အထာကျတဲ့ ယောကျ်ားလေးတိုင်း ရှိထားသင့်တဲ့ Sneakers များ - Bees Media Myanmar

ဘော်ဒါတို့ ရှော်တီလေးနဲ့ ဒိတ်ထားတဲ့အခါ သူမတို့တွေက ဖိနပ်ကိုအရင်ကြည့်ကြတာများပါတယ်။
ဘာ့ကြောင့်ဆို ဖိနပ်တွေဟာ လူတစ်ယောက်နဲ့တစ်ယောက် တွေ့ဆုံချိန်မှာ ပထမဆုံးသတိပြုကြည့်စရာအကောင်းဆုံးနေရာတစ်ခုဖြစ်နေတက်လို့ပါပဲ။ ဒါကြောင့်ကိုယ့်အတွက်သင့်တော်စေနိုင်မယ့် ဖိနပ်ရွေးချယ်တတ်ဖို့လိုပါတယ်။

နေ့စဉ်သွားလာလှုပ်ရှားနေချိန် အသုံးပြုရတာဖြစ်တဲ့အတွက် အမြင်တင့်တယ်စေဖို့အပြင် သက်တောင့်သက်သာရှိမှုကိုပါ ဦးစားပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်သက်တောင့်သက်သာရှိစေပြီး အမြင်လဲမဆိုးစေနိုင်တဲ့ Sneaker ဒီဇိုင်းတွေကို ဝေမျှလိုက်ပါတယ်။

Canvas Sports Shoes

Sports Shoes ဆိုတဲ့အတိုင်း အားကစားလုပ်ရာမှာလဲ စီးနိုင်မယ့် Sneaker မျိုးတွေက စွယ်စုံရဖိနပ်တွေလို့ ဆိုမယ်ဆိုရင်လဲ မှားနိုင်ဖွယ်မရှိပါဘူး။ ဘာလို့ဆို Sports Shoes တွေရဲ့ သဘောသဘာဝအရ ကြာရှည်ခံစေနိုင်ပြီး သက်တောင့်သက်သာရှိစေနိုင်တာကြောင့်ပါ။ Canvas Sports Shoes တွေရဲ့ အားသာချက်နောက်တစ်ခုကလဲ အားကစားကွင်းသွားမှ အသုံးတည့်တာမဟုတ်ပဲ နေ့စဉ်ဘဝမှာပါ စီးနင်းနိုင်တဲ့ Fashion Design ဖြစ်နေခြင်းပါပဲ။

Tennis shoes

၁၉၆၅ လောက်ကထဲက ဖိနပ်လောကမှာ Tennis ဆိုတာ နာမည်ရှိတဲ့ Sneaker ဒီဇိုင်းတစ်မျိုးပဲ ဖြစ်ပါတယ်။ Logo အစင်းသုံးကြောင်းနဲ့ သူ့ရဲ့ဒီဇိုင်းဟာ ပေါ့ပါးလွတ်လပ်တဲ့အသွင်ကို ဆောင်စေနိုင်ပါတယ်။ ဒါ့အပြင် ခြေမျက်စိအလွတ် Sneaker ဖြစ်တာကြောင့် လူငယ်ဆန်စေပြီး အရပ်ကိုရှိရင်းစွဲထက် အနည်းငယ်ပိုရှည်သယောင်ထင်စေနိုင်တဲ့ အားသာချက်ရှိနေတာပါ။ ဒါကြောင့် ဖက်ရှင်ဆန်တဲ့ လူငယ်ဟန်အတွက် Tennis Shoes လေးတွေရွေးကြည့်လိုက်ပေါ့။

Skate Shoes

Sneakers တွေနဲ့ အလိုက်ဖက်ဆုံးကတော့ Street wear တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့် Street Sports တစ်မျိုးဖြစ်တဲ့ Skate နဲ့ Sneaker ဟာ အင်မတန်လိုက်ဖက်ညီတာကလဲ ငြင်းလို့မရပါဘူး။Skate Shoe အကြောင်းပြောမယ်ဆိုရင်တော့ မေ့မထားသင့်တာကတော့ Vans တွေပေါ့။ Vans လိုမျိုး Skate Shoes တွေဟာဆိုရင် ရုံးသွားရုံးပြန်ပါစီးလို့ ရတဲ့ Sneakers အမျိုးစားဖြစ်တာကြောင့် လူငယ်လူလတ်မရွေးလိုက်ဖက်မှာ အသေချာပါပဲ။

Retro Runners

Sneakers တွေဟာ အားကစားဖိနပ်အမျိုးအစားကနေပဲ ဆန်းသစ်လာတာဖြစ်တာကြောင့် အားကစားအမျိုးအစားအလိုက် ဒီဇိုင်းအမျိုးစုံစွာ ဆန်းသစ်မှုတွေတွေ့ရပါတယ်။ အားကစားမလုပ်ရင်တောင် Fashion အရလုံးဝမိုက်နေစေနိုင်လို့ လူအများရွေးချယ်ကြတာလဲမမှားပါဘူး။ Retro Runner ဖြစ်တဲ့ Nike လိုအပြေးအားကစားအတွက် Sneakers တွေကလဲ တကယ့်ကိုသက်တောင့်သက်သာရှိမှု အပြည့်အဝပေးနိုင်တာကြောင့် စွယ်စုံစီးနိုင်ဖို့ ဝယ်ထားသင့်ပါတယ်။

ဘော်ဒါတို့ စော်ကြည် စတိုင်မိုက်စေဖို့ Sneakers တွေအပြင် နောက်ထပ်ဘယ်လိုဒီဇိုင်းတွေဝတ်ရတာကြိုက်လဲဆိုတာလည်း ပြောပြခဲ့ပါဦးဗျ။

Admin N

Leave a Comment