အချိန် တစ်ပတ်လောက် နဲ့ စာအပိုင် ကျက်နည်း - Bees Media Myanmar

အချိန် တစ်ပတ်လောက် နဲ့ စာအပိုင် ကျက်နည်း 🙄😎📝

စာမေးပွဲကလည်း နီးသထက်နီးလာပြီ ။ ကိုယ့်သူငယ်ချင်း hyper တွေကတော့ စာတွေ ပိုင်ပြီး revision ပြန်နေကြပြီ ။ ကို်ယ့်မှာ ခုမှ စတုန်း ခုမှ စတော့မယ်လို့ ကြံတုန်းရှိတဲ့သူတွေ ဒီထက်လည််း အခြေနေမကောင်းဖြစ်နေတဲ့ကျောင်းသူ ကျောင်းသားတွေ ဘယ်လိုနည်းနဲ့ စာကျက်ဖို့ ပြင်ဆင်မလဲ ? မဖြစ်မနေ လုပ်သင့်တဲ့ study tips လေးတွေ မျှဝေပေးလိုက်ပါတယ်နော်…

၁. ကျက်ရမယ့် စာတွေ အကုန်စုပါ။ Note ထုတ်ပါ ။ 📝

စာမေးပွဲဖြေရတော့ပါမယ် ဆိုမှ စာတွေ မရှိနေလို့ မဖြစ်ဖူးလေ စာတွေ လိုက်မေးရမယ် ၊ မိတ္တူတွေ ဆွဲစရာ ရှိတာဆွဲလိုက်တော့ ။ အရေးကြီးဆုံးက ဘယ်ဘာသာမှာ ဘာလုပ်ရမယ်ဆိုတာ Note လေးနဲ့ ကိုယ်တိုင် ခေါင်းစဉ်လေးတွေ ရေးပြီး သီးသန့် မှတ်ထားလိုက်ပါ။ ဥပမာ english စာဆို Grammar တွေ ချရေးမယ်။ ကျက်စာတွေဆို ခေါင်းစဉ်တွေချရေးပြီး တွက်စာတွေဆိုရင် ပုံသေနည်းတွေ အရင်ချရေးပါ။

၂. Plan ဆွဲပါ။ Schedule လုပ်ပါ။ 📖

အဓိကက ရက်ပိုင်းအနည်းငယ်အတွင်းမှာ ကိုယ်ဘယ်ဘာသာတွေ အပြီးဖြတ်နိင်မလဲဆိုတာ ကြိုတင်ပြီး စီစဉ်ဖို့ လိုအပ်ပါလိမ့်မယ် ။ စာတွေ ဘယ်လောက်များလဲ ကိုယ်ဒီရက်မှာ ဘယ်အခန်းကို တွက်နိုင်မလဲ ? ဘယ်နှစ်ပုဒ် ကျက်နိုင်မလဲဆိုတာ ကိုယ့်ဘာသာ စီစဉ်ပြီး Schedule ဆွဲလိုက်ပါ။

၃. ဖုန်း လုံးဝမသုံးပါနဲ့ ။ 📱❌

ဒီအချက်ကတော့ ကိုယ့်စိတ်နဲ့ ဆိုင်တယ်။ တချို့ကတော့ ဖုန်းလုံးဝမသုံးဘဲ စာကျက်ဖို့ လုပ်တယ် ( မကျက်ရင် ဘာဖြစ်မလဲ ခုမှ သိတာကိုး ) ။ တချိ့တွေကတော့ ချင့်ချိန်တယ် စာလုပ်ပြီးမှ ဖုန်းသုံးတယ်။ ကိုယ်ဆွဲထားတဲ့ တစ်နေ့တာ plan လေး ပြီးသွားပြီဆိုရင်တော့ အေးဆေး ဖုန်းသုံးလို့ရတာပေါ့ ။

၄. မနက် စောစောအိပ်ရာထပါ။ 🙂

စာစလုပ်တော့မယ် လို့ ဆုံးဖြတ်ထားပြီ မလား ? သင့်ရဲ့ ပထမနေ့ရက်ကို မနက် ၆ ခွဲက စလို့ အိပ်ရာထလိုက်ပါ။ မနက်ခင်း ဦးနှောက်က ကြည်လင်နေတဲ့အချိန်မှာ ကိုယ်အားအနည်းဆုံး ဘာသာရပ်ကို အရင်ဆုံး လုပ်လိုက်ပါ။ ကျက်စာအားနည်းရင် ကျက်စာကျက် တွက်စာအားနည်းရင် တွက်စာကို အရင်တွက်ကြည့်ပါ။

