"Gym ဆော့တဲ့အခါ သတိပြုသင့်တဲ့အချက်တစ်ချို့" - Bees Media Myanmar

Gym နေ့တိုင်းသွားကစားတယ်။ ဒါပေမဲ့ ကိုယ်မျှော်မှန်းထားတဲ့ ခန္ဓာကိုယ် အချိုးစားမျိုး ရမလာဘူးဆိုရင် တခုခုလွဲနေပါပြီ။ လူတော်တော်များများကတော့ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာ မသိကြပါဘူး။ ဒါကြောင့် အောက်ကအချက်လေးတွေ ဆက်ကြည့်လိုက်ကြရအောင်နော်။

Diet plan ကောင်းကောင်းမရှိခြင်း

ဒီအချက်က Gym ဆော့တဲ့သူ တော်တော်များများလုပ်မိတတ်တဲ့ အမှားတခုပါ။ ကျနော်တို့ မြန်မာလူမျိုးတွေဟာ အဆီစားသုံးမှု အရမ်းများပါတယ်။ အစားအသောက်ကို ကျန်းမာရေးနဲ့အညီ စားသောက် နေထိုင်ဖို့လည်းကျန်းမာရေး အသိပညာနည်းနေပါသေးတယ်။

Gym ဆော့ပြီး အိမ်ပြန်ရောက်သွားရင် အိမ်ကချက်ထားတဲ့ ဆီရွဲရွဲ ဟင်းတွေ ဒါမှမဟုတ် လမ်းဘေးက ဆိုင်လေးတွေမှာ စားတတ်ကြပါတယ်။ ဒါက အမှားကြီးတခုပါပဲ။ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်မျိုးလိုချင်ရင်တော့ Diet plan ကောင်းကောင်း ရှိဖို့လိုအပ်ပါတယ်။ အဆီစားသုံးမှုကို လျှော့ရပါမယ်။

Gym ဆော့နေချိန် ဗိုက်ပြည့်နေခြင်း (သို့) ဗိုက်ထဲမှာအစာမရှိခြင်း

ဗိုက်ပြည့်အောင်အစာစားပြီး သို့မဟုတ် ဗိုက်ထဲမှာ အစာလုံးဝမရှိဘဲနဲ့ Gym သွားဆော့တာက ဆိုးရွားတဲ့ အကြံညဏ်တခုပါပဲ။ ဒီလိုအခြေအနေမျိုးမှာ ပင်းပန်းတာ၊ မအီမသာဖြစ်တာတွေကြောင့် လေ့ကျင့်ခန်းတွေ စုံအောင်မလုပ်နိူင်ဖြစ်တတ်ပါတယ်။ အကောင်းဆုံး အကြံပေးချင်တာကတော့ Gym မသွားခင် ၂ နာရီလောက်ကြိုပြီးထမင်းစားထားပေးပါ။

နေ့စဉ် Gym ကစားခြင်း

ပုံမှန် အားကစားလုပ်တာနဲ့ သင့်တင့်မျှတတဲ့ အာဟာရတွေ စားသုံးတာဟာ ခန္ဓာကိုယ်အတွက် အလွန်ကောင်းပါတယ်။ ဒါပေမဲ့ ပုံမှန်အားကစားလုပ်တယ်ဆိုတာ နေ့တိုင်း Gym သွားခိုင်းနေတာမဟုတ်ပါဘူး။ နေ့စဉ်ရက်ဆက် Gym ကစားနေမယ်ဆိုရင် မကြာခဏမောပန်းမှုတွေ ခံစားရပါလိမ့်မယ်။ နောက်ထက်တခုကတော့ သင့်ခန္ဓာကိုယ်တွင်းမှာ cortisol ဟော်မုန်းတွေ မြင့်တတ်လာပါလိမ့်မယ်။ ဒီဟော်မုန်းရဲ့ အဓိကဆိုးကျိုးကတော့ ဝိတ်တတ်စေတာပါပဲ။ ဒီလိုမဖြစ်စေဖို့အတွက် တပက်မှာ ၂ ရက်လောက်အနားယူပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အစားကောင်းကောင်းစားပါ။

အားကစားလုပ်နေချိန် ရေမသောက်ခြင်း

လူတော်တော်များများက အားကစားလုပ်နေစဉ် ရေမသောက်ချင်ကြပါဘူး။ ဒါကအမှားတခုပါ။ အာကစားလုပ်နေချိန်မှာ ခန္ဓာကိုယ်က ရေဓာက်တွေ အများကြီး ဆုံးရှုံးပါတယ်။ ဒါကြောင့် သင့်ခန္ဓာကိုယ်ကို ရေဓာက်ခန်းခြောက်စေခြင်းဖြင့် မနှိပ်စက်ပါနဲ့။ ဒါကကျန်းမာရေးအတွက်လည်းမကောင်းပါဘူး။

Gym ဆော့တာဟာ တစ်နာရီကို ကယ်လိုရီ ပမာဏ ၅၀၀ ပျမ်းမျှလောင်ကျွမ်းလေ့ရှိပါတယ်။ ဒါကြောင့် ဗိုက်ထဲမှာ ကယ်လိုရီ ဟောင်းလောင်းမဖြစ်စေဖို့အတွက် အစားအစာကို မှန်မှန်ကန်ကန် စားသုံးဖို့လိုအပ်ပါတယ်။

Leave a Comment