Now & Ever က ရုပ်ရှင်ရဲ့သဒ္ဒါမှားနေတယ်လို့ ဆရာ အောင်ခင်မြင့် ဝေဖန်ပြီ - Bees Media Myanmar

Now & Ever က ရုပ်ရှင်ရဲ့သဒ္ဒါမှားနေတယ်လို့ ဆရာ အောင်ခင်မြင့် ဝေဖန်ပြီ

တလောက ဝသာန်ရုပ်ရှင်ပွဲတော်တို့ ခု memory film festival တို့ သွားချင်ပေမယ့် အလုပ်နဲ့မို့ မရောက်။ ဒီကြားထဲ မိန်းမနဲ့တော့ နိုင်ငံရေးအရ ဇန်ခီတို့ကား သွားကြည့်ရ။ အမှန်က mainstream ကားတွေ ကျွန်တော် သိပ်မကြည့်ဖြစ်။ ဘာရယ်တော့မဟုတ် အားတဲ့အချိန် နည်းတော့ ရသခိုက်မှာ ကိုယ်ကြည့်ချင်တဲ့ ကားမျိုးပဲ ကြည့်ဖြစ်တော့တယ်။ Mudra calling တုန်းကတော့ low budget နဲ့ low keyလေး ရိုက်ထားတော့ မဆိုးဘူးပဲလို့ တွေးမိသေးတယ်။

အခု now and ever ကတော့ သိပ်မဟုတ်သေးဘူး ထင်မိတယ်။ အဓိကကတော့ ရုပ်ရှင်ရဲ့သဒ္ဒါမှားနေတဲ့ ကိစ္စပဲ။ ရုပ်ရှင်က psychosis နဲ့ ကောင်မလေးတစ်ယောက် နဲ့ သူ့ကို ချစ်မိတဲ့ ယောက်ျားတစ်ယောက်ကြားက အချစ်နဲ့ အိမ်ထောင်ရေး။ ကောင်မလေးငယ်ငယ်က သူမွေးနေ့ပွဲလုပ်နေတုန်း သူ့အမေ suicide လုပ်လိုက်တာနဲ့ ရုပ်ရှင်က စထားတယ်။ အဲဒီစိတ်ဒဏ်ရာကြီးကြောင့် ကောင်မလေးက psychosis ရောဂါသည်အဖြစ်ကြီးလာတယ်ပေါ့။

ပြဿနာက ကောင်မလေးရဲ့ inner demons တွေကို ပြတဲ့အခါ လုံးဝ သရဲကားလို horror လို လုပ်ပစ်လိုက်တဲ့ကိစ္စပဲ။ တစ်ဖက်မှာတည်ဆောက်ထားတဲ့ dramatic flow က တစ်ခု၊ ကြားထဲမှာ သရဲခြောက်သလို သွေးတွေ ဘာတွေနဲ့ horrorတွေ။ ဆိုတော့ ရုပ်ရှင်က သဒ္ဒါမှားနေသလို ဖြစ်နေတယ်။

psychosis ရဲ့ demons တွေကို အခုလို ခပ်လွယ်လွယ် သရဲကားပုံမျိုးလုပ်တာကတော့ ပရိသတ်ကို သရဲခြောက်ခံရသလို အရသာမျိုးပေးတာကတော့ မဟုတ်သေးဘူး။ ရုပ်ရှင်မှာ ဒီလို မရိုက်ရဘူးလို့ မရှိပေမယ့် အခုပုံစံကတော့ အလုပ်မဖြစ်။

နောက်တစ်ခုက ဇန်ခီကလည်း တစ်ဖက်မှာ ဦးနှောက်ကင်ဆာဖြစ် အဲဒါကလည်း သပ်သပ်လိုဖြစ်ပြီး narrative နှစ်ခုက အဆင်ပြေပြေ ပေါင်းစည်းသွားတာမျိုး မရှိဘူး။ psychologist နဲ့ psychiatrist မှားတာကတော့ ထားပါတော့လေ။ ဒါလောက်ကတော့ ပြောစရာ မရှိဘူး။ အဓိကကတော့ ကိုယ်ရိုက်မယ့်အကြောင်းအရာအပေါ် နားလည်မှု၊ နောက် ရုပ်ရှင်ရဲ့ grammar နောက် ဒီကားမှာ အလွန် အားနည်းတဲ့ script၊ ဒါတွေကို လုပ်ရအုံးမယ်။

art တွေ ဘာတွေက ခဏထားလိုက်ပါအုံး။ mainstream ထဲမှာကိုပဲ အဆင်ပြေတဲ့ ရုပ်ရှင်မျိုးတော့ ဖြစ်စေချင်တယ်။ တချိန်က ဒါဖတ်ပြီးမှ ရုပ်ရှင်ကြည့်ပါခင်ဗျား ဆိုတဲ့ စိန်ခင်မောင်ရီတို့လို ရုပ်ရှင်ဝေဖန်ရေးတွေ သတိရမိတယ်။ ခုတော့ မြန်မာ့ရုပ်ရှင်ရော ရှိသေးရဲ့လား။ ကိုအောင်မင်းတို့ သည်မော်နိုင်တို့ ခုနောက်ပိုင်း သိဒ္ဓိတို့ ဇော်ဘိုဘိုဟိန်းတို့လို လူငယ်တွေ သူတို့လုပ်နေတဲ့ independent films တွေတော့ မျှော်လင့်စရာရှိတယ်။ ကျွန်တော်တို့ ကြိုက်တဲ့ different cinema ပေါ့။ mainstream အကြောင်းတော့ အမှန်က ဝင်မပြောချင်ပါဘူး။ ခုလည်း ဘာရယ်မဟုတ်။

အောင်ခင်မြင့် ဆိုပြီး ဆရာအောင်ခင်မြင့်က ပြောထားပါတယ်။ ပရိတ်သတ်ကြီးကော ဘယ်လိုထင်လဲဆိုတာ မှတ်ချက်လေးပေးခဲ့ပါဦးနော်။

#N

Leave a Comment