Mytel Mobile Legends နဲ့ Pubg ပြိုင်ပွဲ International Championship Series 2 - Bees Media Myanmar

Mytel မှဖွဲ့စည်းထားတဲ့ Myanmar Game Hub ( eSport ) အသင်းက ဒုတိယအကြိမ်မြောက် International Championship Series 2 ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့မှ ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

Mytel က Moonton Technologyနဲ့အတူ မြန်မာနိုင်ငံအတွက် တရားဝင်မိတ်ဖက်အနေနဲ့ နေ့စဉ်နှင့်အမျှကျယ်ပြန့်လာတဲ့ eSports ကဏ္ဍ ပိုမိုတိုးတက်စေရန် ရည်ရွယ်ပြီး ဒီပြိုင်ပွဲကို ပံ့ပိုးရခြင်းဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ ၂၀၁၉ ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တဲ့ Bren Esports အသင်း နှင့် Mobile Legend M1 World Championship ကို အနိုင်ရရှိခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံမှ Evos Legend အသင်း အစရှိတဲ့ နာမည်ကျော်အသင်းတွေလည်း ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အုပ်စုပွဲစဉ်များကို ဇူလိုင်လ ၂၀ ရက်နေ့မှစတင်ကာ ဇူလိုင်လ ၂၅ ရက်နေ့အထိ
ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲကို ဇူလိုင်လ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီInternational Championship Series 2 မှာ အနိုင်ရရှိတဲ့ ပြိုင်ပွဲဝင်များကို အမေရိကန်ဒေါ်လာ ၁၅,၀၀၀ ကို ဆုကြေးအဖြစ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။

Leave a Comment