တကယ့် Captain America official shield အစစ်အမှန်ကြီးကို လက်ခံရရှိခဲ့တဲ့အသက် 6 နှစ်အရွယ်ကောင်လေး Bridger… ❤❤

ဒီ official shield ကိုပေးပို့ပေးခဲ့တာကတော့ မင်းသား Chris Evans ပဲ ဖြစ်ပါတယ်
Bridger ဆိုတဲ့အသက် 6 နှစ်အရွယ်ကောင်လေးဟာ သူ့ရဲ့သူရဲကောင်းဆန်တဲ့ လုပ်ရက်ကြောင့် ယခုရက်ပိုင်းအတွင်း Social Media မှာလူအများရဲ့ချီးကျူး ခြင်းကို ခံနေရတာပဲ ဖြစ်ပါတယ်။

Bridger ဟာ သူ့ရဲ့ညီမလေး ခွေးတစ်ကောင်ရဲ့တိုက်ခိုက်တာခံရတော့မယ့် အရေးကနေ ကယ်တင်ပေးခဲ့တာပါ။သူ့ရဲ့ညီမလေး ခွေးကိုက်မခံရဖို့အတွက် သူ့ကိုယ်သူ အန္တရယ်ရှိတဲ့အခြေအနေထဲကို ပစ်သွင်းပစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်လို့သူ့ကို ခွေးက အသေခဲကိုက်တော့မယ် ဆိုတာကို သူသိပါတယ် ဒါပေမယ့် သူ့ညီမလေးကို ကာကွယ်ဖို့အတွက် သူမဆိုင်းမတွပဲ ခွေးစီပြေးဝင်သွားခဲ့တာပါ အဲ့ဒီအတွက် Bridger ဟာ ဒဏ်ရာအပြင်းအထန်ရပြီး 2 နာရီကြာ ခွဲစိတ်ခန်းဝင်ခဲ့ရပြီး အချက် 90 တောင်ချုပ်ခဲ့ရပါတယ် တကယ်ကို ကံကောင်းတာပါ Bridger မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားနိုင်တဲ့အခြေအနေပါ

ဒီနေ့မှာတော့ မင်းသား Chris Evans က Bridger ကို video လေးတစ်ခုပေးပို့ပြီး ချီးကျူးခဲ့ပါတယ် ” ငါမင်းရဲ့story ကိုဖတ်ရပါတယ် ငါ မင်းဘာလုပ်ခဲ့တယ်ဆိုတာကို မြင်ခဲ့ရတယ်။ဒီရက်ပိုင်းမှာ မင်းဒီစကားတွေ အများကြီးကို ကြားနေရမယ် ဆိုတာ ငါသိပါတယ် ဒါပေမယ့် ငါမင်းကို ထပ်ပြောပါရစေ မိတ်ဆွေ မင်းက တကယ်ကို hero တစ်ယောက်ပါပဲ မင်းလုပ်ခဲ့တာ အရမ်းကို သတ္တိရှိတဲ့လုပ်ရက် လုံးဝကို ကိုယ်ကျိုးမငဲ့တဲ့လုပ်ရက်ပါ မင်းရဲ့ညီမလေးကတော့ မင်းလို အကိုမျိုးကို ပိုင်ဆိုင်ထားရတာ အရမ်းကို ကံကောင်းတာပဲ မင်းရဲ့မိဘတွေ မင်းအတွက် အရမ်းကို ဂုဏ်ယူနေမှာပါ။

ငါမင်းရဲ့address ကိုစုံစမ်းပြီး တကယ့် Captain America Shield ကိုပေးပို့ပေးလိုက်တယ် ဘာလို့ဆို မင်းနဲ့ထိုက်တန်လို့ပါ မင်းပုံစံအတိုင်းပဲ ဆက်နေသွားပါ မင်းလို လူမျိုးတွေ ငါတို့လိုအပ်နေပါတယ် တောင့်ခံထားပါ ပြန်ပျောက်ဖို့ခက်ခဲမယ်ဆိုတာ ငါသိပါတယ် ဒါပေမယ့် ငါမြင်ဘူးသလောက်ပြောရင်တော့ မင်းအမြန်သက်သာလာမှာပါ ” ဆိုပြီး ချစ်စရာကောင်းတဲ့video လေးကို ပေးပို့ပေးခဲ့တာဖြစ်ပါတယ်…❤❤