အောင်မြင်ခြင်းနဲ့ ဆက်စပ်နေတဲ့ ယောဂလေ့ကျင့်ခန်းများ - Bees Media Myanmar

ယနေ့ခေတ်မှာ အားကစားနဲ့ လေ့ကျင့်ခန်းတွေ လေ့လာလိုက်စားခြင်းက ကျန်းမာကြံ့ခိုင်ရေးဆိုတာထက် ပိုလာပါပြီ။ ဘဝတစ်လျှောက်လုံး စွဲစွဲမြဲမြဲလေ့လာလိုက်စားကြတဲ့ လေ့ကျင့်ခန်းတွေထဲမှာ ယောဂလုပ်ခြင်းက နာမည်ကြီးပါတယ်။ ယောဂကစားခြင်းဟာ လူရဲ့ ဇီဝကမ္မပေါ် ကောင်းကျိုးများတယ်ဆိုတာ လူတိုင်း ကြားဖူးကြမှာပါ။ ဒါဆို ဘဝအောင်မြင်ရေးအတွက်မှာရော ယောဂက ဘယ်လို အကျိုးကျေးဇူးများပါသလဲဆိုတာ အောက်မှာ ဆက်ကြည့်လိုက်ကြရအောင်ဗျာ။

မိမိကိုယ်ကိုယ်ယုံကြည်မှုပိုတိုးလာတယ်

တစ်နေ့ကို ၁၀ မိနစ်ခန့် ယောဂပုံမှန်ပြုလုပ်ပေးတဲ့အခါ တစ်ကိုယ်လုံးပေါ့ပါးလာတယ်။ အကြောအချဉ်တွေ ပြေလျော့လာစေတယ်။ ဘယ်နေရာသွားသွား စိတ်ပျိုကိုယ်နုနေလွန်းလို့ မိမိကိုယ်ကိုယ် ယုံကြည်မှုတွေ ပိုတိုးလာတယ်။ ပိုလှလာတယ်လို့ ခံစားရခြင်းက မိန်းကလေးတွေအတွက် ဘဝရဲ့ အကောင်းမွန်ဆုံးခွန်အားတစ်ခုပါပဲ။ ဒါကြောင့် လေဒီတို့လည်း တစ်နေ့ကို ၅မိနစ်ခန့် ၁၀မိနစ်ခန့် နိုင်သလောက်လေး ယောဂပြုလုပ်ပေးသင့်ပါတယ်နော်။

အာရုံစူးစိုက်မှု ပိုကောင်းလာစေတယ်

ယောဂလေ့ကျင့်ခြင်းက အာရုံစူးစိုက်မှု၊ အသက်ရှုခြင်းနဲ့လှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ထိန်းပေးထားလို့ စိတ်ကိုတည်ငြိမ်အေးချမ်းစေနိုင်ပါတယ်။ စိတ်တည်ငြိမ်တဲ့အခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ အာရုံစူးစိုက်မှုအားကောင်းကောင်းနဲ့ လုပ်ဆောင်လာနိုင်တယ်။ ယောဂလေကျင့်ခန်းများကစိတ်ကို ရှင်းထားပေးနိုင်တာကြောင့် အာရုံစူးစိုက်မှု သာမာန်ထက်အားကောင်းပြီး ညဘက်ညဘက်တွေမှာလည်း အတွေးမများဘဲ နှစ်နှစ် ခြိုက်ခြိုက် အိပ်ပျော်စေနိုင်ပါတယ်။

ခန္ဓာလှပ ကျစ်လျစ်လာစေတယ်

ကျန်းမာခြင်းဟာ ချမ်းသာမှု ဓနဥစ္စာရဲ့ အထက်မှာ ရှိတဲ့အရာဆိုခဲ့ရင်တော့ လှပမှုက ဘဝတစ်သက်တာရဲ့ စိတ်ချမ်းသာမှုတန်ဖိုးတစ်ခုပါ။ ခန္ဓာကိုယ်လှပလာတာနဲ့အမျှ ကိုယ်စိတ် နှစ်ပါး ကျန်းမာလာလို့ ဘဝရဲ့ အောင်မြင်မှုဆိုတာတွေ ပြီးပြည့်စုံလာနိုင်ပါတယ်။ ယောဂကစားသူဟာ သူများထက် ကျန်းမာပါတယ်။ ကိုယ်ခံစွမ်းအားမြင့်လို့တော်ရုံတန်ရုံနဲ့လည်း နာဖျားတာမရှိပါဘူး။ ကျန်းမာတဲ့ကိုယ်ခံအားနဲ့ နေ့စဉ်လေ့ကျင့်တဲ့ယောဂအကျိုးကျေးဇူးတွေကြောင့် တင်းရင်းကျစ်လျစ်တဲ့ အမိုက်စားဘော်ဒီလေးကို ပိုင်ဆိုင်နေရမှာပါ။

အကောင်းမြင်စိတ် ထက်သန်လာမယ်

ယောဂ ကစားသူဟာ သိစိတ်မြင့်မားပါတယ်။ ဟန်ချက်ညီတဲ့ လူမှုဆက်ဆံရေးဖြစ်စေဖို့ ယောဂမှာ တရားထိုင်တာ၊ အသက်ရှုလေ့ကျင့်ခန်း လုပ်တာတွေ ပါရှိပါတယ်။ ဒီအလေ့အကျင့်တွေဟာ တည်ငြိမ်အေးဆေးတဲ့ စိတ်သဘောထားကို ဖြစ်ပေါ်စေပါတယ်။ ယောဂပြုလုပ်ခြင်းကြာလာတဲ့အခါ Emotion မျှတလို့ စိတ်တိုခြင်း၊ စိတ်ပျက်ခြင်းတွေကို ထိန်းညှိနိုင်တာကြောင့် အမြင်ရှုထောင့်တွေလည်း ပြောင်းလာပါတယ်။ အကောင်းမြင်ဘက်ကို ဦးတည်နေတာကြောင့် သူ့ရဲ့အောင်မြင်မှု ခရီးဟာ ပိုပြီးခိုင်မာ ဖြောင့်ဖြူးလာပါတယ်။

အောင်မြင်မှုအစစ်အမှန်ဆီ ပို့ဆောင်ပေးနိုင်တယ်

ယောဂကျင့်ခြင်းက သွေးလည်ပတ်မှုကို မှန်ကန်ကောင်းမွန်စေနိုင်တယ်။ ဖျတ်လတ်တက်ကြွတဲ့ နေ့ရက်တိုင်းမှာ ရှင်သန်လှုပ်ရှားရင်း အောင်မြင်မှုဆီ ချီတက်လှမ်းလာစေနိုင်တယ်။ တကယ့်အောင်မြင်မှုအစစ်ဟာ သင့်ရဲ့ စွမ်းရည်အပြည့်အဝကို သုံးခွင့်ရမှ ထွက်ပေါ်လာတာပါ။ သင်ဘာပဲ ဖြစ်နေဖြစ်နေ ယောဂကျင့်တာကြာလာတဲ့အခါ စိတ်ဒဏ်ရာတွေကို လျော့ပါးလာစေလို့ သင့်ရဲ့အလားအလာကို မြင်နိုင်ပြီး ဘဝမှာ ဘာကိုရှာရမယ်၊ ဘာကိုတော့ စွန့်ပစ်ရမယ်သိရင် ဝန်လည်းပါ့သလို သွားမယ့်ခရီးလည်းပိုပြီး နီးစေပါတယ်။

Admin N

Leave a Comment