အချင်းချင်း ရိုင်းပင်းကူညီရင်း ရေတံခွန်အောက် ပြုတ်ကျသေခဲ့ရတဲ့ ဆင် ၆ ကောင် - Bees Media Myanmar

ဆင်တွေဟာ တိရိစ္ဆာန်တွေထဲမှာ သင်လွယ်တတ်လွယ်ရှိလွန်းလို့ လူတွေရဲ့ချစ်ခင်လေးစားမှုကို ခံယူထားနိုင်တဲ့သူလေးတွေဖြစ်ပါတယ်။ ခွန်အားကြီးပေမယ့် သယ်ယူရွေ့ပြောင်းရမယ့်နေရာတွေမှာ ဆရာတစ်ဆူပါပဲ။ အခုဖော်ပြပေးချင်တာကတော့ ဆင်တွေရဲ့ မေတ္တာတရားလေးနက်မှုကိုပါ။ (တစ်ကယ်မျက်ရည်ကျချင်စရာပါ။)

ထိုင်းနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆင်ခြောက်ကောင်ကတော့ သူတို့ရဲ့မေတ္တာတရားကို ကမ္ဘာကသိအောင် ထုတ်ဖော်ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဆင်ကလေးတွေ ဒီလိုမျိုးစည်းလုံးညီညွှတ်ခဲ့ကြပေမယ့် တစ်ပြိုင်နက် သေဆုံးခဲ့တဲ့ ကိစ္စဟာဆိုရင် အတော်လေး စိတ်မချမ်းမြေ့ဖွယ်ရာဖြစ်ပါတယ်။ ဆင်ကလေးတွေသေဆုံးမှုဖြစ်ပွားခဲ့တာကတော့ ထိုင်းနိုင်ငံ ခိုရိုင်အမျိုးသားဥယျာဉ်အလယ်က ရေတံခွန်မှာဖြစ်ပွားခဲ့တာပါ။

သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကတော့ ဆင်ပေါက်လေးတစ်ကောင် ခြေချော်ကျတာကနေစတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ နောက်ထပ် ဆင်နှစ်ကောင်ကလည်း ချောက်ကမ်းပါးအစွန်းမှာ ကျလုကျခင်လေးမို့ အာဏာပိုင်တွေက ကယ်ဆယ်ထားလိုက်နိုင်ပါတယ်။ သေဆုံးသွားတဲ့ဆင်တွေကတော့ ဆင်ပေါက်လေးကို ဝိုင်းကယ်ဖို့ ကြိုးစားရင်းနဲ့ ရေတံခွန်အောက်ကိုပြုတ်ကျပြီး အသက်ဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

ဒီရေတံခွန်ဟာ ၁၉၉၂ ခုနှစ်တုန်းကလည်း ၈ ကောင် ဆင်အုပ်ပြုတ်ကျသေဆုံးဖူးတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ဒါကြောင့် ဒီရေတံခွန်ကို “ငရဲရေတံခွန်”လို့လည်း ဒေသခံများက အခြားအမည်အဖြစ် ခေါ်ဝေါ်ကြသေးကြောင်း သိရှိရပါတယ်။ အဆိုပါ ဆင်သေဆုံးမှုများပြားလှတဲ့ “ငရဲရေတံခွန်” အောက်ခြေနားက ဆင်ပေါက်လေးရဲ့ အနားပတ်ပတ်လည်မှာ သေဆုံးနေတဲ့ ဆင်ငါးကောင်ကို တွေ့ရှိခဲ့ကြတာပဲဖြစ်ပါတယ်။

တစ်ကယ်ကို သနားစရာလေးတွေပါပဲ။ သူတို့ရဲ့ ကြိုးစားမှုလေးတွေကိုတော့ ဘာပဲဖြစ်ဖြစ် ချီးကျုးရမှာပါ။ သံယောဇဉ်တစ်မျှင်ကြိုးအတွက် ကိုယ့်အသက်ကိုတောင် မငဲ့ပဲ ပေးဆပ်ခဲ့တဲ့ ဆင်တွေဟာ မျက်မှောက်ခေတ်လူသားတွေရဲ့စိတ်ကို တုန်လှုပ်သွားစေနိုင်မယ်လို့ မျှော်လင့်မိပါတယ်။

Admin N

Leave a Comment