လူရောင်းစားခံရတဲ့ ကျားဖောင်ပေါ်တွင်ဖြစ်သည့်ကိစ္စ အလုပ်ရှင်နှင့်မသက်ဆိုင်ဟုဆို - Bees Media Myanmar

ကျားဖောင်ပေါ်တွင်ဖြစ်သည့်ကိစ္စသည် အလုပ်ရှင်နှင့် မသက်ဆိုင်ဘဲ အလုပ်သမားအချင်းချင်း မသင့်မြတ်သောကြောင့် ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ကျားဖောင်လုပ်ငန်းအချို့တွင် အလုပ်သမားများအား မတရားခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်မှု ၊ သေဆုံးမှု အစရှိသည့်ပြဿနာများနှင့်မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း အကုန်သိသတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှ ကျားဖောင်လုပ်ငန်းအချို့တွင် အလုပ်သမားများအား မတရားခိုင်းစေမှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်မှု ၊ သေဆုံးမှု အစရှိသည့်ပြဿနာများနှင့်မေးမြန်းခဲ့ရာတွင် အထက်ပါအတိုင်း အကုန်သိသတင်းဌာနသို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

“ အလုပ်ရှင်တွေက လူတွေကိုမတရားခိုင်းပြီး ကျားဖောင်လုပ်ငန်းကိုသွားလုပ်နေတာမရှိဘူး။ သူတို့လည်း ကျားဖောင်လုပ်ငန်း စီးပွားဖြစ်ချင်တယ်။သူတို့ပဲလုပ်လို့မရလို့ အလုပ်သမားငှားလုပ်တယ်။ အလုပ်သမားရှားတော့ ကြုံတယ့်လူငှားတယ်။ အလုပ်ဖောင်မှာ ဖြစ်တဲ့ကိစ္စက အလုပ်ရှင်နဲ့ မပတ်သက်ဘူး ။ အလုပ်ရှင်က ပိုက်ဆံထုတ်တာ။ အလုပ်ရှင်က အမြဲတမ်းခံရတဲ့ဘက်ကချည်းပဲ။ အလုပ်ရှင်ကလည်း ဖောင်ပေါ်မှာ သွားနေတာမဟုတ်ဘူး။ ဖောင်ပေါ်မှာသွားနေတာက အလုပ်သမားတွေချည်းပဲ။

အလုပ်သမားတွေ သူတို့အချင်းချင်းမသင့်မြတ်လို့ ဖြစ်ကောင်းဖြစ်နိုင်တယ်”ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင်က ပြောသည်။တက္ကသိုလ်ကျောင်းသားတစ်ဦးအား လူကုန်ကူးကာ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့၊ ကဗျက်ကျေးရွာရှိ ကျားဖောင်လုပ်ငန်းသို့ ရောင်းစားခဲ့ရာ လက်ရှိတွင် အဆိုပါကျောင်းသားမှာ ပြန်လည်လွတ်မြောက်လာပြီး လူကုန်တားရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။



Leave a Comment