Super Sunday မှာဇိမ်ကျကျအနားယူနိုင်စေမယ့် အကောင်းဆုံးနည်းလမ်း (၅)သွယ် - Bees Media Myanmar
Portrait of a man from above with headphones and smartphone in bed.

Super Sunday လိုနေ့မျိုးမှာ ဘယ်မှမသွားပဲ အိမ်မှာပဲအပန်း ဖြေနေသူလည်းရှိကြအုန်းမှာပါ။ ဒီနေ့မှာတော့စာရေးသူတို့လို အိမ်တွင်းအောင်းပြီးအနားယူ နေသူတွေအတွက် ဇိမ်လည်းကျစိတ်အပန်းလည်းပြေစေမယ့် နည်းလမ်းလေးတွေကိုမျှဝေပေးချင်ပါတယ်နော်။

ကော်ဖီတစ်ခွက်နဲ့စာဖတ်ပါ

အခုလိုမိုးရာသီမှာအပြင်သွားဖို့ကလည်းအဆင်သိပ်မပြေနိုင်ပါဘူး။ ဘယ်ချိန်ရွှာလို့ရွှာမှန်းမသိတဲ့ စိုစိစိုဖက်ရာသီမှာအိမ်တွင်းအောင်းတာပဲအကောင်းဆုံးပါ။ ဒါပေမယ့် ဒီလိုမိုးအေးတဲ့ရာသီနဲ့ အလိုက်ဖက်ဆုံးကတော့ စာအုပ်လေးတစ်အုပ်နဲ့ ကော်ဖီတစ်ခွက်ပါပဲ။ Super Sunday မှာအလုပ်တွေအားလုံးခဏမေ့ထားပြီး အကောင်းဆုံးစာအုပ်တစ်အုပ်ရယ် ပူပူ နွေးနွေးကော်ဖီလေးတစ်ခွက်ရယ်နဲ့ အပြည့်အဝဇိမ်ခံရင်း အနားယူလိုက်ပါ။ ကော်ဖီမသောက်ချင်လည်း juice ဖျော်ရည်တစ်ခုခုနဲ့ ဇိမ်ကျလို့ရပါသေးတယ်နော်။

ကိုယ်တိုင်ဟင်းချက်စားပါ

ဟင်းချက်ခြင်းကအကောင်းဆုံးစိတ်အပန်းပြေစေတဲ့ နည်းလမ်းတစ်ခုဆိုတာသင်သိပါသ လား။ကျွန်တော်အများစုက ရုံးတက်ရက်တွေမှာဖြစ်သလိုပဲ အပြင်မှာစားခဲ့ရတဲ့ရက်တွေများပါတယ်။ဒါကြောင့် ရုံးပိတ်အားလပ်ရက်လေးမှာတော့ ကိုယ်စားချင်တဲ့ဟင်းလျာလေးတွေကို ကိုယ်တိုင်ချက်ပြုတ်စားသောက်ရင်း ခံတွင်းစည်းစိမ်ခံလိုက်ပါနော်။

သီချင်းဟောင်းလေးတွေနားဆင်ပါ

စိတ်နဲ့သက်ဆိုင်နဲ့ ကျန်းမာရေးပညာရှင်တွေကိုယ်တိုင်က စိတ်အပန်းပြေဖို့အကောင်းဆုံးအရာတွေထဲမှာသီချင်းနားထောင်ခြင်းကထိပ်ဆုံးကပါဝင်တယ်လို့ ဆိုထားပါတယ်။အခုလိုရာသီဥတုက တစ်ခေတ်တစ်ခါရေပန်းစားကျော်ကြား ခဲ့တဲ့သီချင်းဟောင်းသီးချင်းကောင်းလေးတွေပြန်လည်နာဆင်ဖို့အကောင်းဆုံးအချိန်ပါပဲ။ဒါကြောင့်သီချင်းလေးတွေနားဆင်ခံစားရင်း ပိတ်ရက်ကိုဇိမ်ကျကျဖြတ်သန်းပါ။

ရေနွေးနဲ့ ရေချိုးပါ

ပိုက်ဆံအကုန်ကျခံပြီး ရေပူစမ်းတွေ ရေပူစိမ်တဲ့ကန်တွေသွားစရာမလိုပါဘူး။ အိမ်မှာပဲ ရေနွေးအိုးတည်ပြီး ကြက်သီးနွေးခန့် ခပ်နွေးနွေးရေနဲ့ ရေချိုးလို့ရပါတယ်။ ရေနွေးနဲ့ ရေချိုးခြင်းက ခန္ဓာကိုယ်ကအကြောအချဉ်တွေပြေလျော့စေပြီး အကောင်းဆုံးစိတ်လန်းဆန်းတက်ကြွမှုကိုပေးစွမ်းနိုင်တာကြောင့် ကိုယ့်ရဲ့ အားလပ်ရက်လေးမှာ ရေနွေးနဲ့ ရေချိုးဖို့လည်းလုံးဝမမေ့ပါနဲ့နော်။

နှစ်ခြိုက်စွာအိပ်ပေးပါ

ရုံးတက်ရက်တွေမှာ အိပ်ရေးမဝတဲ့ရက်က တစ်ပတ်ကို အနည်းဆုံး ၅ရက်ပါပဲ။ ရုံးတက်ရက်တိုင်းလိုလိုကိုကအိပ်ရေးမဝ ဖြစ်နေတာပါ။ ဒါကြောင့်အခုလိုအေးအေးဆေးဆေးအနားယူလို့ရမယ့် ရုံးပိတ်ရက်လေးမှာ အိပ်ရေးဝဝအိပ်စက်အနားယူပါ။ နေ့ခင်းနေ့လည်လည်းတစ်ရေးတစ်မောအိပ်စက်အနားယူပါ။ Week Days တွေမှာပင်ပန်းခဲ့သမျှ အိပ်ရေးမဝခဲ့သမျှကို အတိုးချပြီးသာ ကောင်းကောင်းအိပ်ပစ်လိုက်ပါ။

Leave a Comment