အမေတကယ်အိုလာပါပြီ။ ဖတ်သူတိုင်း မျက်ရည်ဖြိုင်ဖြိုင်ကျရတဲ့ စာလေး - Bees Media Myanmar

အမတကေယအြိုလာပါပှီ… ကလေးလေးတဈယောကလြို လူကိုခွှဲပှီကပလြာတယြ…
သူ့ဆီဖုနြးဆကလြိုကတြဲ့အခွိနတြိုငြး “သားဘယအြခွိနအြိမပြှနမြှာလဲ?” ဆိုတာကို အမှဲတဆေ မေးနတတေတြယြ…
“ခရီးဝတောကို ဘေးဖယထြားပါဦး… အိမရြောကဖြို့အတှကဆြို ကား ၃ ဆင့စြီးရတယြ… ကိုယ့အြလုပနြဲ့ကိုယြ ပငပြနြးပှီးရှုပနြလှပေါပှီ… သား ကိုယခြှဲလိုကလြို့လဲမရ… ဘယကြအခွိနနြဲ့အိမကြိုပှနရြမှာလဲ မမေရေယျ…?”
အမေ့နား ကကောငြးကောငြးမကှားရတော့ဘူး… ကနွောြ အကှာကှီးရှငြးပှနပေမေဲ့လဲ သူက ဒီမေးခှနြးကိုဘဲ ဆကမြေးတယြ… “သား ဘယတြော့ပှနလြာနိုငမြှာလဲ?”
ဒီလိုထပခြါထပခြါမေးတော့ ကနွောလြဲ စိတမြရှညလြာတော့ဘူး… ဖုနြးထဲမှာ အသံကယွကြယွနြဲ့ သူ့ကိုအောပြှောမိတယြ… သူနောကဆြုံးသဘောပေါကပြှီးဖုနြးကိုခလွိုကတြယြ…

နောက်ရက်တွေမှာဘဲ သူ ဒီမေးခွန်းတွေဘဲထပ်မေးလာတယ်… အသံကတော့ မရောင့်မရဲနဲ့မေးနေရသလိုမျိုးဘဲ… မကျေနပ်တဲ့ ကလေးလေးတစ်ယောက်လို မေးရင်လဲ အလကားဖြစ်မှာဘဲ ဆိုတာကို သိရက်နဲ့ မအောင့်နိုင်ဘဲ မေးနေပြန်တယ်…
ကျနော်လဲ စိတ်ပျော့သွားတော့ “အင်း…” ခနဲဖြစ်သွားတယ်… သူ ကျနော်စိတ်မညစ်ဘူးဆိုတာကို သိလိုက်တာနဲ့ ချက်ချင်းပျော်သွားတယ်… သူ စပြီး တစ်ခုချင်း စိတ်ပျော်ပျော်နဲ့ပြောပြနေေတာ့တာဘဲ… “ခြံထဲက သလဲသီးတွေ ပန်းပွင့်ပြီ… သင်္ဘောသီးတွေလဲ မှည့်တော့မယ်… သားပြန်လာခဲ့လေ…”
ကျနော်လဲ အားနာနာနဲ့ဘဲ ပြန်ပြောလိုက်တယ်… “အခုတလော အလုပ်တွေ ဒီလောက်ရှုပ်နေတာ… ဘယ်လိုလုပ်ပြီး ခွင့်ယူလို့ရမှာလဲ…”
သူအလောတကြီးနဲ့ ပြန်ပြောလိုက်တယ်… “သား… မေမေ့မှာ ကင်ဆာရှိနေပြီလို့ပြောလိုက်… နှစ်ဝက်လောက်ဘဲ အသက်ရှင်ရတော့မှာ လို့ပြောလိုက်… ”
ကျနော် ချက်ချင်းဘဲ သူ့ကို မပြောကောင်းမဆိုကောင်းတွေကို လျှောက်ပြောမနေပါနဲ့ဆိုတဲ့ အပြစ်တင်တဲ့လေသံနဲ့ပြောလိုက်တော့ သူကလဲ ဟီးဟီးဆိုပြီး ရယ်ပါလေရော…
