သင့်အတွက် ဗဟုသုတ (၈၀) - Bees Media Myanmar

၁။ မြန်မာနိုင်ငံမှာ ပထမဆုံးဒေါက်တာဘွဲ့ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဖြစ်ပါတယ် ။

၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။

၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟပတေ့မင်း လက်ထက်ကစတင်ခဲ့တာပါ ။

၄။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။

၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧပြီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။

၆။ ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ် ။

၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးဦးဘိုးလှိုင်က စတင်တီထွင်ခဲ့ပါတယ် ။

၈။ မြန်မာနိုင်ငံတွင် ဆည်ရေသောက်စပါးကို အနော်ရထာမင်းလက်ထက်က ကျေက်ဆည်ခရိုင် တွင် စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ် ။

၉။ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့သော အနောက်နိုင်းငံမှ နယ်ချဲ့များကို ပထမဆုံးချေမူန်းခဲ့သူမှာ အနောက်ဘက်လွန်မင်း ဖြစ်ပါတယ် ။

၁၀။ ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာပါ။

၁၁။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သော ဥရောပတိုက်သားမှာ အီတလီလူမျိုး ဗင်းနစ်မြို့သား နီကိုဒီကွန်တီ ဖြစ်ပါတယ် ။

၁၂။ မြန်မာ့ပထမဆုံးလွှတ်တော်သည် သက္ကရဇ် ၅၇၃ ခုနှစ် ဇေယျာသင်္ခမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့တာပါ ။

၁၃။ ဆူးလေစေတီကို သာသနာတော်နှစ် ၂၃၅ ခုနှစ်က တည်ခဲ့တာပါ ။

၁၄။ မြန်မာနို်င်ငံမှာ ပါဠိပထမပြန်စာမေးပွဲကို ၁၈၇၅ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ် ။

၁၅။ မြန်မာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။

၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

၁၇။ လေယာဉ်ပြန်စီးပြီးရိုက်ကူးသည့် မြန်မာ့ပထမဆုံးရုပ်ရှင်မှာ” လူစွမ်းကောင်း”ဖြစ်ပါတယ်။

၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏ ” စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။

၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို ဒုတိယကမ္ဘာစစ်မဖြစ်မီက တွံတေးမြို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။

၂၀။ မြန်မာ့ပထမဆုံးမြို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ် ။

၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ ” ဆောင်းဒါးစ် ” ယက်ကန်းကျောင်းဖြစ်ပါတယ် ။

၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတမြို့မှ ၇ နှစ်သားလေး “မောင်ဘိုဘို ” ဖြစ်ပါတယ် ။

၂၃ ။ စန္ဒယားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်ပြီး ၁၉၁၀ ပြည့်နှစ်တွင် စတင်တီးခတ်ခဲ့သည် ။

၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည်မယ်မြင့်ဖြစ်ပြီး ၁၉၁၅ ခုနှစ် ဧပြီလကထုတ်ဝေခဲ့တာပါ ။

၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ ၁၉၄၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း ” အား ” ဖြစ်ပါတယ်။

၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။

၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ ဦးညီပုဖြစ်ပြီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ မအေးကြည်ပါတဲ့။

၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်ပြီး ပထမဆုံးမြန်မာဒါရိုက်တာမှာ ဦးတုတ်ကြီး ဖြစ်ပါတယ် ။

၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ခဲ့တာပါ ။

၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ ” ကြက်တောင်ကွ ” 1934 ဖြစ်တယ်တဲ့။

၃၁။ပထမဆုံးနိုင်ငံခြားတွင်ရိုက်ကူးသော မြန်မာ့ရုပ်ရှင်မှာ ” ဂျပန်ရင်သွေး ” 1936 နိုင်ငံမှာ ရိုက်ခဲ့တာပါ။

၃၂။ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်မှာ ကိုဘတင့် ” ခင်ခင့်မှာပုံတော် 1920 ဖြစ်ပါတယ် ။

