Telenor ကို Happy Birthday လို့ ဆုတောင်းပေးလိုက်တဲ့ Ooredoo - Bees Media Myanmar
Photo Ooredoo Myanmar

Telenor, Ooredoo, MPT နဲ့ MyTel ဆိုပြီး အော်ပရေတာတွေ ပေါများလာတဲ့အချိန်မှာ အော်ပရေတာအချင်းချင်း မိတ်ဆွေ၊ သူငယ်ချင်းလို စိတ်မျိုး ထားပေးနိုင်ဖို့ ဆိုတာ အတော်ကို ခက်ခဲပါတယ်။ Telenor နဲ့ Ooredoo လို့ ပြောလိုက်တာနဲ့ပြိုင်ဘက်တွေလို့ ထင်နေကြတဲ့အချိန်မှာ Ooredoo ရဲ့ အခုလို ဆုတောင်းပေးချက်ကြီးကတော့ အရမ်း သဘောထားပြည့်ဝလွန်းပါတယ်။

Ooredoo Myanmar ရဲ့ တရားဝင် Facebook Page မှာ
၅နှစ်ဆိုတာ မြန်လွန်းပါတယ်။ ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ တယ်လီနောရေလို့ ပုံနဲ့ တကွ ဆုတောင်းပေးထားတာကို အခုလို မြင်နိုင်ပါတယ်။

[Unicode]၅ နှစ်ဆိုတာမြန်လွန်းပါတယ် ❤💙ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ တယ်လီနောရေ 🎉🎉🎉#OoredooMyanmar…

Posted by Ooredoo Myanmar on Friday, September 27, 2019


ဒါဆို သူ့ရဲ့ မဟာပြိုင်ဘက်ကြီး Telenor က ဘယ်လို တုံ့ပြန်မယ် ထင်သလဲ???
Telenor ကလည်း သူ့ရဲ့ မွေးနေ့ကို ဆုတောင်းပေးထားတဲ့ ပုံအောက်မှာ
ကျေးဇူးပါ။ မြန်မာနိုင်ငံအနာဂတ်အတွက် အကောင်းဆုံးတွေကို အတူဖန်တီးကြစို့လို့ ပြန်ပြီး Comment ပေးထားပါသေးတယ်။

ဒီ ပို့စ်ဟာ Facebook အသုံးပြုသူတွေကြားထဲမှာ ရေပန်းစားနေတာမို့ Bees Media ကအခုလို ပြန်လည် မျှဝေပေးလိုက်တာပါ။

Leave a Comment