ငယ်ငယ်တုန်းက မှတ်မိပါသေးတယ်… လေတွေတိုက် မိုးတွေရွာတဲ့နေ့တွေမှာ ကျောင်းမသွားချင်တိုင်း သားဗိုက်အောင့်နေတယ် ဆိုတာမျိုး ဟန်ဆောင်တာကို အမေက ချက်ချင်းသိတယ်… အဲတုန်းက အဆူတောင်ခံရသေးတယ်…
အခု အသက်ကြီးလာတော့ သားသမီးတွေကိုတောင် လိမ်ပြောခိုင်းနေပြီ…
ကျနော်ကတော့ စိတ်လဲတိုတယ်… ရယ်လဲ ရယ်ချင်တယ်…
ဒီလိုမျိုးမေးခွန်းတွေ ထပ်ခါထပ်ခါ မေးလာတော့ ကျနော်လဲ ထပ်ပြီး မငြင်းရက်တော့ဘူး… သူ့ကို နောက်လကုန်ကျရင်ပြန်လာမယ်လို့ ကတိပေးလိုက်တယ်… သူပျော်လွန်းလို့ အပျော်လုံးတောင်ဆို့တယ်…

ဒါပေမဲ့ ဘယ်လိုဖြစ်လဲ မသိပါဘူး… လုပ်လို့ကို မပြီးနိုင်တဲ့ အလုပ်ကိစ္စတွေကလဲ ပြီးကို မပြီးနိုင်တော့ဘူး…
ရှိသမျှကိစ္စတွေကလဲ အိမ်ပြန်ရမှာထက်ကို ပိုပြီးအရေးကြီးနေတယ်… နောက်ဆုံးတော့ အိမ်မပြန်နိုင်ခဲ့ဘူး…
ဖုန်းဆက်ပြီး အမေ့ကိုပြောတော့… အမေ့မှာ ဖုန်းပြောဖို့တောင် အားမရှိတော့တဲ့ပုံဘဲ… ကျနော် စိတ်မလုံမလဲ ဖြစ်နေပြီး အမေ့ကို မေးလိုက်တယ်… “မေမေ စိတ်ဆိုးသွားလားဟင်?”
အမေ ဒီတစ်ခေါက်တော့ ကောင်းကောင်းကြားလိုက်ပါပြီ… သူ အလောတကြီးနဲ့ပြန်ပြောလိုက်တယ်… “အမေ စိတ်မဆိုးပါဘူး သားရယ်… သား အလုပ်တွေများနေမှန်းသိတယ်…”

ဒါပေမဲ့ သိပ်မကြာလိုက်ပါဘူး… သူဖုန်းဆက်ပြီး ပြန်လာဖို့ကို ထပ်လောနေပြန်တယ်…
သူပြောတယ်… “သရက်သီးတွေလဲ မှည့်ပြီ… စပျစ်သီးတွေလဲ သီးပြီ… အမြန်ပြန်လာပါတော့…”
ကျနော်က ပြန်ပြောလိုက်တယ်… “အို အမေကလဲ… ဒါတွေက ဒီမှာဝယ်စားလဲရပါတယ်…”
အမေ စိတ်ကောက်သွားတယ်… ကျနော် စိတ်ရှည်ရှည်နဲ့ သူ့ကို ပြန်ချော့ရတယ်… “ဒါပေမဲ့ ရောင်းတဲ့ဟာတွေက ပိုးသတ်ဆေးတွေ ဓာတ်မြေသြဇာတွေနဲ့… မေမေ စိုက်တာလောက်တော့ ဘယ်ကောင်းပမလဲ…” နောက်ဆုံးတော့ အမေလဲ ပျော်ပြီးရယ်ထွက်လာတယ်…

စနေနေ့က ရာသီဥတုက တော်တော်လေးကိုပူတယ်… အပြင်တောင်မထွက်ချင်ဘူး… အိမ်အောက်ထပ်ကို ခဏဆင်းပြီး ပစ္စည်းသွားဝယ်တော့ ပူအိုက်လွန်းတဲ့ နွေခေါင်ခေါင် လမ်းမမှာ မေမေရဲ့ အရိပ်အယောင်ကို တွေ့လိုက်ရတယ်… သူကားပေါ်ကနေ ဆင်းဆင်းချင်း ပုံစံဘဲ… လက်မှာက ခြင်းတောင်းချိတ်ထားတယ်… ကျောမှာကလဲ အထုတ်ကြီးတစ်ထုတ်ပိုးထားသေးတယ်… သူခါးကုန်းထားပြီးတော့ ဘယ်ရှောင်လိုက် ညာရှောင်လိုက်နဲ့… သူများသူ့ပစ္စည်းတွေထိမိမှာကို စိုးရိမ်နေပုံဘဲ… ကြပ်ပိတ်နေတဲ့ လူတောထဲမှာ သူခြေတစ်လမ်းချင်းလျှောက်နေတာ သူတော်တော်လေးအားစိုက်ထုတ်ေနရတယ်… ကျနော်သူ့ကို အော်ခေါ်လိုက်တယ်… သူ လောလောနဲ့ ချွေးတြွေပည့်နေတဲ့သူ့မျက်နှာကို မော့ပြီး ဟိုကြည့်ဒီကြည့်လိုက်ရှာနေတယ်… ကျနော် သူ့ရှေ့ကိုလျှောက်လာတာမြင်ေတာ့ အံ့သြ ပျော်နေပြီး စကားတောင် ပြောမထွက်တော့ဘူး…

အိမ်ရောက်တာနဲ့သူ ပြုံးပျော်နေတယ်… တောင်းထဲကနေ အသီးတွေထုတ်ပေးတော့ သူ့လက်မှာ အစိမ်းရောင်အကြောတွေထောင်လို့… လက်ချောင်းတွေမှာလဲ ပလာစတာတွေ ပတ်ထားသေးတယ်… အမေက ပြုံးပြီး ကျနော့ကိုပြောတယ်… “ရော့ စားလေ…မြန်မြန်စား… ဒါက ငါသေချာရွေးထားတယ်… ”
ခရီးဝေး သိပ်မထွက်တဲ့ အမေဟာ ကျနော့ စကားတစ်ခွန်းတည်းနဲ့ မိုင်ပေါင်းများစွာကို ဖြတ်ပြီးလာခဲ့တယ်… သူ စီးတဲ့ ကားကလဲ အဲကွန်းမဖွင့်တဲ့ ရိုးရိုးစျေးသက်သာတဲ့ကား… ကားပေါ်မှာက ပူကပူ ကြပ်ကကြပ်နဲ့ ဒီ သရက်သီးတွေ စပျစ်သီးတွေ လုံးဝ အနာအဆာမရှိအောင်သယ်ခဲ့တယ်… သူ ဒီခရီးတလျှောက်လုံး ဘယ်လို လာခဲ့သလဲဆိုတာကို ကျနော်ပုံဖော်လို့မရဘူး… ကျနော်သိတာက ဒီကမ္ဘာမှာ အမေရှိတဲ့နေရာမှာ ထူးဆန်းမှုဆိုတာရှိတတ်စမြဲ… သူ ကျနော့ဆီမှာ ၃ရက်ဘဲနေတယ်… သူပြောတယ်… ကျနော် အလုပ်အရမ်းပင်ပန်းတယ်… မနက်စောစောထ ညနောက်ကျမှပြန်ရတယ်… သူကလဲ ဘာမှ မကူညီနိုင်ဘူး… မီးဖိုခန်းထဲက စက်တွေကိုလဲ မထိရဲဘူး… ပျက်မှာစိုးလို့တဲ့… သူတစ်ယောက်တည်း လက်မှတ်မှာပြီး ဒီလိုဘဲ တိတ်တိတ်လေး တစ်ယောက်တည်းပြန်သွားတယ်…

ပြန်သွားတာ တစ်ပတ်ဘဲရှိသေးတယ်… မေမေက ကျနော့ကို သတိရပြန်ပြီတဲ့… အိမ်ပြန်ဖို့ကို ပြန်ပြောနေပြီ…ကျနော် “မေမေရယ်… စိတ်နည်းနည်းရှည်ပြီး စောင့်ပေးပါဦးနော်… ”
နောက်နေ့မှာ အဒေါ်ဆီကနေဖုန်းရတယ်… “မင်းအမေ နေမကောင်းဘူး… အမြန်ပြန်လာခဲ့…”
ကျနော်ခေါင်းချက်ချင်းထူပူသွားတယ်… ကားဂိတ်ကို အမြန်သွားပြီး ရရာကားနဲ့ လိုက်ခဲ့လိုက်တယ်…
