကူးနေပြီလို့ သိရပါတယ်။

သူမရဲ့အချစ်ရေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ ပြည်သူ့အချစ်တော် နိုင်ငံကျော်အဆိုတော်ရဲရင့်အောင်နဲ့ ချစ်သူစုံတွဲတွေဖြစ်ပြီး ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၃)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့ စုံတွၤဲလေးတစ်တွဲလို့လည်း ဆိုနိုင်ပါတယ်။ပရိသတ်တွေ ချစ်ခင်သဘောကျရတဲ့ အနုပညာရှင်စုံတွဲတွေထဲက ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့စုံတွဲလေးတစ်တွဲအပါအဝင်ဖြစ်ပြီး နားလည်မှုရှိရှိနဲ့လက်တွဲကာ သာယာပျော်ရွှင်တဲ့ ချစ်သူစုံတွဲဘဝလေးကိုပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ ” A တို့နှစ်ယောက်လမ်းခွဲလိုက်ပါပြီ Aဒီကိစ္စကို ဘယ်တော့မှ ထုတ်မပြောချင်ခဲ့တာပါ။အခြေအနေ အကြောင်းကြောင်းများစွာနဲ့ အဆင်မပြေနိုင်တော့လို့ လမ်းခွဲလိုက်ရခြင်း ဖြစ်ပါတယ်။ A ဘဝမှာ အကြောက်ဆုံးအခြေအနေကို ရင်ဆိုင်နေရတဲ့အတွက် ဘယ်မီဒီယာမှာမှ ဖြေမှာမဟုတ်သလို ဘယ်သူမှ ဘာအကြောင်းမှမမေးကြဖို့ မေတ ရပ်ခံချင်ပါတယ်ရှင် “ဆိုတဲ့စာလေး ကို တင်ပြီး မကြာခင်မှာပဲ ပြန်ဖျက်သွားခဲ့ပါတယ်။ပရိသတ်တွေကတော့ စိုးရိမ်နေကြတဲ့အတွက် တစ်ချို့ပိုစ့်တွေအောက်မှာမေးနေကြတာပဲ ဖြစ်ပါတယ်။ CeleConnectionsပရိသတ်ကြီးလည်းချစ်စရာကောင်းတဲ့ စုံတွဲလေး လမ်းမခွဲဖို့ဆုတောင်းပေးခဲ့ပါဦးနော်။

Source: A Nyein Phyu

Leave a Comment