ဝက်ခြံတွေအမြန်ဆုံးပျောက်စေမယ့်နည်း - Bees Media Myanmar
Before-And-After Makeup Photos Show Young Woman's Acne-Ridden Face |  HuffPost Canada

ပျိုမေတို့ရဲ့ လှတစ်မျက်နှာလေးကို ဖျက်လိုဖျက်စီးလုပ်တတ်တာက ကိုကိုဝက်ခြံတွေပါ။ ဝက်ခြံတွေပေါက်နေတဲ့ ပျိုမေလေးတို့အနေနဲ့ အပြင်သွားခါနီးတိုင်း မျက်နှာကြည့်ပြီး စိတ်ဆင်းရဲရမှာ အသေအချာပါ။ ဝက်ခြံတွေမြင်မကောင်းအောင် အများကြီးထွက်နေတာမျိုးလည်းမဟုတ်ဘဲ မျက်နှာပေါ်မှာ ဟိုနားနည်းနည်း၊ ဒီနားနည်းနည်းနဲ့ အမြဲမပြတ်ထွက်နေတာမျိုးကလည်း လူကိုအနေရခက်စေပါတယ်။ ဒါကြောင့် ပျိုမေတို့ မျက်နှာပေါ်မှာ အမြဲမပြတ်နေရာယူထားတဲ့ ဝက်ခြံတွေကို လုံးဝသက်သာစေပြီး မှန်ကြည့်တိုင်း စိတ်ချမ်းသာစေမယ့် နည်းလမ်းလေးတွေကိုဖော်ပြပေးချင်ပါတယ်။

30 Beauty Tips: Get Rid of Acne for Smooth Skin
  • ဝက်ခြံလေးတစ်လုံး၊နှစ်လုံး ထွက်လာရင် လက်နဲ့သွားသွား ညှစ်ချင်ပါတယ်။ လုံးဝမညှစ်ပါနဲ့၊ လက်နဲ့ မကြာခဏထိတွေ့ခြင်းက ဝက်ခြံကို ပိုဆိုးစေပြီး အမာရွတ်ထင်းထင်းကြီးတွေဖြစ်စေပါတယ်။ ဒါကြောင့် လက်နဲ့ လုံးဝမထိ၊ မညှစ်မိအောင်နေပါ။
  • မနက်တစ်ကြိမ်၊ ညတစ်ကြိမ်ပုံမှန် မျက်နှာသစ်ပြီးပြီးချင်း၊ ဝက်ခြံထွက်နေတဲ့နေရာကို မိနစ်အနည်းငယ်လောက် ရေခဲကပ်ပေးပြီး ကိုယ်လုပ်နေကျ skin care အဆင့်လေးတွေကိုသေချာလုပ်ပေးပါ။
  • မျက်နှာသုတ်ပုဝါ၊ ခေါင်းအုံးစွပ်နဲ့ အိပ်ယာခင်းကို သန့်အောင် ထားပေးပါ။ တတ်နိုင်ရင် တစ်ပတ်တစ်ခါလောက် လဲပေးပါ။
1 Bath, 3 Ways: A Trio of Bathroom Makeovers | Towel storage, Small  bathroom storage, How to roll towels
  • နာရီဝက်လောက် လမ်းလျှောက်ပေးတာ၊ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ပေးတာနဲ့ အိပ်ချိန်လုံလောက်အောင် အိပ်ပေးတာက ခန္ဓာကိုယ်တွင်းက ဇီဝရုပ်ဖြစ်ပျက်မှုကို မှန်မှန်ကန်ကန် လည်ပတ်စေတာကြောင့် မျက်နှာပေါ်က ဝက်ခြံတွေသက်သာအောင် ကူညီပေးပါတယ်။
  • စိတ်ဖိစီးမှုတွေ အမြဲဖြစ်နေရင် cortisol hormone ကို များများထွက်စေတာကြောင့် ဝက်ခြံကပျောက်တယ်ရယ်လို့ မရှိတော့ပါဘူး။ ဒါကြောင့် စိတ်ဖိစီးမှုလျော့နည်းအောင် စိတ်အပန်းဖြေတာမျိုး လုပ်ပေးပါ။
  • အဆက်မပြတ်ဖြစ်နေတဲ့ ဝက်ခြံတွေပျောက်အောင် ဒီနည်းလေးတွေနဲ့ပေါင်းတင်ပါ။
    နနွင်းမှုန့်အနည်းငယ်ကို ရေအနည်းငယ်နဲ့ရောပြီး အနှစ်ဖြစ်အောင် လုပ်ကာ ဝက်ခြံဖြစ်နေတဲ့နေရာမှာ လိမ်းပေးထားလိုက်ပါ။ နာရီဝက်ကြာရင် ရေနွေးနွေးလေးနဲ့ဆေးချပေးပါ။ တစ်နေ့တစ်ကြိမ် လုပ်ပေးလိုက်မယ်ဆို ပျိုမေတို့ကို စိတ်ဒုက္ခပေးနေတဲ့ ဝက်ခြံတွေ လုံးဝသက်သာသွားပါလိမ့်မယ်။
Homemade Natural Face Scrubs for Healthy Skin | Femina.in
  • ရှားစောင်းလက်ပပ်အတွင်းသား အနည်းငယ်ကိုယူပြီး ပျားရည်အနည်းငယ်နဲ့ရောမွှေကာ ဝက်ခြံရှိတဲ့နေရာမှာ လိမ်းပေးပါ။ နာရီဝက်လောက် ထားပြီး ရေအေးနဲ့ မျက်နှာသစ်ပေးပါ။ တစ်နေ့တစ်ကြိမ် ပုံမှန်လုပ်ပေးရင် ဝက်ခြံအဆက်မပြတ်ထွက်နေတဲ့ ပြဿနာကိုဖြေရှင်းပေးပါလိမ့်မယ်။
  • အာလူးကို အလွှာလေးတွေလုပ်ပြီး ဝက်ခြံရှိတဲ့နေရာမှာ ၁၅ မိနစ်လောက် ကပ်ထားပေးလိုက်ပြီး ရေအေးနဲ့ပြန်ဆေးချပေးပါ။ ညအိပ်ခါနီးတိုင်း လုပ်ပေးရုံနဲ့ ဝက်ခြံတွေ ထပ်မထွက်အောင် တားဆီးပြီးသားဖြစ်စေမှာပါ။ သည်နည်းလမ်းလေးတွေက ပျိုမေတို့မျက်နှာကိုအကြည့်ရဆိုးစေတဲ့ ကိုကိုဝက်ခြံတွေကို တိုက်ထုတ်ဖို့ ကောင်းကောင်းကြီးကူညီပေးနိုင်ပါလိမ့်မယ်။

Trust me,

Admin N

Leave a Comment