တစ်လမ်းလုံး အမေ့အတွက်ဆုတောင်းပေးခဲ့တယ်… အမေ ဘာမှမဖြစ်ပါစေနဲ့… အမေ ကျနော့ကို လိမ်တာဘဲဖြစ်ပါစေ… သူ ပွစိပွစိပြောတာကို နားထောင်ပါ့မယ်… သူ ချက်သမျှဟင်းတွေကို ကုန်အောင်စားပါ့မယ်… အချိန်ယူပြီး သူဆီခဏခဏပြန်ပါ့မယ်…
ဒီအချိန်မှာ ကျနော်သဘောပေါက်လိုက်တယ်… အသက်၈၀ရှိနေပေမဲ့လဲ အမေဆိုတာ အမြဲတမ်းလိုအပ်နေတာဘဲ… ကားက ရွာထိပ်ကိုရောက်တော့ အမေက ပြေးပြီး ကျနော့ကို လာဖက်တယ်… မျက်နှာကတော့ ပြုံးပျော်နေလို့… ကျနော်ကလဲ သူ့ကို ဖက်ပြီး ငိုလဲငိုချင် ရယ်လဲရယ်ချင်ဖြစ်နေတယ်… “ပြောမကောင်း ဆိုမကောင်း ကိုယ့်ကိုယ်ကို နေမကောင်းဘူးလို့ လျှောက်မပြောရဘူးလေ…” အမေ အပြောခံရပေမဲ့လဲ သူပျော်နေတာဘဲ… သူ ကျနော့်ကို တွေချင်မြင်ချင်တာ တစ်ခုဘဲရှိတယ်…
အမေ ဝင်လိုက်ထွက်လိုက်နဲ့ အလုပ်တွေရှုပ်နေတယ်… ထမင်းစား စားပွဲတစ်ခုလုံး ကျနော် ကြိုက်တဲ့ဟင်းတွေဘဲ… သူ ကျနော် ချီးမွန်းမှာကို စောင့်နေတယ်…
ကျနော်ကလဲ အားမနာတမ်း ဝေဖန်တော့တာဘဲ… ပဲနပ်က ပြဲနေပြီ… ချဉ်ရည်ဟင်းက ချဉ်လွန်းတယ်… အသုပ်စုံက ငန်လွန်းတယ်… အမေ့ အပြုံးက ရှက်ကိုးရှက်ကန်းဖြစ်သွားတယ်… ကျနော်ကတော့စိတ်ထဲမှာ ကြိတ်ရယ်နေတယ်… ကျနော်သိတတယ်… စားကောင်းတယ်လို့ပြောလိုက်လို့ကတော့ မကုန်ကုန်အောင် အတင်းစားခိုင်းတော့မှာ… ဒါကြောင့်လဲ ကျနော့ကို ကျွေးထားတာ ၀၀ဖီးဖီးဖြစ်နေပြီး ဘယ်လိုမှ ပြန်ချလို့မရတော့ဘူး…

ကနွောြ အမေ့ကို ထမငြးဟငြး ခကွကြွှေးတယြ… သူနဲ့စကားပှောတယြ… မမေေ ကနွော့ကို အကှာကှီး ငေးကှည့နြတယြေ… မကွဝြနြးအစုံက ခစွခြှငြးမတျေတာတှေ အလွှံအပယပြါဘဲ… ကနွောြ ဘာပှောပှော သူ ပါးစပအြဟောငြးသားလေးနဲ့ပှောသမွှ နားထောငနြတယြေ… နေ့ခငြးတရေးအိပတြာတောငြ ကနွော့ဘေးမှာ နပှေီး ပှုံးနတယြေ… ကနွောကြ သူ့ကို ပှောလိုကတြယြ… “သားကို ဒီလောကခြစွရြငြ မှို့ကို လိုကပြှောငြးနပေါလား… ” သူက မှို့မှာနနကေမွေဟုတဘြူးဆိုတော့ နသေားမကဘြူးတဲ့…
ဘယနြရကမြှာ မရှိလိုကပြါဘူး… ကနွောပြှနရြတော့မယြ… မမကေေ ကနွော့ကို နောကတြဈရကလြောကထြပနြဖေို့ ပူဆာတယြ… သူပှောတယြ… မနကကြတညြးက လူကှုံနဲ့ ဟငြးတှမှောလိုကပြှီတဲ့… စားကောငြးသောကကြောငြးတှကေို သူကိုယတြိုငခြကွကြွှေးပှီး ကနွောြ အားရပါးရစားမှ သူကွနပေတြတတြယြ…