၃၃။ မြန်မာ့ပထမဆုံးရုပ်ရှင်ရုံ တည်ထောင်သူမှာ ဆရာဦးသွင်ပါ ။

၃၄ ။ မြန်မာ့ပထမဆုံး အကယ်ဒမီရမင်းသားမှာ ဦးကျော်ဝင်း ချစ်သက်ဝေဇတ်ကား ၁၉၄၅ ဖြစ်ပြီး အကယ်ဒမီရမင်းသမီးမှာ ဒေါ်ကြည်ကြည်ဌေး ချစ်သက်ဝေဖြစ်ပါတယ် ။

၃၅။ ပထမဆုံးမြန်မာ တာဇံကားမှာ ရဂုံမြိုင် ” ဒါရိုက်တာ ဆရာမြင့်ဖြစ်ပါတယ် ။

၃၆။ မြန်မာနိုင်ငံရဲ့ ပထမဆုံး Camera woman မှာ ဒေါ်ခင်

၃၇။ ပထမဆုံးရုပ်ရှင်ဟာသသရုပ်ဆောင်မှာ ” ပေါစံကြီးဖြစ်ပါတယ် ။

၃၈။ ပထမဆုံးမြန်မာ့ DVD ဇာတ်ကားမှာ ဒါရိုက်တာမီးပွားရိုက်တဲ့ ” အချစ်၏ တန်ခိုးများ ” ဖြစ်ပါတယ် ။

၃၉။ မင်း ၃ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ “မိဖုရားဖွားစော” ဖြစ်ပါတယ်

၄၀။ မင်း ၅ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ ” ရှင်ဘို့မယ် ” ဖြစ်ပါတယ် ။

၄၁။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာမှာ ” မြန်မာ့အဆွေ” သတင်းစာဖြစ်ပါတယ် ။

၄၂။ တောင်ငူမင်းနောက်ဆုံးမင်းမှာ ” နတ်သျှင်နောင် ” ဖြစ်ပါတယ် ။

၄၃။ မြစေတီကျောက်စာ ရေးထိုးသောခုနှစ်မှာ “ခရစ်နှစ် ၁၀၇၇ ဖြစ်ပါတယ်။

၄၄ ။ ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များမှာ ” သခင်မြ ၊ သခင်အောင်ဆန်း တို့ဖြစ်ပါတယ် ။

၄၅။ ပထမဆုံးသွားတိုက်တံကို ၁၄၉၈ ခုနှစ်တွင်တီထွင်ခဲ့သည်။

၄၆ ။ ပထမဆုံး အင်္ဂလိပ် ဒေရှင်နရီ ကို ၁၇၅၅ ခုနှစ်တွင် ရေးသားခဲ့တာတဲ့ ။

၄၇။ ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်တွေပေးသော သင်္ဘောအမည်မှာ “စစ်ရေယာဉ်မေယု ” ဖြစ်ပါတယ် ။

၄၈ ။ ဂျပန်ကမြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောနေ့မှာ “1-8-1943 ဖြစ်ပါတယ် ။

၄၉။ ရဲဘော်သုံးကျိပ်တွင် စစ်ပညာမသင်ပဲ အုပ်ချုပ်ရေးပညာသာသင်သူမှာ ” သခင်ထွန်းအုပ် ” ဖြစ်ပါတယ် ။

၅၀။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်နှင့်တိုက်ခဲ့သော မွန်ဘုရင် အမည်မှာ ” သုရှင်တကာရွတ်ပိ” ဖြစ်ပါတယ် ။

သုတအဖြာဖြာ ( ၂)
❆ ❆ ❆ ❆ ❆ ❆ ❆ ❆

၁။ နာမည်ကျော်သီချင်နှစ်ပုဒ်ဖြစ်သော
” နဂါးနီ နှင့် လွတ်လပ်ရေး ဟူသောသီချင်းနှစ်ပုစ်၏စာသားကိုရေးခဲ့သူမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု ” ဖြစ်ပါတယ်။

