December ( ၂ ) ရက်နေ့မှာ ကျင်းပမည့် Apple ၏ ” Favorite Apps and Games of 2019 ” ပွဲ - Bees Media Myanmar

Apple ဟာ December ( ၂ ) ရက်နေ့ ညနေ ( ၄ ) နာရီမှာ New York တွင် ကျင်းပမည့် မီဒီယာတွေ့ဆုံပွဲတစ်ခုအတွက် ဖိတ်စာတွေကို ဝေနေပါတယ် ။ ၂၀၁၉ ခုနှစ်၏ အနှစ်သက်ဆုံး Apps တွေနဲ့ Games တွေကို ဖော်ပြပေးမယ့် ပွဲလို့တော့ ယူဆရပါတယ် ။ ” Love by millions ” တို့ ၊ ” Created by the best ” တို့ စသည့် Tag Line တွေဖြင့် ဖိတ်ကြားထားပါတယ် ။

Apps တွေနဲ့ Games တွေအပေါ် အဓိက အာရုံစိုက်ပြီး ကျင်းပတဲ့ ဒီ Event ပွဲဟာ Apple အတွက်တော့ ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ် ။ ( အရင်က ဒါမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးဘူးပေါ့ဗျာ ။ ဒီပွဲ မတိုင်မှီ ဘာမှလည်း မကြား ၊ ဘာမှလည်း မပြောထားတဲ့အတွက် ဘာတွေကို အဓိက လုပ်မှာလည်းဆိုတာကိုလည်း မသဲကွဲဘူးပေါ့ဗျာ ။ )

16 inch MacBook Pro ကလည်း ကြေငြာပြီးလို့ ရောင်းတောင် ရောင်းနေပြီဆိုတော့ New Hardware Product ကို မိတ်ဆက်နိုင်ချေလည်း မရှိ ။ ကြည့်ရတာကတော့ App Store ပေါ်က Popular Apps တွေနဲ့ Games တွေကို ဒီပွဲမှာ ဆုပေးမလို့ ထင်ပါတယ် ။ ဘာပဲဖြစ်ဖြစ် iOS User တွေကတော့ Stay Tune ပါ ။

#A

Leave a Comment