ကနွောလြဲ အဒေါအြိမကြို သှားနှုတဆြကပြှီး ပှနလြာတော့ သူ သသခွေောခွာ စီမံထားတဲ့ ဟငြးတှေ စားပှဲပေါရြောကလြာပါပှီ… ကနွောြ အံ့သှသှားတယြ… ငါးမှာ အကှေးခှံတှမပှေောငဘြူး… ကှကသြားမှာလဲ ကှကမြှေးတှေ ရှိနသေေးတယြ… မှိုကနစြှနြးမှာလဲ ဆံပငတြှတှေေ့ရတယြ… ဘာဟငြးတှဘေဲဖှဈဖှဈ… ဒီလိုကတွေ့ာစားရမှာကို တှန့နြမေိတယြ… အရငတြုနြးက အသန့အြရမြးကှိုကတြဲ့ မမဟေော အသကကြှီးလာတော့ ဒီလိုဖှဈသှားပှီလား… ကနွောြ မစားခငွစြားခငွဖြှဈနတောကို သူလဲမှငရြော နောကဆြုံးအလွှော့ပေးလိုကတြယြ… သူ ကနွော့ကို ကားဂိတလြိုကပြို့တယြ… မိုးအရမြး မှောငနြပှေီ… မမကေေ ကနွော့လကကြို မှဲမှဲဆုပလြို့…သူပှောတယြ… “ဒီတောလမြးက မငြးလွှောကနြကမွေဟုတဘြူး… ”
သူကနွော့ကို ကားပေါအြထိလိုကပြို့တယြ… ဟိုမှာလိုကြ ဒီမှာလိုကနြဲ့ နောကဆြုံး ကားထှကတြော့မှဘဲ ကားပေါကြဆငြးတော့တယြ… ဒါတောငအြကငွြျီစက ကားတံခါးနဲ့ ညပမြိပှီး လဲတော့မလို့ဘဲ… ကနွောလြဲ တံတှေးတှသေီးကုနြးတယြ… ပှတငြးပေါကကြနဘေဲ အောပြှီး ပှောလိုကတြယြ… “မမေေ … မမေေ… သတိထားနောြ…” သူကောငြးကောငြးမကှားဘူး… ကားကို ပှေးလိုကရြငြး ကနွော့ကို အောပြှောနတယြေ… “မမေေ စိတမြဆိုးဘူး… သားအလုပတြှမွေားမှနြးသိတယြ…”

ဒီတစ်ခေါက်တော့ မေမေ ကျေနပ်သွားပုံရတယ်… အိမ်ကို ပြန်ဖို့ ထပ်မလောတော့ဘူး…
ပျော်စရာကောင်းတဲ့ အကြောင်းလေးတွေကိုဘဲပြောတော့တယ်… အိမ်မှာ နွားလေးမွေးတဲ့အကြောင်း… နောက်နှစ်မိုးဦးမှာ ပန်းတွေ အများကြီးစိုက်မယ်ဆိုတဲ့အေြကာင်း… နားထောင်ရင်းနားထောင်ရင်းနဲ့ ရင်ထဲမှာ နွေးထွေးစေတယ်ဗျာ…

နှစ်ကုန်ပိုင်းရောက်တော့ အဒေါ်ဆီကနေ ဖုန်းရပြန်တယ်… သူပြောတယ်… “မင်းအမေ နေမကောင်းဘူး… အမြန်ပြန်လာခဲ့… ” ကျနော် ဘယ်ယုံပါ့မလဲ… ဟိုတစ်နေ့ကမှ အမေနဲ့ဖုန်းပြောထားတာ… သူ့ကို စိတ်မပူပါနဲ့တဲ့…
