2019 မှာဖက်ရှင်အကျဆုံး အဝတ်အစားအရောင် ၅ မျိုး - Bees Media Myanmar

ခေတ်ကိုက ဖက်ရှင်ခေတ်ပါဗျ။ ယောကျာ်လေးလည်း အသည်းနဲ့ဆိုသလို လှပစတိုင်ကျနေမှ ခေတ်မီတဲ့ခေတ်ကြီးပေါ့။ ဖက်ရှင်ကလည်း လူတစ်ယောက်ကိုအများကြီးပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားတွေရှိပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေတာကလည်း ကိုယ်ဝတ်ဆင်တဲ့ ဖက်ရှင်ပေါ်မှာလည်းအများကြီးမူတည်နေပါတယ်။ ကဲ 2019 နဲ့ 2020 မှာ ဘယ်လိုစတိုင်တွေနဲ့ ပျိုမဒီတွေကိုဖမ်းစားကြမလဲဆိုတာ ဘော်ဒါတို့အတူ အောက်မှာ show လိုက်ကြရအောင်ဗျာ။

အနက်ရောင်

ဖက်ရှင်နဲ့ ပတ်သတ်ပြီး ဘယ်ချိန်ပဲဖြစ်ဖြစ် ရိုးအီမသွားတဲ့ အရောင်ကတော့ အနက်ရောင်ပဲ ဖြစ်ပါတယ်။ အနက်ရောင်ဖက်ရှင်တွေဟာ အမျိုးသားတိုင်းလိုလိုလည်း ကြိုက်နှစ်သက်တဲ့ အရောင်တစ်မျိုးဖြစ်ပြီး ပေါ့ပေါ့ပါးပါးအပြင်သွားရင်ပဲ ဝတ်မလား ပွဲတက်အဝတ်အစားအဖြစ်ပဲ ဝတ်ဆင်မလားအဆင်ပြေစေတဲ့ အရောင်တစ်မျိုးပါ။ All Black အနေနဲ့လည်း ဝတ်ဆင်နိုင်သလို ၊ အရောင်အနုအရင့် မရွေး တွဲဖက်လို့ဝတ်ဆင်လို့အကောင်းဆုံး အရောင်တစ်မျိုးပဲ ဖြစ်ပါတယ်။

ကာကီရောင်

အမျိုးသားအများစုကြိုက်နှစ်သက်တဲ့ အရောင်ထဲမှာ ကာကီရောင်ကလည်း ထိပ်ဆုံးက ပါဝင်မယ်ထင်ပါတယ်။ ကာကီရောင်ဟာ Classic ဆန်တဲ့အရောင်တွေထဲကတစ်ခုပါ။ တခြား အရောင်တော်များများနဲ့လည်း တွဲဖက်ဝတ်လို့ အကောင်းဆုံးဖြစ်တာကြောင့် ကာကီရောင်ကတော့ သင့်ကို ဖက်ရှင်ကျစေမယ့် ရွေးချယ်စရာအရောင်တစ်မျိုးဖြစ်လာပါတယ်။ ဒါကြောင့် အမျိုးသားအများစုဟာ ရင့်ကျက်တည်ငြိမ်ဟန်ပေါက်တဲ့ ကာကီရောင်တွေ ဝတ်ဆင်ကြတာများပါတယ်။

အဝါရောင်

အဝါရောင်ဖက်ရှင်တွေကတော့ လက်ရှိ ၂၀၁၉ မှာရေပန်းအစားဆုံးအရောင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အမျိုးသားတွေအနေနဲ့ ကြိုက်နှစ်သက်ချင်မှ ကြိုက်နှစ်သက်ကြမှာပါ။ ဒါပေမယ့် အဝါရောင်က သင့်ရဲ့ ဖက်ရှင်ကိုလူအများကြား ထင်းသွားစေပြီး မြင်သူတိုင်းငေးကြည့်ရလောက်အောင်စွမ်းဆောင်မှုရှိစေမှာဖြစ်ပါတယ်။ အဝါတောက်တောက်ဖက်ရှင်တွေဝတ်ရဲတယ်ဆိုရင်တော့ စဉ်းစားမနေနဲ့တော့။ 2019 & 2020 မှာ ဖက်ရှင်ကျတဲ့ သူတစ်ယောက်ဖြစ်ဖို့ အဝါရောင်တောက်တောက်လေးတွေ ရွေးချယ်နိုင်ပါတယ်။

မိုးပြာရောင်

ကြည့်လိုက်တာနဲ့ မျက်စိအေးစေမယ့်အရောင်မျိုး၊ ဖက်ရှင်ကျလို့ သပ်ရပ်ခန့်ညားစေတာကတော့ မိုးပြာရောင်ပါ။ မိုးပြာရောင်က ကာကီရောင် ဂျင်းရောင် အနက်ရောင်တို့နဲ့ တွဲဖက်ဝတ်ဆင်လို့ အကောင်းဆုံး အရောင်တစ်ခုပါပဲ။ မိုးပြာရောင်က အမြင်အေးစေပြီး ခပ်သန့်သန့်စတိုင်မျိုးကို ပေးစွမ်းမယ့်အရောင်တစ်မျိုးဖြစ်ပါတယ်။ ဖက်ရှင်ကျတဲ့လူတစ်ယောက်အသွင်ကိုဆောင်စေတာကြောင့်လည်း ဒီနှစ်အတွင်းမှာ လူငယ်ဆန် ဖက်ရှင်မိုက်တဲ့ လူကြိုက်အများဆုံးအရောင်တစ်ခုအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

စစ်စိမ်းရောင်

ဖက်ရှင်နယ်ပယ်မှာ စစ်စိမ်းရောင်နဲ့ ပတ်သတ်တဲ့ အဝတ်အစားတွေ အသုံးဆောင်ပစ္စည်းတွေ ရေပန်းစားနေတာသတိထားမိကြလား။ စစ်စိမ်းရောင်ဟာတည်ကြည်ရင့်ကျက်တဲ့အသွင်ကိုဆောင်စေပါတယ်။ စစ်စိမ်းရောင်နဲ့ အလိုက်ဖက်ဆုံးက ကာကီနဲ့ အနက်ပါ။ တခြား သောအရောင်တွေနဲ့လည်း တွဲဖက်ဝတ်နိုင်ပေမယ့် ကာကီရောင် နဲ့အနက်ကတော့ လုံးဝဖက်ရှင်ကျတဲ့သူတွေ အမြဲဝတ်ဆင်လေ့ ရှိတဲ့ကာလာရွေးချယ်မှုတစ်ခုသာဖြစ်တယ်ဘော်ဒါတို့ရေ။

အားလုံးပဲ စော်ကြည်ထီပေါက် ဖက်ရှင်တောက်ကြွားနိုင်ပါစေဗျား…။

Admin N

Leave a Comment