လူနေရပ်ကွက်ထဲ လေယာဉ်ပျက်ကျလို့၊ (၂၅)ဦးသေဆုံး - Bees Media Myanmar

ကွန်ဂိုနိုင်ငံအရှေ့ပိုင်း၊ ဂိုမာမြို့မှာ လေယာဉ်တစ်စီးဟာ လူနေအိမ်ခြေတွေပေါ်ကို ပျက်ကျခဲ့ရာ အနည်းဆုံး (၂၅)ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။ အဆိုပါလေယာဉ်ပေါ်မှာ လူ(၁၇)ဦး လိုက်ပါလာခဲ့ပြီး၊ လေဆိပ်ကနေ ထွက်ခွာလာလို့ မကြာမီမှာ ပျက်ကျခဲ့တာပါ။

သတင်းတွေမှာတော့ လေယာဉ်ဟာ စတင်ထွက်ခွာစဉ်ကတည်းက လူနေအိမ်ခြေတွေနဲ့မလွတ်ဘဲ တိုက်မိပြီး ပျက်ကျခဲ့ရတာလို့လည်း ဆိုကြပါတယ်၊ မြေပြင်အိမ်ခြေတွေမှာရှိတဲ့ လူ(၁၀)ဦးအထိ သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။ လေယာဉ်ပေါ် လိုက်ပါလာသူတွေအနက် လေယာဉ်အမှုထမ်းတစ်ဦးနဲ့ ခရီးသည်တစ်ဦး အသက်ရှင်ခဲ့ပါသတဲ့။

National Border Health Program ရဲ့အဆိုအရ ဒဏ်ရာရရှိသူတွေကို ဆေးရုံအမြန်ပို့ထားရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ခဲ့ရာနေရာဟာ ဂိုမာမြို့က လေဆိပ်အနီးက လူနေရပ်ကွက်မှာ ဖြစ်ပြီး၊ လေယာဉ်ကွင်းကိုမရောက်ခင်မှာ လေယာဉ်ကို လိုတာထက်ပိုပြီး နိမ့်ဆင်းခဲ့ပုံပါဘဲ။

ပျက်ကျခဲ့တဲ့လေယာဉ်ကတော့ Dornier 228-200 အမျိုးအား လေယာဉ်ငယ်ဖြစ်ပြီး၊ ဒေသခံကုမ္ပဏီတစ်ခုဖြစ်တဲ့ Busy Bee ရဲ့လက်အောက်မှာ ပြေးဆွဲနေတဲ့ လေယာဉ်ဖြစ်ပါတယ်။ အခုလေယာဉ်ဟာ မိုင်(၂၂၀)အကွာက ဘီနီမြို့ကို ဦးတည်ပျံသန်းမယ့် လေယာဉ်လို့ သိရပါတယ်။

Leave a Comment