အဒေါ်က ကျနော့ကို အတင်းပြောတော့ ကျနော်လဲ မယုံတစ်ဝက်ယုံတစ်ဝက်နဲ့ အိမ်ပြန်လာခဲ့တယ်… မေမေကြိုက်တဲ့ ကိတ်မုန့်လဲဝယ်လိုက်သေးတယ်… ရွာထိပ်ရောက်တော့ လည်ပင်းဆန့်ပြီး မေမေ့ကို ရှာနေပေမဲ့လဲ မတွေ့ခဲ့ဘူး… မေမေ ကျနော့ကိုလာမကြိုဘူး… ရင်ထဲမှာ တထိတ်ထိတ်နဲ့ အိမ်ရောက်တော့ အဒေါ်က ကျနော့ကိုပြောတယ်…ကျနော်နဲ့ ဖုန်းပြောတဲ့နေ့ကတည်းက အမေမရှိတော့ပါဘူးတဲ့… သူ လူ့ဘဝကနေထွက်သွားတာ ပျော်ပျော်ပါဘဲ… လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက သူ့မှာ ကင်ဆာရှိနေပြီဆိုတာသိလိုက်ရတယ်… သူဘယ်သူ့ကိုမှ မပြောပြဘူး… ပုံမှန်လိုဘဲ ရယ်ရယ်မောမောနဲ့ သူမျက်လုံး ထာဝရပိတ်သွားတဲ့ အချိန်အထိပါဘဲ… သူ့နောင်ရေးကိစ္စတွေအတွက်လဲ သေချာစီစဉ်သွားတယ်…
အဒေါ်ကျနော့ကို ပြောပြတယ်… မေမေ့မှာ မျက်လုံးကင်ဆာရနေတာကြာပြီ… သူ ပစ္စည်းတွေကို မနည်းအားစိုက်ပြီးကြည့်ရတယ်… ကျနော် သူကြိုက်တဲ့ကိတ်မုန့်ကို လက်ထဲမှာ မြဲမြဲဆုပ်ထားတာ ကျနော့ရဲ့ နှလုံးသားကို လူတစ်ယောက် တူးယူသွားသလိုခံစားရတယ်… မေမေဟာ သူ ကျန်တဲ့ရက်တွေ သိပ်မရှိတော့လို့ ကျနော့ကို ခဏခဏ ဖုန်းဆက်ခေါ်နေတာပါလား… သူ ကျနော့ကို ထပ်ပြီး များများတွေ့ချင်လို့… ကျနော်နဲ့ ထပ်ပြီး စကားတွေ များများပြောချင်လို့…
ကျနော် မစားဘဲ ထားခဲ့တဲ့ဟင်းတွေဟာ သူ မျက်လုံးကောင်းကောင်းမမြင်နိုင်တဲ့အချိန်မှာ ချက်ပြုတ်ထားတာပါ… ကျနော်ဘာလို့ ဒီလောက်ထိ ပေါ့ဆရတာလဲ… ကျနော်သွားတဲ့နေ့က သူတစ်ယောက်တည်းလမ်းလျှောက်ြပန်တာ လမ်းမှာ ဘယ်နှကြိမ်လဲခဲ့သလဲ… ကျနော် ဘယ်တော့မှ ပြန်မသိနိုင်တော့ဘူး…မေမေ… လူ့ဘဝရဲ့နောက်ဆုံးချိန်ရောက်နေတာတောင်မှ ခြံမှာ ဇွန်ပန်းတွေပွင့်နေပြီ…ပဲတောင့်ရှည်တွေ သီးနေတာ သားငယ်ငယ်တုန်းက ခူးဆော့ခဲ့လိုမျိုးဆိုတာတွေ…
မေမေက နွေးထွေးမှုတွေကို ထားရစ်ခဲ့ပြီး… လူ့ဘဝကနေ တိတ်တိတ်လေးထွက်သွားပါပြီ…
ကျနော်သိတယ်… ဒီလောကမှာ ကျနော့်ကို ဒေါသမထွက်တတ်တဲ့သူဒီတစ်ယောက်ဘဲရှိတယ်… ကျနော့်ကို အမြဲစောင့်နေမဲ့သူ ဒီတစ်ယောက်ဘဲရှိတယ်…ဒီလိုမျိုး ကျနော့ကို ချစ်ခဲ့လို့လဲ ကျနော်က မေ့မေ့ကို စောင့်ခိုင်းရက်တာပေါ့… ဒါပေမဲ့ မေမေ… ကျနော် တကယ်ဘဲ ဒီလောက်ထိ အလုပ်များသလား?

