"အနောက်တိုင်းဝတ်စုံကို ပိုမိုသားနားတောက်ပြောင်သွားစေမယ့် နည်းလမ်း (၅)မျိုး.." - Bees Media Myanmar

Suits တစ်စုံဆိုရင်ပေးရတဲ့ ဈေးကမသေးလှပါဘူး။ ဒီလိုတန်ဖိုးကြီးဝတ်စုံဆိုတာ ပွဲလမ်းသဘင်မျိုး သွားလာရာမှာ ဝတ်ရတာဖြစ်လို့သစ်လွင်တောက်ပနေအောင်ထားဖို့အရေးကြီးပါတယ်။ အခုပြောမှာကတော့ Suit တွေကို အိမ်မှာတင်ကိုယ့်ဘာသာသန့်ရှင်းရေး လုပ်နိုင်မယ့် နည်းလမ်းတစ်ချို့အကြောင်း ဖြစ်ပါတယ်။

ဘရပ်ရှ်နဲ့ပွတ်တိုက်ခြင်း

ရိုးရိုးဝတ်စုံနဲ့မတူတာက Suit တို့လယ်သာဂျက်ကတ်တို့ဟာ ရေနဲ့လျှော်လို့မရပါဘူး။ ပျက်စီးတတ်ပါတယ်။ Brush နဲ့တိုက်တဲ့နည်းက လွယ်လည်းလွယ်သလို အိမ်မှာတင်လုပ်လို့လည်း ရနိုင်တဲ့နည်းပါ။အရင်ဆုံးချိတ်တစ်ခုခုမှာ ကိုယ့်ရဲ့ Suit ကို ချိတ်ထားပြီး သပ်သပ်ရပ်ရပ်ဖြန့်ထားလိုက်ပါ။ပြီးတာနဲ့အမွေးနုပါတဲ့ ဘရပ်ချ်နဲ့Suit ပေါ်က ဖုန်တွေကို အထက်အောက် ဖွဖွလေး ပွတ်တိုက်ရုံပါပဲ။

အဝတ်စနဲ့ပွတ်ခြင်း

တကယ်လို့ Brush အလွယ်မရှိရင် အဝတ်စတစ်ခုနဲ့ပွတ်တိုက်နိုင်ပါတယ်။ အစွန်းအထင်းပေနေတဲ့ နေရာတွေမှာဆိုရင် ရေနှစ်ဆ ၊ ဗနီကာအဖြူ ၁ ဆရောထားတဲ့အထဲမှာ အဝတ်စ ဒါမှမဟုတ် ဂွမ်းစလေး နဲ့တို့ပြီး ပွတ်တိုက်နိုင်ပါတယ်။ အဝတ်မှာရေနဲ့ဗနီကာရောစပ်ထားတဲ့ အရည်စိုရွှဲနေရင်တော့ ညှစ်ပြီးမှသုတ်သင့်ပါတယ်။ပြီးရင်တော့ ဂျက်ကတ်ကို ချိတ်မှာ ချိတ်ပြီး လေသလပ်ခံထားသင့်ပါတယ်။ ဗနီကာအနံပျောက်ချင်ရင်တော့ ရေမွှေးတစ်ခုခု ဆွတ်နိုင်ပါတယ်။

အဝတ်လျှော်စက်နဲ့လျှော်ခြင်း

အဝတ်လျှော်စက်နဲ့လျှော်မယ်ဆိုရင် စက်ထဲကို အစွန်းချွတ်ဆေး ထည့်ထားပါ။ အကျီၤမှာ စွန်းနေတဲ့ နေရာတွေကို Brush နဲ့ညင်ညင်သာသာ ပွတ်တိုက်ပေးပြီးတာနဲ့အဝတ်လျှော်စက်ထဲထည့်ပါ။ ဆပ်ပြာ Softener တွေကိုလည်း အဝတ်လျှော်စက်မှာထည့်နိုင်ပါတယ်။ပြီးရင်အကျီ ၤမပျက်စီးစေဖို့Hand Wash Mode ထားပြီးအကျီၤပုံမပျက်စေဖို့Spin မရွေးဖို့လုပ်သင့်ပါတယ်။ လျှော်ဖွပ်ပြီးတာနဲ့သဘာဝအတိုင်း လေသလပ်ခံတာ ၊ ပန်ကာရှေ့ထားတာတွေလုပ်နိုင်ပြီး ခြောက်တာနဲ့မီးပူထိုးနိုင်ပါတယ်။

ကတ်ကြေးနဲ့တိပ်သုံးခြင်း

အရင်ဆုံး အစွန်းထင်းနေတဲ့ နေရာကို မှတ်ထားပြီး ညစ်ပတ်နေတဲ့နေရာမှာ တိပ်ကပ်ထားပါ။ ပြီးတာနဲ့Sticky Tape ကိုခပ်ပြင်းပြင်း ဖိပြီးနောက် ဖြည်းဖြည်းချင်း ခွာမယ်ဆိုရင် အကျီၤပေါ်က အစွန်းတွေကပ်ပါလာမှာပါ။ ကတ်ကြေးကတော့ ချည်အနားဖွာတာတွေ ရှိရင်ဖြတ်ပစ်ဖို့သုံးရမှာပါ။

အစွန်းတွေကို Steamer နဲ့ချွတ်ခြင်း

ကုတ်ကိုချိတ်မှာ ချိတ်ထားပြီး ရေနည်းနည်း ဆွတ်ပါ။ ပြီးတာနဲ့Streamer နဲ့အောက်ကိုတစ်ချက်ချင်း ဆွဲပြီးပေါင်းခံရမှာ ဖြစ်ပါတယ်။ တစ်နေရာတည်းကို နှစ်ကြိမ်သုံးကြိမ် Stream လုပ်တာဟာ အဝတ်အစားကို ပျက်စီးစေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ ပြီးရင်တော့ သဘာဝအတိုင်း ခြောက်သွေ့အောင် လှန်းထားလိုက်ပါ။

Leave a Comment