၅ . သီးသန့်နေရာရွေးပါ။ 💛

စာလုပ်မယ့် ကျောင်းသူကျောင်းသားတွေအတွက် အဓိကလိုအပ်တာ စာကျက်မယ့်နေရာပါ။ အိ်မ်မှာဆိုလည်း ဆူဆူညံညံမဖြစ်စေမယ့် နေရာ၊ ဒါမှမဟုတ် အခန်းလေးတစ်ခန်းမှာ ကျက်ဖို့လုပ်ပါ။ ကိုယ့်စာကျက်နေချိန် အနှောက်ယှက်မပေးနိုင်ဖို့က အရမ်းအရေးကြီးပါတယ်။ တွက်စာတွက်မယ်ဆိုရင်တော့ နားထဲ နားကြတ်ကောက်တတ်ပြီးတော့သာ စာတွက်လိုက်ပါ။ ကျက်စာကျက်မရရင် ရေချိူးခန်းထဲသာ ဝင်ကျက်ပါ။ ( မကျက်ဖူးရင် ကျက်နော် သရဲကြောက်တတ်ရင်တော့ မသိဖူး )

၆. အာရုံစိုက်ပါ။ 📂🙇‍♀️

စာတစ်ပုဒ်ကို တွက်တာဘဲဖြစ်ဖြစ် ကျက်တာဘဲဖြစ်ဖြစ် အချိန်ဘယ်လောက်ကြာနိုင်မလဲ ? မိနစ်လေးဆယ်အတွင်း Alarm ပေးထားပြီး ကျက်လိုက်ပါ။ စာလုပ်နေချိန်မှာ အာရုံမပျံ့ဖို့ လိုအပ်တယ်နော်။ အချိန်ကို သတ်မှတ်ပြီး စာကို မှတ်နိုင်စွမ်းတိုးတတ်အောင် ကြိုးစားကြည့်ပါ။ သင် ဦးနှောက်မကောင်းတာမဟုတ်ပါဖူး သင်အာရုံတွေ လွင့်နေလို့ တစ်ပုဒ်ကျက်ရင် တစ်ရက်လောက်ကြာတာပါ။

၇.အနားယူပါ 😴

တချို့တွေက စာလုပ်ပြီဆို ခေါင်းထဲ ထည့်လို့ရသမျှ အကုန်ထည့်ပြီး ကျုံးလုပ်ကြတာ ရှိတယ်။ ဒီလို စာလေ့လာတာတွေက အခုချိန် ရပြီး နောက်နေ့ တွေ မေ့သွားနိုင်တယ်။ ပုံမှန် ဦးနှောက်က မှတ်နိုင်ရည်စွမ်းက သုံးနာရီလောက်လို့ယူဆကြတယ် ။ ဒီ Limit သူထက်ကျော်တယ်ဆိုရင် လုပ်သမျှစာတွေ မေ့နိုင်ဖို့ အလားလာရှိမှာပဲ။ အဲ့တော့ ခဏလေး အနားပေးလိုက်ပါ။ ကို်ယ်နှစ်သက်တဲ့ သီချင်းလေးဖြစ်ဖြစ် နားထောင်ပါ။ relax ဖြစ်စေပါတယ်။

၈. ပြန််လည်ဆန်းစစ်ကြည့်ပါ။🤗

တစ်နေ့မှာ ငါဘာတွေကျက်ပြီးပြီးလဲ တွက်ထားတာတွေ မရတာများရှိနေလား ကိုယ့်ကိုကိုယ် တစ်ချက် စစ်ကြည့်ဖို့ လိုပါတယ်။ တစ်နေ့တာ လုပ်သမျှစာတွေကို မအိပ်ခင် revision ပြန်ကြည့်ပါ။ မရတဲ့စာရှိလည်း နောက်နေ့သင်လုပ်ဖို့အတွက် မှတ်ထားပေးပါ။

၉. အိပ်ရေးဝဝအိပ်ပါ ။ 🌃

အိပ်ရေးဝဝအိပ်ဆိုတာ ည ၁ နာရီလောက်မှ အိပ်ပြီး မနက် ၉ လောက် အိပ်ရာထ စာလုပ်တာကို ပြောတာမဟုတ်ပါဖူး။ ညဘက်ကို ၁၂ နာရီမတိုင်ခင် အိပ်စက်အနားယူပေးပါ။ ဒါမှ မနက်ခင်းမှာ အိပ်ရေးဝပြီး စိတ်ကြည်လင်နေမှာ ဖြစ်ပါတယ်။

ကဲ ဒီလောက်ဆိုရင် ကျောင်းသူကျောင်းသားတွေအတွက် အကျိုးရှိရှိ နည်းလမ်းတွေ ပေးနိုင်ပြီလို့ထင်ပါတယ် ။ယောင်တောင်တောင် ဖြစ်နေတဲ့ သူငယ်ချင်းတွေကိုလည်း မျှဝေပေးဖို့ မမေ့နဲ့နော်။ 😍😘

ခရက်ဒစ် ဝီ

Leave a Comment