စာဖတ်သူတွေကော် သတိထားမိကြလား…
အကယ်၍မိဘရှိနေသေးတယ်ဆိုရင် ဆုံးအောင်အထိ ဆက်ကြည့်ပေးပါ…သူတို့နဲ့အတူနေသည်ဖြစ်စေ… မနေသည်ဖြစ်စေ…
အကယ်၍တစ်နေ့နေ့မှာ… မေမေရဲ့မီးဖိုခန်းဟာ အရင်ကလို မသန့်ရှင်းနေတေ့ာဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… အိမ်က အိုးခွက်ပန်းကန်တွေဟာ ဆေးတာမပြောင်တော့ဘူး ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မင်းမေမေရဲ့ဒယ်အိုးယောက်မတေွ မတောက်ပြောင်နေတော့ဘူး ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မင်းဖေဖေရဲ့ ခြံထဲမှာ ပေါင်းပင်းတွေနဲ့ပြည့်နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ…အိမ်ထဲက ကြမ်းခင်းတွေမှာ ဖုန်တွေနဲ့ပြည့်နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… မေမေချက်တဲ့ဟင်းတွေက ငန်လွန်း စားရခက်လွန်းတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ မီးခလုတ်ပိတ်ဖို့မေ့နေတယ် ဆိုတာ သတိထားမိရင် …
အကယ်၍တစ်နေ့နေ့မှာ… သူတို့ရဲ့ အကျင့်တွေဟာ သူတို့ရဲ့ အကျင့်မဟုတ်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ ကြွပ်ဆပ်တဲ့ သစ်သီးတွေကို မကြိုက်တော့ဘူး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… ဖေဖေမေမေဟာ ဆန်ပြုတ်စားရတာကိုဘဲ ပိုကြိုက်လာတာမျိုး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… သူတို့လမ်းဖြတ်ကူးဖို့ကို အရမ်းတုန့်နှေးလာတာမျိုး ဆိုတာ သတိထားမိရင်…
အကယ်၍တစ်နေ့နေ့မှာ… သူတို့ ထမင်းစားတိုင်း ချောင်းအရမ်းဆိုးနေတာမျိုး ဆိုတာ သတိထားမိရင် (အအေးမိချောင်းဆိုးတယ်လို့ မထင်လိုက်ပါနဲ့… မျိုချတဲ့ အာရုံကြောတွေ အသက်ကြီးလာလို့ ချို့ယွင်းတဲ့လက္ခဏာပါ)
အကယ်၍တစ်နေ့နေ့မှာ… သူတို့ အပြင်ထွက်ရတာကို မကြိုက်တော့ဘူး ဆိုတာ သတိထားမိရင်…

