"အကျီဝယ်တဲ့အခါ သတိထားရမယ့်အချက်တစ်ချို့" - Bees Media Myanmar

Shopping ထွက်တဲ့အခါမျိုးမှာ ယောကျာ်လေးအများစုက မိန်းကလေးတွေလောက် အချိန်အများကြီးပေးပြီး အဝတ်အစားရွေးချယ်ဝယ်ယူလေ့မရှိကြပါဘူး။ဒီဇိုင်းကြိုက်တယ် ကိုယ်မှန်းတဲ့ဈေးနှုန်းနဲ့လည်း သင့်တင်တယ်ဆိုရင်ထွေထွေထူးထူး စဉ်းစားမနေတော့ပဲဝယ်လိုက် ကြတာများပါတယ်။

ဒီလိုလုပ်ခြင်းကအချိန်မကုန်ဘူး အာရုံသိပ်မနောက်ရဘူးဆိုပေမယ့် အမှားတွေအများကြီးဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကွီးတို့အနေနဲ့ အဝတ်အစားဝယ်တော့မယ် ဆိုရင်ဒီအချက်တွေကိုအရင်ဆုံးသတိပြုကြည့်ပါ။

ဈေးနှုန်းကို မကြည့်ပါနဲ့

ဈေးကြီးပေးရလေ ကိုယ်နဲ့လိုက်ဖက်မှုရှိပြီး အရည်အသွေးပိုကောင်းတဲ့ အဝတ်အစားမျိုးရနိုင်လေဆိုတာ တကယ်တော့လုံးဝကြီးမှန်မနေပါဘူး။ဈေးကြီးပေးတိုင်းလည်း ကိုယ်နဲ့ ကိုက်ညီချင်မှကိုက်ညီမှာပါ။အဓိကကိုယ့်ရဲ့ ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ဝတ်ရတာသက် တောင့်သက်သာရှိစေတဲ့အကျီ ၤမျိုးကိုသာရွေးချယ်ဝတ်ဆင်သင့်ပါတယ်။လေးငါးခြောက်ထောင်တန်အကျီ ၤတစ်ထည်ဖြစ်နေပါစေ ကိုယ်နဲ့လိုက်ဖက်မှုရှိပြီး ကိုယ့်ကိုယ်ကိုယုံကြည်မှုတိုးစေတယ်ဆိုရင်တော့ ရဲရဲကြီးသာဝတ်လိုက်ပါ။

မဝယ်ခင်အရင်ဆုံးဝတ်ကြည့်ပါ

အကျီၤတစ်ထည်ကိုအမြင်နဲ့ကြည့်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ Fitting ကျမကျဆုံးဖြတ်ဖို့ဆိုတာခက်ခဲပါတယ်။ အကောင်းဆုံးကတော့ မဝယ်ခင်အရင်ဆုံးဝတ်ကြည့်ပြီးကိုယ်နဲ့ အဆင်ပြေမှယူတာကောင်းပါတယ်။ အဝတ်အစားရောင်းတဲ့ဆိုင်တော်တော်များများမှာလည်း Fitting Room တွေထားပေးထားတာကြောင့် ဒီဇိုင်းလေးလှရုံ ဈေးနှုန်းလေးသင့်တင်ရုံနဲ့ မဝယ်လိုက်ပါနဲ့။ အရင်ဆုံးဝတ်ကြည့်ပါ။ဝယ်လာပြီးအိမ်ရောက်မှ အဆင်မပြေဖြစ်ရင် ပြန်လဲရတာဘာညာအလုပ်ပိုရှုပ်စေပါတယ်။

အားနာပြီးမဝယ်ပါနဲ့

ယောကျာ်းလေးအများစုရဲ့ ပြဿနာ မဝယ်ခင်အစမ်းဝတ်ကြည့်တဲ့အခါ တစ်နှစ်ကနေနှစ်ထည်ဖြစ်လာရင် ဆိုင်ရှင်တွေကို အားနာပြီးမဖြစ်မနေဝယ်လိုက်မိကြပါတယ်။ တစ်ချို့သော ဈေးရောင်းကျွမ်းကျင်တဲ့အရောင်းဝန်ထမ်းတွေဆိုရင်လည်း Customer ဝယ်ချင်လာအောင် အမျိုးမျိုးဆွဲဆောင်ပြောဆိုတာတွေရှိတက်ပါတယ်။ ”ဒီအရောင်လေးက အကိုနဲ့ လိုက်တယ် ဒီအဆင်လေးက ပိုခန့်တယ်” အစရှိသဖြင့် အပြောအဆိုညက်ညက်လေးတွေနဲ့ရောင်းတက်ကြပါတယ်။ ဒီလိုစကားတွေကိုလည်းနားမယောင်ပါနဲ့ အားမနာပါနဲ့။ ကိုယ်နဲ့အဆင်ပြေမှ ကြိုက်မှဝယ်ပါ။

အရည်အသွေးကိုဆန်းစစ်ပါ

Branded တံဆိပ်တိုင်းလည်း ကွာလတီကောင်းကောင်းနဲ့ အကျီ ၤတစ်ထည်ရဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ တစ်ချို့သောအဝတ်အစားတွေက ဈေးနှုန်းအတော်အသင့်သာရှိပေမယ့် ဈေးသင့်တယ်လို့ ထင်ရက်စရာမရှိအောင် အရည်အသွေးကောင်းမွန်တာမျိုးတွေရှိပါတယ်။ အကျီ ၤတစ်ထည်ဝယ်တော့မယ်ဆိုရင် အကျီ ၤအတွက် သုံးထားတဲ့အဝတ်စအသားတွေ ချုပ်ရိုးချုပ်သားတွေနဲ့ ဒီဇိုင်းကိုအဓိကထားရွေးချယ်သင့်ပါတယ်။ ဒါကြောင့်အကျီ ၤဝယ်မယ်ဆိုရင် ကိုယ်ဝယ်မယ့် အကျီ ၤရဲ့ ကွာလတီကောင်းမကောင်းတစ်ချက်ကို တစ်ချက်သုံးသပ်လေ့လာပြီးမှဝယ်ယူသင့်ပါတယ်။

Leave a Comment