"လတိုင်းပိုက်ဆံကျန်အောင်စုကြမယ်" - Bees Media Myanmar

အလုပ်မှာ လတိုင်း လတိုင်း ကြိုးကြိုးစားစားပေးဆပ်ပေမယ့် တစ်လတစ်လ ပိုက်ဆံကျစုမိတယ်ရယ်မရှိဘူး။ ဘာကြောင့်လဲ။ ကိုယ်အသုံးမကျလို့လား။ လစားနည်းပါးတဲ့ နိုင်ငံမှာ နေထိုင်မိလို့လား။ လစာကလည်း လမကုန်ခင် သူက အရင်ကုန်နှင့်ပြီဆိုရင်ကိုယ်က အသုံးအစွဲများလို့ဆိုတာသိရမှာပါ။ လကုန်တိုင်း အိတ်ကပ်ထဲ ပိုက်ဆံနည်းနည်းချင်း ဝင်လာဖို့ဆိုရင် အခုပြောမယ့် အချက်တွေကို ဂရုစိုက်သင့်ပါတယ်။

အသုံးအဆောင်ဝယ်တာလျှော့

အသုံးအဆောင်ဆိုရာမှာ နှူတ်ခမ်းမွေးရိတ်တဲ့ ဓါးကအစ အကျီ ၤ ဘောင်းဘီ ဖိနပ်အထိ အကုန်ပါပါတယ်။ အသားအရေ ထိန်းသိမ်းဖို့နဲ့အလှအပကအစ မလိုအပ်ဘဲနဲ့တန်ဖိုးကြီးပစ္စည်းတွေဝယ်တာမျိုး မလုပ်သင့်ပါဘူး။ အသုံးအဆောင်ကြောင့် ကိုယ့်လစာကုန်ပေါက် ကျယ်နေတယ်ဆိုရင် ဒီအချက်ကို ပြင်ရတော့မှာပါ။

Member ကြေးလျော့သုံး

တစ်ခါတစ်လေ ဘဝမှာ ကျွန်တော်တို့အတွက် အသုံးမလိုတဲ့အရာတွေတော်တော်များများကို လုပ်ဆောင်နေမိတတ်ပါတယ်။ သင်လည်း အဓိပ္ပာယ်မရှိတဲ့အရာတွေအတွက် ပိုက်ဆံသုံးဖူးတယ်ဆိုတာမငြင်းပါနဲ့။ ဘာလို့ဆို ဒါကလည်း ဘဝဖြစ်နေလို့ပါပဲ။ မကြည့်ဖြစ်တဲ့ ရုပ်သံလိုင်းတွေအတွက် လစဉ်ကြေးတွေ မကစားဖြစ်ပေမယ့် Gym Membership ကြေးတွေ ဒါတွေက သင့်ရဲ့ လစဉ်ငွေကြေးစုဆောင်းမှုကို ဟန့်တားနိုင်တာကြောင့် မလိုအပ်တဲ့ member ကြေးတွေကို ဖျက်လိုက်ပါ။ သင်ရှာထားတဲ့ လစာဟာ သင့်အနာဂတ် ပေါက်မြောက်တောက်ပရေးအတွက် အရင်းအနှီးဖြစ်ဖို့လိုပါတယ်။

ဖုန်းဘေလ်လည်းလျှော့

ကိုယ်တိုင်သုံးတာလား။ ရှော်တီလေးကိုထည့်ပေးရတာလား။ မောင်မောင်လေးကထည့်ခိုင်းလို့ bill ဖိုးကုန်ရတာလား။ ဘာကြောင့်ပဲသုံးသုံး နားလည်မှုရှိတဲ့ Rs တစ်ခုမှာ ဘေလ်လျှော့သုံးခိုင်းလို့လည်း ပြတ်ဆဲလမ်းခွဲမသွားကြပါဘူး။ ဖြစ်သင့်တာက တစ်လတစ်လ ကုန်တဲ့ ဖုန်းဘေလ်ဖိုးဟာ လစာရဲ့ ၅ ပုံတစ်ပုံရဲ့ အောက်မှာပဲ ရှိသင့်ပါတယ်။ ဒါမှသာ ငွေစုဖြစ်မှာပါ။ အလုပ်ကိစ္စကြောင့် ဖုန်းဘေလ်သုံးတာကလွဲရင် ကိုယ်ရေးကိုယ်တာအတွက် ဥပမာ- Facebook လို လူမှူကွန်ရက်တွေ သုံးတာ လျှော့သင့်ပါတယ်။ ပိုက်ဆံကို ဖုန်းဘေလ်လို ပြန်မထွက်မယ့်တွင်းထဲ မထည့်မိဖို့လိုပါတယ်။

မတရားတွေစားတာ

Pizza လို သွားရေစာမုန့်တွေ မကြာခဏစားခြင်းကလည်း ငွေကုန်ပေါက်တစ်မျိုးပါပဲ။ သူငယ်ချင်း၊ ချစ်သူနဲ့ မုန့်စားဖို့ ငွေထုတ်စက်မှာ ငွေထုတ်ကြတာများပါတယ်။ စုထားတဲ့အထဲက ပါသွားတဲ့အခါ လတိုင်း လတိုင်း သင်ဟာ အမွဲသူဌေးဖြစ်နေခဲ့ပါတော့တယ်။ စားတာ သောက်တာဟာလည်း ဇာချဲ့ရင် ချဲ့သလောက် ကုန်ပါတယ်။ ထမင်းတစ်နပ်ဟာ အဟာရဓါတ်ပြည့်ဝပြီး ကျန်းမာရေးနဲ့ညီညွတ်တယ်ဆိုရင် တော်သင့်ပါပြီ။ မရောင့်ရဲနိုင်အောင် ဟင်း ၄မျိုး ၅ မျိုးနဲ့စားသောက်တာမျိုး ရှောင့်သင့်ပါတယ်။ အလားတူပဲ အရက် ၊ ဘီယာနဲ့အပျော်အပါးကြောင့် ငွေကုန်ပေါက်တွေကိုလည်း ပိတ်ဖို့လိုပါတယ်။ ဒါကြောင့် အစားအသောက်နဲ့ ပတ်သက်ပြီးလည်း လိုအပ်တာထပ် မပိုပါစေနဲ့။

Admin N

Leave a Comment