ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကို ဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံး နေဝင်ချိန် ကျမှ အောင်မြင်ခဲ့သူ - Bees Media Myanmar

ရှုံးနိမ့်မှုပေါင်း (၁ဝဝ၉) ကြိမ်ကိုဖြတ်သန်းခဲ့ပြီး ဘဝရဲ့နောက်ဆုံးနေဝင်ချိန်ကျမှ အောင်မြင်ခဲ့တဲ့ လူသားတစ်ယောက်အကြောင်းကိုပြောပြချင်ပါတယ်။
သူ့အကြောင်းကတော့ဒီလိုပါ။ လူ့လောကမှာသူ့ကိုမွေးဖွားလိုက်ပြီး-

(၅) နှစ်သားအရွယ်မှာ သူ့ဖခင်ရုတ်တရက်ကွယ်လွန်သွားခဲ့တယ်။ ဖခင်မရှိတော့တဲ့နောက်ပိုင်း သူ့မိခင်က အလုပ်ထွက်လုပ်ခဲ့ရတယ်။

(၁၂) နှစ်သားအရွယ်မှာ သူ့မိခင်က နောက်အိမ်ထောင်ပြုလိုက်တယ်။ သူ့ပထွေးရိုက်နှက်နှိပ်စက်တဲ့ဒဏ်ကို နောက်ကွယ်မှာခံခဲ့ရတယ်။

(၁၄) နှစ်သားအရွယ်ရောက်တော့ ကျောင်းတက်ဖို့လဲပိုက်ဆံမရှိ၊ မိဘအိမ်မှာလည်း မနေချင်တော့တဲ့အတွက်ကြောင့် လေလွင့်တဲ့ဘဝကို စတင်ရောက်ရှိခဲ့ရတယ်။

(၁၆) နှစ်သားအရွယ်မှာအသက်လိမ်ပြီးစစ်ထဲဝင်ခဲ့တယ်။ မကြာခဏ သင်္ဘောမူးတဲ့အတွက်ကြောင့် အိမ်ပြန်ပို့ခံရတယ်။

(၁၈) နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ မကြာပါဘူး။ သူပိုင်သမျှကို သူ့ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

(၂ဝ) နှစ်အရွယ်မှာ မီးပြင်ဆရာ၊ ကူးတို့သမားလုပ်ခဲ့တယ်။ အဲဒီနောက် ရထားသံလမ်းဝန်ထမ်းလုပ်ခဲ့တယ်။ ဒါပေမယ့် ဘာအလုပ်မှ အဆင်ပြေတယ်ဆိုတာ မရှိခဲ့ဘူး။

(၃ဝ) နှစ်အရွယ်မှာ အာမခံကုမ္ပဏီတစ်ခုမှာ အရောင်းမြှင့်တင်သူလုပ်ခဲ့တယ်။ ဒါပေမယ့်နောက်ပိုင်းမှာ အပိုဆုကြေးနဲ့ပတ်သက်ပြီး သူဌေးနဲ့ရန်ဖြစ် စကားများပြီး အလုပ်က နှုတ်ထွက်ခဲ့တယ်။

(၃၁) နှစ်အရွယ်မှာ ဥပဒေပညာကို ကိုယ်တိုင်လေ့လာသင်ယူပြီး သူငယ်ချင်းရဲ့ အားပေးမှုနဲ့ ရှေ့နေအလုပ်ကို သူလုပ်ခဲ့တယ်။ ဒါပေမယ့် အမှုတစ်ခုနဲ့ တရားရုံးမှာ အမှုအပ်သူနဲ့ ထိုးကြိတ်ခဲ့ကြတယ်။

(၃၂) နှစ်အရွယ်မှာ အလုပ်လက်မဲ့ဖြစ်ပြီး ပင်ပန်းဆင်းရဲခဲ့ရတယ်။

(၃၅) နှစ်အရွယ်မှာကံမကောင်းခြင်းက သူ့ဆီကျရောက်ခဲ့ပြန်တယ်။ ကားမောင်းပြီး တံတားတစ်စင်းပေါ်ဖြတ်တဲ့အချိန် တံတားကျိုးကျပြီး ကားရောလူပါ ချောက်ထဲကျသွားခဲ့တယ်။ တစ်ကိုယ်လုံးဒဏ်ရာအထပ်ထပ်နဲ့ ကားဘီးအရောင်းမြှင့်တင်တဲ့အလုပ်ကို သူဆက်မလုပ်နိုင်ခဲ့တော့ဘူး။