၂။ စာပေလောကထဲမှ ပထမဆုံး မြန်မာ စတန့်မင်းသားဟာ စာရေးဆရာကြီး ” ဦးပဂျီငို “ဖြစ်ပြီး ” နဖူးစာရွာလည် “စတန့်ဇတ်ကြမ်းကို ၁၉၂၃ ခုနှစ် မေလအတွင်း( ယခုဗိုလ်ချုပ်အောင်ဆန်းစျေး နေရာ)
“စီနီမာဒီပဲရစ်”ရုပ်ရှင်ရုံတွင်ပြသခဲ့တာတဲ့ ။

၃။ အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးစဉ်က မြန်မာကိုယ်စားလှယ် နှစ်ဦးက လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်တဲ့ အဲ့ဒီနှစ်ဦးဟာ “ဂဠုန်ဦးစော နဲ့ သခင်ဘစိန်” တို့ဖြစ်ပါတယ်။

၄။ မြန်မာနိုင်ငံ၏ ဗဟိုချက်ဟာ မြစ်သားမြို့နယ်၊ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွှေတောင်ပေါ်မှာဖြစ်ပါတယ် ” မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်ကျောက်တိုင်” ကို မြန်မာနိုင် ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားပါတယ်တဲ့ ။

၅။ ထိုင်းဘုရင် ဗြနရဇ်(ခရစ်နှစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်နဲ့ယောက်ဖတော်စပ်တယ်တဲ့ ဗြနရဇ်၏ အစ်မတော်”အမျိုးရုံမင်းသမီး”သည် ဘုရင့်နောင်၏ မိဖုရားဖြစ်တယ်တဲ့ ။

၆။ နာမည်ကျော်ကဗျာဆရာကြီး ရာဘင်ဒြာ နာ့သ်တဂိုး ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့တယ်တဲ့ (၁၉၁၆ခုနှစ်၊ မေလ ၊၇ ရက်မှ ၉ ရက်ထိ တစ်ကြိမ် ) (၁၉၂၃ ခုနှစ်၊ မတ်လ ၂၄ရက်မှ ၂၇ ရက်နေထိ ) တစ်ကြိမ်

၇။ အင်္ဂလိပ်အမည်နဲ့ ပုဂံဘုရားတစ်ဆူရှိပါတယ် ပုဂံဓမ္မာရုံကြီး လမ်းခွဲအနီးမှာ “စကိုဗယ် ပေါ်တော်မူ” ဘုရားဖြစ်ပါတယ် ။

၈။ သိပ္ပံမောင်ဝ ( အမည်ရင်း -ဦးစိန်တင်)၏ ကလောင်ခွဲဟာ ၅၁ ခုရှိတယ်တဲ့ ။

၉။ အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူပြီး မြန်မာသက္ကရဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှာ ပြည်တွင်းသုံး ငွေဒင်္ဂါးအဖြစ် ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ပါတယ်တဲ့ ။

၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (၁၈၈၆- ၁၉၆၂ ) ဖြစ်သည်။

၁၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်းမင်းကြီးသား မောင်ကံ ဆိုသူက စထွင်ခဲ့တာပါတဲ့ ။

၁၂။ မြန်မာနိုင်ငံအား ” ဗားမား” ဟူသောအင်္ဂလိပ်အမည်မှ”မြန်မာ” ဟူသော အင်္ဂလိပ်အမည်သစ်သို့၁၉၈၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်တဲ့။

၁၃။ မြန်မာနိုင်ငံတော် သီချင်းကို ဝိုင်-အမ်-ဘီ ဆရာတင်ကရေးစပ်ပြီး ၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရွှေတိဂုံဘုရားရင်ပြင်၏ ရာဟုထောင့် တွင် ပထမဆုံးသီဆိုခဲ့တယ်တဲ့ ။

Leave a Comment