ခေတ်အဆက်ဆက် သမိုင်းဖြစ်ရပ်မှန်များအပေါ်အခြေခံထားတဲ့ဒီရုပ်ရှင်ဇာတ်ကားကြီးမှာအပိုင်း (၁၅) ပိုင်းပါဝင်ပြီးတော့ MRTV-4 မှာ မတ်လ (၁၃) ရက် ကနေ မတ်လ (၂၇) ရက် အထိ ညစဥ် ၈နာရီ၄၅ မိနစ်အချိန်မှာ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ ရဲအောင်၊ ရန်ကျော်၊ မင်းဟိဏ်း၊ အကယ်ဒမီ ခန့်စည်သူ၊ နေမျိုးအောင်၊ မင်းထက်ကျော်ဇင်၊ တိုင်ရွန်၊ အောင်ရေချမ်း၊ ကျော်ဆု၊ သီဟ၊ ဖြိုးရာဇာနိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ သွေးသစ်၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ မေသဉ္ဇာဦး၊ မေမြင့်မိုရ်၊ ယဉ်လတ်၊ ခိုင်သဇင်ငုဝါ၊ မင်းရာဇာနှင့်အနုပညာရှင်များစွာပါဝင်သရုပ်ဆောင်ထားပါတယ်။


MRTV-4 ရဲ့ ဒိတ်ဒိတ်ကြဲမင်းသမီးလေး မေမြင့်မိုရ်က ဒီဇာတ်ကားထဲမှာ ဆရာဝန်မလေး ရည်မွန်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

MRTV-4 ရဲ့ဇာတ်လမ်းတွဲတွေမှာပါဝင်နေကျဖြစ်တဲ့ မင်းသားလေး အောင်ရေချမ်းကလဲ ဗိုလ်မှူးရဲဝင်းအဖြစ်ပါဝင်ကူညီအားဖြည့်ထားပါတယ်။

အကယ်ဒမီဆုတွေဆွတ်ခူးရရှိထားတဲ့ မင်းသားကြီးရဲအောင်ကလဲ သတင်းစာတိုက်ပိုင်ရှင် ဉီးသောင်းတန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အကယ်ဒမီဆုတွေဆွတ်ခူးရရှိထားတဲ့ မင်းသားကြီးဇင်ဝိုင်းကလဲ ဗျူဟာမှူးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အကယ်ဒမီဆုတွေဆွတ်ခူးရရှိထားတဲ့ မင်းသမီးကြီး စိုးမြတ်သူဇာကလဲ ဗိုလ်ကြီးမြင့်လွင်၏ဇနီး ဒေါ်လှမြင့်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အကယ်ဒမီဆုတွေဆွတ်ခူးရရှိထားတဲ့ မင်းသားကြီးခန့်စည်သူကလဲ ဗိုလ်ကြီးမြင့်လွင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

အကယ်ဒမီဆုတွေဆွတ်ခူးရရှိထားတဲ့ မင်းသမီးကြီး မေသဉ္ဇာဦးကလဲ တပ်ကြပ်ကြီးမျိုးအေး၏ဇနီး ဒေါ်အေးလှအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

မင်းသားကြီးမင်းရာဇာကလဲ တပ်ကြပ်ကြီးမျိုးအေးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဉီးရန်ကျော်ကလဲ ဉီးဖေခင်အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။ Official trailer ထဲမှာဆိုရင်တော့ ၁၉၄၉၊ ၁၉၈၈ ခုနှစ်တွေကဖြစ်ပွားခဲ့တဲ့စစ်မြေပြင်ရယ်၊ ၂၀၁၅ ခုနှစ်က လောက်ကိုင်စစ်ပွဲရဲ့အငွေ့အသက်တွေရယ်ကိုကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။ စစ်မြေပြင်ပေါ်ကတပ်သားတွေရဲ့ဘဝကိုသနားဂရုဏာသက်စရာမြင်တွေ့နိုင်မယ့် Legends Of Warriors- တစစ်တမက် ကိုယ်နဲ့သက်ကို ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်ခန်းပုံရိပ်အချို့ကို Bees Myanmar Page ရဲ့ပရိတ်သတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်။
Legends of Warriors- တစစ်တမက် ကိုယ်နဲ့သက်ကို page အား လေးစားစွာဖြင့်credit ပေးပါတယ်ခင်ဗျ။