THE MODEL ACADEMY ရဲ့ WINNER ဆုကြီးကို ထိုက်ထိုက်တန်တန်ရရှိသွားတဲ့ ငြိမ်းချမ်း - Bees Media Myanmar

အခုရက်ပိုင်းမှာတော့ ရုပ်သံလိုင်းတွေကထုတ်လွှင့်တဲ့ရင်ခုန်စရာ ပြိုင်ပွဲတွေကတော့တစ်ခုပြီးတစ်ခုလို့ဆိုရမှာပါ။The Model Academy ပြိုင်ပွဲဟာ ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်ခံရတဲ့ တီဗီရှိုးတစ်ခုလည်းဖြစ်ပါတယ်။ဝေဖန်မှုခံခဲ့ရတဲ့အခါတွေရှိသလို ငြင်းခုံစရာဖြစ်လောက်အောင်စိတ်ဝင်စားစရာကောင်းတဲ့အစီအစဉ်ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့အလားအလာရှိမော်ဒယ်လ်အသစ်တွေကိုမွေးထုတ်ပေတဲ့ အစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ အခုအချိန်မှာဆိုရင် The Model Academy ပြိုင်ပွဲကျင်းပလာခဲ့တာ season -3 အထိရောက်နေခဲ့ပါပြီ။

ဒီပွဲမှာပါဝင်ဖို့ရာလူပေါင်းများစွာထဲကမှ ပြိုင်ပွဲဝင်(၁၂)ယောက်ကို ရွေးထုတ်ပြီး Challenge အဆင့်ဆင့်ကို ဖြတ်သန်းစေကာ နောက်ဆုံးမှာ အရည်အချင်းပြည့်ဝတဲ့ Winner ဖစ်သင့်သူတစ်ယောက်ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲတစ်လျှောက် ဒီးက လျှောက်လမ်းပေါ်မှာ အခက်ခဲအနည်းငယ်ဖြစ်ခဲ့ပေမယ့်လည်း ငြိမ်းချမ်းကတော့ အခက်ခဲမရှိ ယှဉ်ပြိုင်နိုင်ခဲ့တာကို တွေ့ရမှာပါ။

ငြိမ်းချမ်းကိုအားပေးကြတဲ့ We Love Fan တွေလည်းအများကြီးဖြစ်လို့ ငြိမ်းချမ်းတစ်ယောက် အားတက်နေမှာတော့ အသေချာပါပဲ ။ ငြိမ်းချမ်းဟာ ပြိုင်ပွဲဝင်ကာလ တစ်လျှောက်လုံးအရမ်းကိုကြိုးစားခဲ့သလို သူ့ရဲ့ဘော်ဒီကိုလည်း ဒိုင်တွေ အံ့သြသွားရလောက်အောင် လုံးဝပြောင်းလဲနိုင်ခဲ့တဲ့အတွက် Winner ဆုကြီးကိုထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တယ်လို့ထင်ပါတယ် ။

ငြိမ်းချမ်းတစ်ယောက်ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းမှာ အောင်မြင်မှုတွေရပြီး မိဘကို အလုပ်ကျွေးပြုနိုင်တဲ့ သားလေးဖြစ်ပါစေလို့လည်း ဆုမွန်ကောင်းတွေတောင်းပေးလိုက်ပါတယ်နော်

Leave a Comment