အကယ်၍ဒီလိုတစ်နေ့ရှိခဲ့ရင်… ခင်ဗျားတို့ကို သတိပေးရမှာက ခင်ဗျားတို့ ဖေဖေမေမေ အသက်ကြီးနေပြီ… အင်္ဂါတွေ စပြီး ယိုယွင်းနေပြီ… အခြားသူတွေရဲ့ပြုစုမှုလိုအပ်လာပြီ… သူတို့ကို အမြဲ ဂရုစိုက်ဖို့… အမြဲသွားကြည့်ဖို့…လိုအပ်ပါတယ်… ဘယ်တော့ခါမှ ပစ်မထားပါနဲ့…
လူတိုင်းဟာအိုတတ်စမြဲပါဘဲ… မိဘတွေဟာ ကျနော်တို့ထက်အိုတာမြန်တယ်… ကျနော်တို့ဟာ နေရာချင်းလဲပြီး စဉ်းစားပေးသင့်တယ်… ဒါမှလဲ စိတ်ရှည်လာမယ်… ဒါမှလဲ မကျေနပ်စရာတွေရှိမှာ မဟုတ်တော့ပါ…
မိဘတွေ ကိုယ့်ကိုယ်ကို မစောင့်ရှောက်နိုင်တော့တဲ့အချိန်မှာ သားသမီးလုပ်သူတွေကလဲ သတိထားသင့်တယ်… သူတို့ ဆီးဝမ်းမထိန်းနိုင်တော့ဘူး… တချို့ကိစ္စတွေကောင်းကောင်းမလုပ်နိုင်တော့ဘူး… အခန်းမှာ အနံ့နံနေပြီ… သူတို့ အနံ့ရချင်မှရပါလိမ့်မယ်… အနံ့ခံအာရုံမကောင်းတော့ဘူး… သူတို့ကို နံ့တယ်လို့ အပြစ်မတင်ပါနဲ့… သားသမီးလုပ်သူက အလိုက်တသိနဲ့ သူတို့ သိက္ခာမထိအောင် ရှင်းပေးဖို့လိုပါလိမ့်မယ်…
သူတို့ ရေမချိုးနိုင်တော့တဲ့အချိန်မှာ အချိန်ယူပြီးရေပတ်တိုက်ပေးတာမျိုး… ကျနော်တို့ အစားကောင်းစားနေတဲ့အချိန်မှာ သူတို့အတွက် သင့်တော်တဲ့ ပမာဏ… စားရလွယ်ကူမဲ့အစားမျိုး လုပ်ပေးဖို့လိုအပ်ပါလိမ့်မယ္…
ကျနော်တို့ မွေးထွက်လာကတည်းက နို့တိုက် အနှီးလဲပေးတာတွေ… ဖျားနာနေတဲ့အချိန်မှာ မအိပ်မနားပြုစုပေးခဲ့တာတွေ… အခြေခံ ယဉ်ကျေးမှုတွေသင်ပေးတာတွေ… ကျောင်းတတ်ဖို့… ပျော်ပါးစားသောက်နိုင်ဖို့ ထောက်ပံ့ပေးခဲ့တာတွေ… စိတ်ပူ ဂရုစိုက်မှုတွေဟာ တစ်ချိန်မှ မရပ်နားခဲ့ပါဘူး… အကယ်၍ တစ်နေ့နေ့မှာ သူတို့ မလျှောက်နိုင်တော့ဘူးဆိုရင် နေရာချင်းလဲပြီး မစဉ်းစားပေးသင့်ဘူးလားဗျာ…
အကယ်၍ ဒီစာလေးကိုဖတ်ပြီးရင် ခင်ဗျားတို့မျှဝေပေးခြင်းအားဖြင့် ဒီအကြောင်းအရာလေးတွေကို လူများများဆီရောက်နိုင်မယ်ဆိုရင် မေတ္တာဖြန့်ပေးရာရောက်ပါတယ်… ခင်ဗျားတို့ရဲ့ မျှဝေပေးလိုက်တဲ့ အလုပ်လေးသေးသေးလေးဟာ လူအိုပေါင်းများစွာအတွက် အလင်းရောင်ဖြစ်နိုင်ပါတယ်… ကျနော်တို့လဲ နောင်တချိန်မှာ လူအိုဖြစ်လာကြမှာပါ…

Zane
မျှဝေပေးတာလဲမေတ္တာတစ်ခုပါ

Leave a Comment