နိုင်ငံခြားမှာ များသောအားဖြင့် ကြွက်သားကြီးအောင် ကိုယ်လုံးကိုယ်ပေါက် ထွက်အောင် Body Building လုပ်ဖို့ ဝိတ်တင်လာကြပါတယ်။ များသောအားဖြင့် ဝိတ်တင်သူတွေဟာ အစားရှောင်စရာ မလိုပါဘူး။ ဒါပေမယ့် အခုပြောတဲ့ နည်းလမ်းတွေကို စနစ်တကျလိုက်နာရင် ပိုပြီးတော့မြန်မြန်ဝိတ်တက်လာစေမှာ သေချာပါတယ်။
ပါးစပ်နဲ့အစားမပြတ်စေနဲ့

ဝိတ်တက်လာဖို့အတွက် များများစားပေးဖို့လိုပါတယ်။ တစ်ကယ်တော့လည်း ဝိတ်တင်ခြင်းနဲ့ ဝိတ်ချခြင်းဆိုတာဟာ ကယ်လိုရီတင်တာနဲ့ ကယ်လိုရီချတာပဲ ဖြစ်ပါတယ်။ လုံလောက်တဲ့ ကယ်လိုရီမစားသုံးရင် ဝိတ်တက်မှာမဟုတ်ပါဘူး။ စားသုံးရမယ့် ကယ်လိုရီပမာဏကတော့ လူပေါ်လိုက်ပြီး အတိုး/အလျှော့ရှိပါတယ်။ အသားနည်းနည်းပဲရှိတဲ့ ပိန်လှီလှီလူတွေအတွက်တော့ အခြားသူတွေထက် အများကြီးပိုစားပေးရမယ်ဆိုတာ မမေ့ထားသင့်ပါဘူး။
ပရိုတိန်းနဲ့ ကာဗွန်ဟိုက်ဒရိတ်ပါတာတွေ များများစားပေးပါ

အားကစားလုပ်မယ့်သူတွေအတွက် အရေးကြီးဆုံးဓါတ်နှစ်မျိုးဖြစ်တဲ့ ပရိုတိန်းနဲ့ ကာဗွန်ဟိုက်ဒရိတ်တွေကတော့ ပိုစားပေးရမှာပါ။ ပရိုတိန်းမှာပါတဲ့ အမိုင်နိုအက်ဆစ်ဟာ ကြွက်သားထုတက်စေဖို့ အကူအညီပေးပါတယ်။ ဒီတော့ ပရိုတိန်းများများစားပါ။ ကိုယ်အလေးချိန် ၁ ပေါင်တိုင်း ၁ ဂရမ်နှုန်းနဲ့ စားပေးရမှာပါ။ ပေါင် ၁၅၀ ရှိတဲ့သူဆိုရင် ပရိုတိန်းဂရမ် ၁၅၀ စားရမှာ ဖြစ်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်စားတာလည်း ကြွက်သားတွေ အမြန်ဖွံ့ဖြိုးစေပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ဟာ ကြွက်သားထဲက Glycogen ပမာဏပိုမြင့်စေပြီး အားကစားလုပ်ချိန်မှာလည်း ပိုပြီး လုပ်ဆောင်နိုင်စွမ်း မြင့်မားလာစေပါတယ်။
အလေးတွေကို မိမိမနိုင်တာထက် ပို မပေးပါ

GYM ဆော့တဲ့အချိန်မှာ ဝိတ်တိုးလာဖို့ဆိုရင် အရေးကြီးဆုံးက ဝိတ်တင်မပေးဖို့ပါ။ ဝိတ်တင်တဲ့အချိန်မှာ နောက်ဆုံးအဆင့်အနေနဲ့ ဝိတ်မ တဲ့ အလေးချိန်ကို ပိုတိုးပြီးဆော့ပါ။ အားကစားလုပ်နည်းတွေလည်း ပိုစုံစုံနဲ့များများဆော့ပေးဖို့ လိုပါတယ်။ အားကစားအစုံလုပ်ခြင်းဟာ ကြွက်သားတွေကို နေရာမလပ်တက်လာအောင် လှုံ့ဆော်ဖို့ အထိရောက်ဆုံး နည်းလမ်းတစ်ခု ဖြစ််ပါတယ်။
အိပ်ရေးဝဝအိပ်ပါ

ဝိတ်တင်တဲ့သူတွေအတွက် အိပ်ရေးဝဝအိပ်ဖို့ သိပ်အရေးကြီးပါတယ်။ ဘယ်လောက်ဆော့ဆော့ ဘယ်လောက်ပဲစားစား အိပ်ရေးဝဝမအိပ်ရရင် အလကားပဲ။ ဒါကြောင့် ဝိတ်တင်ချင်သူများအနေနဲ့ အိပ်ရေးဝဝ အိပ်ပေးဖို့ အကြံပြုတာပါ။ စားလည်းစားမယ်။ ပုံမှန်လည်းဆော့ပေးမယ်။ အိပ်ရေးဝဝလည်းအိပ်ရတယ်ဆိုရင်တော့ တစ်နှစ်အတွင်း ၆လအတွင်း သင့် Body အချိုးအစားဟာ ကိုယ်လိုချင်တဲ့ပုံစံအတိုင်းအတာတစ်ခုစီ ရောက်ရှိနေဖို့ သေချာသလောက်ပါပဲ။
အားလုံးပဲ စော်ကြည့် ဘဲကြည်တဲ့ ဘော်ဒီအချိုးအစားလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ Bees Media မှ ဆုတောင်းပေးပါတယ်။