လူကြီးဆန်ဆန် ပုံစံနဲ့ ကြိုးဖုန်း Premier Show ကိုတက်ရောက်ခဲ့တဲ့ အိစိကွေးရဲ့ပုံရိပ်များ - Bees Media Myanmar

ကလေးသရုပ်ဆောင်ဘဝထဲက ပရိသတ်ချစ်ခင်အားပေးမှု အပြည့်အဝရရှိထားတဲ အိစိကွေးဟာ အခုအချိန်ထိလည်း အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့အချစ်တွေကို ရယူထားသူလည်းဖြစ်ပါတယ်။အိစိကွေးဟာ လက်ရှိမှာ သီချင်းတွေကိုလည်းဖန်တီးထုတ်လုပ်နေပြီး မင်းသားပေါက်စတစ်ယောက်အနေနဲ့လည်း ဇာတ်ကားအချို့မှာ ဝင်ရောက်သရုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

အိစိကွေးဟာ လူကြီးဆန်ဆန်ပုံစံလေးနဲ့’ကြိုးဖုန်း’ ရုပ်ရှင် Premier Show ကိုတက်ရောက်ခဲ့တဲ့ ပုံရိပ်တွေကိုသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ ဖေ့ဘုတ်ကနေမျှဝေခဲ့တာလည်းဖြစ်ပါတယ်။
.
အိစိကွေးဟာ ‘ကြိုးဖုန်း’ ဇာတ်ကားကိုကြည့်ရှုပြီးနောက်မှာ အတွေ့အကြုံကိုလည်း အောက်ပါအတိုင်မျှဝေခဲ့တာလည်းဖြစ်ပါတယ်။ အရမ်းကောင်းသလို အရမ်းကြောက်ဖို့ကောင်းလို့ သိပ်မကြောက်တတ်တဲ့ကိုယ်တောင်အော်မိသွားတယ်လို့ ပြောပြခဲ့ပါတယ်။

အိစိကွေးဟာ အလှူအတန်းနဲ့ ပါတ်သတ်လာရင်လည်းလက်မနှေးတတ်တဲ့ လူငယ်တစ်ယောက်ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေမှာလည်း ငွေအားသာမက လူအားနဲ့ပါ ပါဝင်ကူညီတတ်သူလည်းဖြစ်ပါတယ်။

#A

Leave a Comment