Enoki အပ်မှိုနှင့် Listeria ရောဂါအန္တရာယ်အကြောင်းCDCထုတ်ပြန် - Bees Media Myanmar

မတ်လ 12, 2020
CDC(ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးအဖွဲ့စည်း)၊ အမေရိကန်ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းမှတာဝန်ရှိသူများနှင့်ယူအက်စ်အစားအစာနှင့်ဆေးဝါးစီမံခန့်ခွဲမှု (USFDA) သည် Enoki (အပ်မှို)နှင့်ဆက်နွယ်သော Listeria monocytogenes ရောဂါကူးစက်မှုကိုဘက်ပေါင်းစုံမှစုံစမ်းစစ်ဆေးနေကြောင်းသိရှိရပါတယ်။
CDC မှထုတ်ပြန်လိုက်သော သတင်းများအရ “Product of Korea” ဟုအမည်တပ်ထားသောအပ်မှိုများသည် Listeria monocytogenes နှင့်အစာအဆိပ်သင့်ခြင်းဖြစ်စေနိုင်ကြောင်းသိရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် ၆၅ နှစ်အထက်လူကြီးများနှင့်ကိုယ်ခံအားနည်းနေသူများ enoki အပ်မှိုကိုမစားသုံးသင့်ကြောင်း အကြံပြုထားပါတယ်။

Listeriosis ရောဂါပိုးသည်လူ့ခန္ဓာကိုယ်အစိတ်အပိုင်းအပေါ် မူတည်၍ ကွဲပြားတဲ့ရောဂါလက္ခဏာများကိုဖြစ်ပေါ်စေနိုင်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေစားသုံးမိရင်တော့ပုံမှန်အားဖြင့်ဖျားနာခြင်းနှင့်အခြားတုပ်ကွေးကဲ့သို့သောလက္ခဏာများဖြစ်တဲ့ပင်ပန်းခြင်း၊ ကြွက်သားကိုက်ခဲခြင်းတွေခံစားရနိုင်ပါတယ်။ ဒါ့အပြင် ကိုယ်ဝန်ပျက်ကျခြင်း၊ လမစေ့သေးပဲ ကလေးမွေးဖွားခြင်းနှင့်ကလေးအသက်အန္တရာယ်ကိုပါထိခိုက်စေနိုင်ကြောင်းသိရှိရပါတယ်။

ရောဂါဖြစ်ပွားရခြင်းအကြောင်းရင်း ကတော့ မီချီဂန်လယ်ယာစိုက်ပျိုးရေးနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဌာနမှ နာမကျန်းသူတစ် ဦး Enoki မှိုများကိုဝယ်ယူတဲ့ ကုန်စုံဆိုင်တစ်ခုကိုစမ်းသပ်စစ်ဆေးရန်မှိုများကိုစုဆောင်းခဲ့ပြီး Enoki မှိုနမူနာနှစ်မျိုးသည် Listeria monocytogenes ဖြစ်ပွားစေကြောင်းတွေ့ရှိခဲ့ပါတယ်။ Listeria ရောဂါပိုးပါတဲ့မှိုများကို “ကိုရီးယားထုတ်ကုန်” အဖြစ်တံဆိပ်ကပ်ထားပြီး Sun Hong Foods, Inc မှထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပါတယ်။
၂၀၂၀၊ မတ်လ ၉ ရက်တွင် Sun Hong Foods, Inc မှ“ ကိုးရီးယားနိုင်ငံ၏ကုန်ပစ္စည်း” အဖြစ်တံဆိပ်ကပ်ထားသော Enoki မှိုများ (ကုန်ထုတ်အမှတ် UPC 7 426852 625810) ကို စားသုံးသူများ၊ စားနပ်ရိက္ခာဝန်ဆောင်မှုလုပ်ငန်းများနှင့်လက်လီရောင်းချသူများကိုရောင်းချရန်နှင့် စားသုံးရန်မသင့်ဟုခေါ်ယူအသိပေးခဲ့ပါတယ်။ Sun Hong Foods, Inc မှဖြန့်ဝေပေးသော Enoki မှိုများမှ Listeria ရောဂါဖြစ်ပွားမှုအားလုံးကိုမဖော်ပြပေမယ့် US FDA ကတော့ Sun Hong Foods, Inc မှ enoki အပ်မှိုရဲ့ရောဂါဖြစ်ပွားရခြင်းအရင်းအမြစ်ကိုဖော်ထုတ်ရန်နှင့်အခြားသောလုပ်ငန်းများမှထုတ်လုပ်တဲ့ enoki မှိုများကိုလဲ ဆက်လက်စစ်ဆေးလျက်ရှိပါတယ်။