(၄ဝ) နှစ်အရွယ်မှာ မြို့တစ်မြို့မှာ ဓါတ်ဆီဆိုင်တစ်ဆိုင်သူဖွင့်ခဲ့တယ်။ ဆိုင်းဘုတ်တင်ချိန်မှာ စီးပွားဖက်နဲ့ ရန်ဖြစ်ခဲ့တဲ့အတွက် အမှုဖြစ်ပွားခဲ့ရတယ်။

(၄၇) နှစ်အရွယ်မှာ ဒုတိယအိမ်ထောင်နဲ့ သူကွာရှင်းခဲ့တယ်။ သားသမီး သုံးဦး ကျန်ခဲ့တယ်။

(၆၁) နှစ်အရွယ်မှာ အထက်လွှတ်တော်အမတ် ဝင်အရွေးခံခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူး။

(၆၅) နှစ်အရွယ်မှာ လမ်းချဲ့တဲ့အစိုးရကြောင့် နာမည်ထွက်စပြုနေတဲ့ Fast food သူ့စားသောက်ဆိုင်လေး ဖျက်သိမ်းခံလိုက်ရတယ်။ ရှိစုမဲ့စုပစ္စည်းတွေကို တန်ဖိုးနည်းနည်းနဲ့ သူရောင်းချခဲ့ရတယ်။

(၆၆) နှစ်အရွယ်မှာ ရှင်သန်ဖို့အတွက် အနယ်နယ်အရပ်ရပ်က စားသောက်ဆိုင်မှာ သူတတ်တဲ့ ကြက်ကြော်အတတ်ပညာနဲ့ အလုပ်ရှာခဲ့တယ်။

(၇၅) နှစ်အရွယ်မှာ ကိုယ်တိုင်လုပ်နိုင်တဲ့အင်အားမရှိတာကြောင့် ကိုယ်စတည်ထောင်ခဲ့တဲ့အမည်နဲ့ အတတ်ကိုလွှဲပြောင်းလိုက်တယ်။ ပိုင်ရှင်အသစ်က သူ့ကို စတော့ရှယ်ယာတစ်သောင်းပေးပြီး ဝယ်ယူတဲ့စရိတ်အချို့လုပ်ချင်ခဲ့ပေမယ့် သူငြင်းပယ်ခဲ့တယ်။ နောက်ပိုင်း ကုမ္ပဏီစတော့စျေးတက်လာခဲ့ပြီး အလုပ်လက်မဲ့ဖြစ်နေတဲ့သူ့အတွက် သူဌေးဖြစ်ဖို့ အခွင့်အလမ်းရခဲ့တယ်။

(၈၃) နှစ်အရွယ်မှာ Fast food နောက်ထပ် စားသောက်ဆိုင်တစ်ဆိုင်ကို သူထပ်ဖွင့်လိုက်တယ်။ ဒါပေမယ့် ကုမ္ပဏီအမှတ်တံဆိပ်နဲ့ ပတ်သက်ပြီး အမှုဖြစ်ခဲ့ရသေးတယ်။

(၈၈) နှစ်အရွယ်မှာ သူအောင်မြင်ခဲ့တယ်။ သူ့နာမည်ကမ္ဘာကျော်ခဲ့တယ်။ သူကတော့ KFC ကြက်ကြော် (Kentucky Fried Chicken or KFC) ကို စတင်တည်ထောင်သူ Harland David Sanders Colonel Sanders (9,Sept,1890-16,Dec,1980) ပဲဖြစ်ပါတယ်။

ကဲ…ဘယ်လိုလဲ သင့်မှာရော “ဒူးမထောက် လက်မမြှောက်တဲ့စိတ်” ရှိရဲ့လား။ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်စမ်းပါ။

~~ဆာလာအိတ္~~
Credit to စာဖတ်သမားတစ်ဦး၏ မှတ်စုများ

Leave a Comment