ဟာသသရုပ်ဆောင် မော့စ် ကိုယ်တိုင်စိတ်ကြိုက်ဆောက်ခဲ့ပေမယ့် မနေလိုက်ရတဲ့ အိမ်ကြီး - Bees Media Myanmar

ဟာသလူရွှင်တော်ဦးမော့စ်ကတော့ ပရိသတ်တွေကို ပြုံးပျော်ရွှင်မှုတွေနဲ့ စိတ်ချမ်းအေးစေနိုင်ခဲ့တဲ့ အနုပညာရှင်ကြီးတစ်ဦးဖြစ်ပါတယ်။ ဟာသလူရွှင်တော်ဦးမော့စ် ဆုံးပါးသွားခဲ့တာ (၆) နှစ်ကြာခဲ့ပြီဖြစ်ပါတယ်။ သို့ပေမယ့်လည်း ဦးမော့စ်ကို ယနေ့အချိန်ထိ သတိတရနဲ့ ပြန်လည်တမ်းတနေတဲ့ ပရိသတ်တွေကတော့ ရှိနေဆဲပါ။ လူရွှင်တော်မော့စ်ကတော့ သူနေထိုင်ဖို့အတွက် အိမ်ကြီးတစ်လုံးကို ကိုယ်တိုင်စိတ်ကြိုက်ဆောက်ခဲ့ပေမယ့်လည်း မနေခဲ့လိုက်ရဘဲ လောကကြီးကနေအပြီးပိုင်ထွက်သွားခဲ့တာဖြစ်ပါတယ်။ဦးမော့စ်ရဲ့ သူကိုယ်တိုင်စိတ်ကြိုက်ဆောက်ခဲ့တဲ့ အိမ်ကြီးကို သားဖြစ်သူ ထိုက်စံမော့စ်က လက်ရှိမှာ နေထိုင်နေတာဖြစ်ပါတယ်။

ဦးမော့စ်က လက်သမားဘဝက တက်လာပြီးတော့ဇာတ်ထဲကလာတာမို့ ဆိုင်းဝိုင်းတွေမြတ်နိုးပြီး ပြုလုပ်ထားတာပါ

ဒါလေးကတော့ ဦးမော့စ်ရဲ့အိမ်ထဲက ဧည့်ခန်းလေးပါ


ဒီနေရာလေးကတော့ ဦးမော့စ်ရဲ့စိတ်ကြိုက်အိမ်ထဲက ဘားလေးတစ်ခုပါ

ဒီအခန်းလေးကတော့ ဦးမော့စ်သက်ရှိထင်ရှားရှိစဉ်တုန်းက နေမယ်လို့စိတ်ကူးထားတဲ့အခန်းလေးပါ ဒါပေမယ့် မနေလိုက်ရဘူးလို့ ထိုက်စံမော့စ်က ဆိုပါတယ်
အောက်တိုဘာလ ၂၇ ရက်နေ့က လက်ထပ်ထိမ်းမြားလိုက်တဲ့ ဦးမော့စ်ရဲ့သား ထိုက်စံမော့စ်ရဲ့ ဇနီးသည် ဒေါက်တာမေသူပဲဖြစ်ပါတယ်။

ဦးမော့စ်က သူ့ရဲ့အိမ်ကြီးကို သူကိုယ်တိုင်စိတ်ကြိုက်တည်ဆောက်ခဲ့တာပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ ဦးမော့စ်တစ်ယောက် သူဆောက်ခဲ့တဲ့အိမ်လေးမှာ မနေခဲ့လိုက်ရပါဘူး။ ဦးမော့စ် သူချစ်တဲ့မိသားစုကြီးနဲ့ပရိသတ်တွေကိုစွန့်ခွာသွားခဲ့တာ (၆) နှစ်ပြည့်တော့မှာပဲဖြစ်ပါတယ်။ ဦးမော့စ်ကို သတိရနေတဲ့ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။

#A

Leave a Comment