နာမကျန်းလူနာများရဲ့ Listeria ရောဂါပိုးနမူနာများကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ မှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်အထိကောက်ယူခဲ့ပြီး မကျန်းမာသူများသည်အသက် ၁ နှစ်မှ ၉၇ နှစ်အတွင်းအလယ်အလတ်အသက် ၆၇ နှစ်ရှိသူများဖြစ်ကြပါတယ်။ ဖျားနာသူများရဲ့ ၈၈ ရာခိုင်နှုန်းဟာ အမျိုးသမီးများဖြစ်ကြပြီး လူနာ ၃၂ ဦး ကတော့ ဆေးရုံတက်ကုသမှုခံယူခဲ့ပါတယ်။ ကယ်လီဖိုးနီးယား၊ ဟာဝိုင်ယီနှင့်နယူးဂျာစီပြည်နယ်များမှ လူ ၄ ဦး သေဆုံးခဲ့ပြီးရောဂါဖြစ်ပွားမှုခြောက်ခုကတော့ ကိုယ်ဝန်ဆောင်များဖြစ်ပြီးကိုယ်ဝန်ပျက်ကျမှုကိုဖြစ်စေခဲ့ပါတယ်။ မတ်လ 9ရက်နေ့ 2020 မှာတော့ Listeria monocytogenes ရောဂါပိုးကူးစက်ခံရသူ ၃၆ ဦး ကိုပြည်နယ် ၁၇ ခုမှအစီရင်ခံခဲ့ကြောင်းသိရှိရပါတယ်။
ဖြစ်ပွားမှု၏စုံစမ်းစစ်ဆေးရေးနှင့်ဓာတ်ခွဲခန်းမှသက်သေအထောက်အထားများအရ ကိုရီးယားထုတ်ကုန်တစ်ခုဖြစ်သော Enoki (အပ်မှို)များသည် ဤရောဂါဖြစ်ပွားမှု၏အရင်းအမြစ်ဖြစ်သည်ဟုဖော်ပြထားကြောင်းတွေ့ရှိရပါတယ်။ပြည်နယ်နှင့်ဒေသန္တရပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများကနေမကောင်းဖြစ်နေသောလူများအားမဖျားနာမှီကာလအတွင်းစားခဲ့သည့်အစားအစာများကိုလူတွေ့မေးမြန်းခဲ့ရာ လူအယောက်၂၂ ဉီးအနက် ၁၂ ဦး က Enoki မှိုများနှင့် ကမာ အပါဝင်အခြားအစားစာများကိုစားသုံးခဲ့ကြောင်းသိရှိရပါတယ်။

ပြည်သူ့ကျန်းမာရေးမှ စုံစမ်းစစ်ဆေးသူများသည်ဤရောဂါဖြစ်ပွားမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည့်ရောဂါများကိုဖော်ထုတ်ရန် PulseNet စနစ်ကိုအသုံးပြုနေကြောင်းသိရပါတယ်။ PulseNet သည် CDC မှညှိနှိုင်းထားသောပြည်သူ့ကျန်းမာရေးနှင့်စားနပ်ရိက္ခာစည်းမျဉ်းအေဂျင်စီဓာတ်ခွဲခန်းများ၏ နိုင်ငံအဆင့်အမျိုးအစားကွန်ယက်တစ်ခုဖြစ်ပြီး CDC PulseNet သည်ဖြစ်နိုင်ချေရှိသောရောဂါဖြစ်ပွားမှုများကိုဖော်ထုတ်ရန်အသုံးပြုသောအစီအစဉ်များ၏အမျိုးသားအဆင့်ဒေတာဘေ့စ်တစ်ခုဖြစ်သည်။ WGS စနစ်သည်စုံစမ်းစစ်ဆေးသူများကိုရောဂါဖြစ်စေသောဘက်တီးရီးယားများနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကိုပေးသည့်စနစ်တစ်ခုဖြစ်ပြီး ဤစုံစမ်းစစ်ဆေးမှုတွင် ရောဂါဖြစ်ပွားသောလူများသည် တူညီသောရောဂါအရင်းအမြစ်တစ်ခုတည်းဖြစ်ကြောင်းသက်သေပြနိုင်ရန်ဖြစ်သည်။
သာမန်လူတွေ အပ်မှိုကိုစားသုံးမိရင်တော့ ခေါင်းကိုက်ခြင်း၊ ဇက်ခိုင်ခြင်း၊ တက်ခြင်း စတဲ့
ရောဂါလက္ခဏာတွေဖြစ်စေနိုင်တယ်။ Listeria ပိုးပါဝင်သောအပ်မှိုကိုစားပြီးနောက် ၁ပတ်မှ ၄ပတ်အတွင်း ရောဂါလက္ခဏာများပြနိုင်ပါတယ်။ အချို့လူများသည်ရောဂါလက္ခဏာများကို ပိုးကူးစက်ခံရပြီးနောက်ပိုင်း ရက်၇၀ ကြာမှပြသနိုင်သလို ကူးစက်သောနေ့တွင်လည်း ရောဂါလက္ခဏာပြနိုင်ပါတယ်။
ရောဂါပိုးကူးစက်ခံရရင် ဘယ်လိုကုသကြမလဲ??
Listeriosis ကိုပဠီဇီဝဆေးများဖြင့်ကုသနိုင်ပါတယ်။
Bees ပရိတ်သတ်ကြီးလဲ အပ်မှိုကိုတတ်နိုင်သလောက်ရှောင်စားပြီး Listeria ရောဂါပိုးမဝင်အောင်ဂရုစိုက်ဆင်ခြင်စေချင်ပါတယ်ဗျ။ Source- CDC, Alpha006

Leave a Comment